Skip to main content

Dec 14, 2023

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာရှိတောင်ကြီးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ပြည်နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 14, 2023

ဒီနေ့မနက် ၆ နာရီ ၁၅ မိနစ်အချိန်လောက်မှာ KNLA ၊ PDF အကြမ်း ဖက်သောင်းကျန်းသူတွေက မြဝတီမြို့နယ် သင်္ဃန်းညီနောင်မှာရှိတဲ့ 230 KV ဓာတ်အားခွဲရုံကို Drop Bomb နဲ့ ပစ်ချတိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ဓာတ်အားခွဲရုံမှာရှိတဲ့ ဓာတ်အားခွဲရုံသုံးပစ္စည်းတွေ၊ အဆောက်အအုံတွေ ပျက်စီးခဲ့တာရှိပါတယ်။ အဲဒါကြောင့် သင်္ကန်း ညီနောင်-မြဝတီဘက်မှာတော့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက် လျက်ရှိပါတယ်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ရေလှောင်တမံ၏ ဆည်ရေဝင်ရောက်မှုနှင့် ရာသီအလိုက် စိုက်ပျိုးရေပေးဝေမှုကို ကြည့်ရှုစစ်ဆေးပြီး ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိစေရေး၊ သီးနှံအလိုက် ရေလိုအပ်ချက်ပေါ်မူတည်၍ စိုက်ပျိုးရေစီမံခန့်ခွဲအသုံးပြုနိုင်ရေးနှင့် အသုံးပြုပြီးပိုလျှံရေများကို ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများဖြင့် ပြန်လည်အသုံးပြုနိုင်ရေး၊ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော ရေအသုံးချသူများအဖွဲ့ (WUG) တိုးချဲ့ဖွဲ့စည်းပြီး ဆည်ရေကို ညီညွတ်မျှတအကျိုးရှိစွာ ရယူအသုံးပြုနိုင်ရေး ဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ကိုရီးယားသမ္မတနိုင်ငံ ကိုရီးယား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာ Sang Kyung Chan (Venerable MOKTAK) အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်) ရုံးခွဲ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာသို့ သွားရောက်ပြီး အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းက ဆောင်ရွက်နေသော နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ် နေမှုကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက အသင်းအနေဖြင့် နှမ်းရိုးအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်ရာတွင် အကျိုးအမြတ်ကို အဓိကမထားဘဲ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ အရောက်သွားပြီး တောင်သူပိုင် နှမ်းရိုးများ၊ နွားချေး၊ ဖွဲကြမ်း၊ ဖွဲနုတို့ကို အသုံးပြုပြီး တင်လဲရည်၊ EM ဖျော်ရည်များဖြင့် သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) ရှိ လမ်းအသုံးပြုခ ကောက်ခံသည့် တိုးလ်ဂိတ်များဖြစ်သော ပန်းတင်မီနီတိုးလ်ဂိတ်၊ သီးကုန်းတိုးလ်ဂိတ်၊ သီးကုန်းမီနီတိုးလ်ဂိတ်နှင့် မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦးလမ်းပိုင်းပေါ်ရှိ မြတ်နိုးသူကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ဂိတ်များကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုးလ်ဂိတ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 11, 2023

ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ လားရှိုးမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ယာယီနေရပ်စွန့်ခွာပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အောက်တိုဘာ လ ၂၇ ရက်နေ့ကနေစပြီး MNDAA ၊ TNLA ၊ AA နဲ့ PDF အကြမ်းဖက်သောင်းကျန်းသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာရှိတဲ့ မြို့ရွာတွေကို တိုက်ခိုက်ခဲ့တာတွေ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင် လမ်း၊  တံတားတွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာတွေ၊ မူဆယ် (၁၀၅) မိုင်မှာ ကားဝင်းကို တိုက်ခိုက်ခဲ့ပြီး ကျွန်တော်တို့ပြည်သူလူထုပိုင်ဆိုင်တဲ့ယာဉ်များ မီးလောင်ပျက်စီးခဲ့ရတာတွေရှိပါတယ်။ လားရှိုးမြို့အနီးတစ်ဝိုက်နဲ့ သိန္နီမြို့က အိမ်ထောင်စု ၁၄၂၈ စု၊ လူဦးရေ ၅၀၀၀ ခန့် ယာယီနေရပ်စွန့်ခွာပြုလုပ်နေရပါတယ်။ အဲဒီမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ခရစ်ယာန်ဘာသာရေးကျောင်းတွေ၊ ရုံးတွေ၊ အဆောက်အဦတွေမှာ ယာယီနေရပ်စွန့်ခွာအဖြစ် နေထိုင်နေရတာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေနဲ့ ငွေကျပ် သိန်းငါးထောင် လှူဒါန်းခဲ့ပါတယ်။ အဝတ်အထည်တွေ၊ ဆန်တွေ၊ စားသောက်ဖွယ်ရာတွေ၊ လှူဖွယ်ရာတွေ ကျွန်တော်တို့လှူဒါန်းခဲ့ပါတယ်။ ဒီနေရပ်စွန့်ခွာတိုင်းရင်းသားပြည်သူများကို ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့ပါတယ်။ မိမိဒေသကို ပြန်လည်ရောက်ရှိချိန်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုပူးပေါင်းပြီး ဆောင်ရွက်ကြဖို့လည်း ပြောကြားခဲ့ပါတယ်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 10, 2023

နိုင်ငံတစ်ဝန်း၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးကောင်း မျိုးသန့် မျိုးစေ့များဖူလုံစွာသုံးစွဲနိုင်ရေးအတွက် မျိုးစေ့ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အားပေးကူညီလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြန်မာနယူးဧရာ ကုမ္ပဏီလီမိတက်၏ မျိုးစေ့သန့်စင်စက်ရုံ၏ မျိုးစေ့သန့်စင်ခြင်းလုပ်ငန်းနှင့် သီးနှံအခြောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြပြီး မျိုးစေ့ထုတ်လုပ်ငန်းတွင် ပုဂ္ဂလိကနှင့် တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး၊ ပြည်တွင်းမျိုးစေ့လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် မျိုးစေ့တင်ပို့နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ၏ ကြိုးပမ်းစွမ်းဆောင်မှု မြှင့်တင်နိုင်ရေးအခွင့်အလမ်းများကို တာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 10, 2023

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ လယ်ဝေးမြို့နယ်စီမံကိန်းဦးစီးရုံးနှင့် ဒက္ခိဏသီရိ မြို့နယ်စီမံကိန်းဦးစီးရုံးများကို သွားရောက်စစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 10, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများအတွက် အရေးပါသော ရေချိုအရင်းအမြစ်များ ဖူလုံစွာသုံးစွဲနိုင်ရန် နိုင်ငံတစ်ဝန်းတွင် တည်ဆောက်အသုံးပြုလျက်ရှိသည့် ဆည်တာတမံများ၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်စေရန်၊ ဆည်မြောင်း တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 10, 2023

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်၊ TVET Teacher Training Colleague ၊ TTTC (ဘယ်လင်း) စတုတ္ထအကြိမ်မြောက် ဆရာ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုနှင့် တီထွင်ဆန်းသစ်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၆ ရက်တွင်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ကျွမ်းကျင်နည်းပညာရှင်များကို အရည်အသွေးပြည့်မီစွာမွေးထုတ်နိုင်ရန် ဆရာ ဆရာမများ၏ စွမ်းရည်ကို အစဉ်မြှင့်တင်ရေး ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 10, 2023

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ကြက်တောင်၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ တတိယနေရာနှင့် ဗိုလ်လုပွဲပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ Indoor Stadium (C)နှင့် (B)အားကစားရုံများ၊ သက်ဆိုင်ရာအားကစားနည်းအလိုက် သတ်မှတ်ထားသည့် ကွင်းရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 10, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန အခြားနှံစားသီးနှံဌာနစု မျိုးစေ့ဘဏ်တွင် စုဆောင်းထိန်းသိမ်းထားရှိသော ဆပ်သီးနှံ ၁၃၆ မျိုး၏ မျိုးအရည်အချင်းလက္ခဏာများ မှတ်တမ်းကောက်ယူခြင်းနှင့် မျိုးသန့်ပွားများခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 09, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတက်ရောက်၊ ပြည်ဖျက်မီဒီယာများမှ ကောလာဟလ သတင်းတု၊ သတင်းမှားများအား မိနစ်နှင့်အမျှ ထုတ်လွှင့်နေမှုအခြေအနေများ၊ ၈-၁၂-၂ဝ၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်း၊ တာမိုးညဲနှင့် ရခိုင်ပြည်နယ် နုံးဘူးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 09, 2023

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ၏ နည်းပညာအထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့သည့် မန္တလေးမြို့ရှိ မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology - MIIT) သို့ရောက်ရှိခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိသော ကျောင်းသား ကျောင်းသူ များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ တိုင်းကျိုးပြည်ပြု အိုင်တီနည်းပညာရှင်များ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 06, 2023

ရုရှားနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်တို့အား ရုရှားသမ္မတမှ ပေးအပ်ချီးမြှင့်သည့်ဘွဲ့တံဆိပ်များနှင့် မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးချက်များ၊ မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအားတရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေ၊ ၅-၁၂-၂၀၂၃ ရက်နေ့ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းတိုက်နယ်ဖြစ်စဉ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 05, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit –CPU) ၏ တည်မြဲလုပ်ထုံးလုပ်နည်းများ (SOP) ရေးဆွဲရေးနှင့် စပ်လျဉ်းသော ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ (CPU) အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 05, 2023

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံနှင့် လက်ပံပြားတိုက်နယ်ဆေးရုံတို့သို့ ရောက်ရှိပြီး လူနာများအား အားပေးစကားပြောကြားကာ စမ်းသပ်ကြည့်ရှု၍ ဆေးကုသမှုဆိုင်ရာ အကြံပြုပြီး ဆေးရုံအတွင်း၊ အပြင် လှည့်လည်ကြည့်ရှုကာ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ တိုက်နယ်ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 05, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပန္နရသမအကြိမ် (၁၅) ကြိမ်မြောက် ဗုဒ္ဓဂယာမဟာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဂယာမြို့ ဗုဒ္ဓဂယာ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် ဗုဒ္ဓဂယာဘုရားဖူးခရီးသည်များ တက်ရောက်ကြပြီး ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 05, 2023

သူရဲကောင်းစစ်သည်များအတွက် ဒသမအကြိမ်မြောက် (၁၀) ကြိမ်မြောက်ပေါ့ အောက်မေ့ဖွယ် ဂါရဝပြုအလေးပြုခြင်းအခမ်းအနားကို မနေ့က နေပြည်တော် သူရဲကောင်းစစ်သည်များဗိမာန်မှာ ပြုလုပ်ခဲ့တယ်။ နိုင်ငံတော်နဲ့ တပ်မတော်ကို ချစ်မြတ်နိုးတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ စစ်မှုထမ်းဟောင်းတွေ အင်အားများပြားစွာ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်ခဲ့တဲ့သူတွေအနေနဲ့ နိုင်ငံတော်ရဲ့တည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက်ကာကွယ်ပေးနေတဲ့ တပ်မတော်နဲ့ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တပ်မတော်ကို ကိုယ်ရောစိတ်ပါ အားပေးထောက်ခံမှုပြုတာတွေ၊ လိုအပ်လာရင် သူတို့ကိုယ်တိုင် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်မယ်ဆိုတဲ့ ဆန္ဒပြုချက်တွေ၊ ပြီးရင် တပ်မတော်ဆေးရုံတွေနဲ့ တပ်မတော်နဲ့သက်ဆိုင်တဲ့နေရာတွေမှာ သွားရောက်အမှုထမ်းတာတွေကို စိတ်အားတက်ကြွဖွယ် မြင်ကွင်းအဖြစ် ကျွန်တော်တို့မြင်ခဲ့ရပါတယ်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်