May 15, 2025
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် Operation Room ၉၅ လုံး တင်ဆောင်လာသည့် MTT Sapangar သင်္ဘောသည် မေ ၁၂ ရက် ညနေ ၆ နာရီခွဲနှင့် Modular(prefabricated) house ၁၈၀၄ လုံး တင်ဆောင်လာသည့် SOUTHERN VENTURE သင်္ဘောသည် မေ ၁၃ ရက် ညနေ ၆ နာရီ ၃၈ မိနစ်တို့တွင် သီလဝါ (MITT) ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိခဲ့သည်။
Apr 22, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အဆောက်အအုံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများ၊ မြေငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးရုံးတို့မှ ဝန်ထမ်းမိသားစုများအတွက် ယာယီပြောင်းရွှေ့ နေရာချထားပေးမှု အခြေအနေများအား ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက် ညနေပိုင်းတွင်လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Apr 22, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးတို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးအနီး ထိန်းသိမ်းဧရိယာ၌ ငလျင်ဒဏ်သင့်ဝန်ထမ်း အိမ်ထောင်သည် ၁၀၈ ဦးနှင့် ယင်းတို့၏ မိသားစုဝင် ၁၅၂ ဦး၊ လူပျို/အပျို ၇၂ ဦး စုစုပေါင်းဝန်ထမ်း ၁၈၀ တို့ ယာယီနေထိုင်ရန် ယာယီဘာရှာ အဆောက်အအုံများ ဆောက်လုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Apr 22, 2025
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့်ခဲ့သည့် ပျက်စီးမှုအနည်းငယ်ရှိသော အပြာရောင်အဆင့်ရှိ တိုက်အမှတ် ၁၁၁၂၊ တိုက်အမှတ် ၂၃၁၀၄၊ တိုက်အမှတ် ၃၃၁၁၃ တို့သို့သွားရောက်၍ အပေါ်ယံအင်္ဂတေ ကွာကျမှုအခြေအနေများ၊ အသေးစားပြန်လည် ပြင်ဆင်ရန်လိုအပ်မှုအခြေအနေများ၊ လျှပ်စစ်မီးရရှိမှု၊ ရေရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုင်စင်ရအင်ဂျင်နီယာဖြင့် စနစ်တကျစစ်ဆေးပြုပြင်မှုများ အမြန်ဆောင်ရွက်ရန်၊ လျှပ်စစ်မီးမရရှိသေးသည့် တိုက်အမှတ် ၂၃၁၀၄ တွင် လျှပ်စစ်မီးရရှိရေး၊ ရေမရရှိသေးသည့်တိုက်များသို့ ရေကားများဖြင့် ရေဖြန့်ဝေပေးရေးတို့ကို အမြန်စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
Apr 22, 2025
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် အလျင်အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းနှင့် ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဖိတ်ခေါ်လမ်းဖွင့်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ငလျင်ဒဏ်သင့်ပြည်သူများထံ နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မတ် ၂၉ ရက် ညပိုင်းမှ စတင်၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်သီလဝါ ဆိပ်ကမ်းတို့သို့ ရောက်ရှိလာခဲ့သည်။
Apr 22, 2025
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် တောင်ဖီလာဒေသတွင် တည်ရှိသည့် Max Cement တောင်ဖီလာဘိလပ် မြေစက်ရုံက ငလျင်ဘေးသင့်ခဲ့သော ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ငလျင်ဘေးသင့်ဒေသများ အမြန်ဆုံး ပြည်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် တစ်နေ့လျှင် ဘိလပ်မြေတန် ၁၅၀၀ မှ တန် ၁၈၀၀ အထိ ပုံမှန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Apr 21, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ရုံးအမှတ် (၁၉) ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသားလမ်းနှင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Apr 21, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနရုံး မြေဧရိယာအတွင်း၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများ နေထိုင်ရန်အတွက် ယာယီတဲများ ဆောက်လုပ်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 21, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။