Mar 08, 2025
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ရှိ သမ္မတနန်းတော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko တို့ တက်ရောက်ဆွေးနွေးကြသည်။
Mar 08, 2025
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် မင့်စ်မြို့ရှိ အမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးသည်။
Mar 08, 2025
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံသမ္မတက သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
Mar 07, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘီလာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးဆက်လက်သွားရောက်ရန်အတွက် စိန့်ပီတာစဘတ်မြို့ရှိ Pulikovo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Mar 07, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန်နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Piskaryovskoye Memorial Cemetery ၌ လွမ်းသူ့ပန်းခွေချ အလေးပြုသည်။
Mar 07, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအား ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
Mar 06, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန္ဒားဘယ်ဂ်လော့နှင့် မတ်လ ၅ ရက်နေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့၊ အစိုးရဧည့်ဂေဟာ K2 ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Mar 06, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲ အခမ်းအနားကို မတ်လ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ်အစိုးရဧည့်ဂေဟာ K2 ၌ ကျင်းပပြုလုပ်ရာ ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။
Mar 06, 2025
ရုရှားနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Mar 06, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Radisson Collection ဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
Mar 06, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် Myanmar Airways International (MAI)၊ Roscongress Foundation၊ Fund RC-Investments၊ Russia-ASEAN Business Council နှင့် Russia - Myanmar Business Council တို့ ပူးပေါင်းကျင်းပသည့် ရုရှား - မြန်မာ စီးပွားရေးဖိုရမ်အား ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် မော်စကိုမြို့ Radisson Collection ဟိုတယ်ရှိ Business Hall ၌ ကျင်းပပြုလုပ်သည်။
Mar 06, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Mar 05, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများအား ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
Mar 05, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၄ ရက်၊ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားအရာရှိများအား မော်စကိုမြို့ရှိ Radisson Collection ဟိုတယ် Conference Hall ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Mar 05, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၄ ရက်နေ့ညပိုင်းတွင် ရုရှား-အာဆီယံစီးပွားရေးကော်မရှင်ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်သည့်အဖွဲ့အား မော်စကိုမြို့၊ Radisson Collection ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 05, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံကို အလည်အပတ်ခရီးလာရောက်တဲ့အတွက် ကြိုဆိုပါတယ်။ နှစ်နိုင်ငံအကြားမှာ စိတ်ချယုံကြည်ရတဲ့ ဆက်ဆံရေးလည်းရှိပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုကို အဓိကထားဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လွန်ခဲ့တဲ့နှစ်တွေကတည်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်ကစပြီး ဆိုဗီယက်ပြည်ထောင်စုကနိုင်ငံများအနက် ရုရှားနိုင်ငံက မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကို ပထမဆုံးအသိအမှတ်ပြုခဲ့ပါတယ်။ နောင်ဆိုဗီယက်ပြည်ထောင်စုက မြန်မာနိုင်ငံကို အကူအညီတွေပေးခဲ့ပါတယ်။ ပြီးတော့ ပညာရှင်များကိုလည်း ကူညီပေးခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ကျန်းမာရေးနယ်ပယ်၌ အရေးကြီးတဲ့စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း ရုရှားနိုင်ငံက မြန်မာနိုင်ငံကို အားပေးကူညီလျက်ရှိပြီး မြန်မာစက်မှုစီးပွားရေး အခန်းကဏ္ဍမှာလည်း အကူအညီပေးပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းရေးအခြေအနေကိစ္စရပ်များ ကောင်းမွန်စေဖို့အတွက်ကိုလည်း ထောက်ခံအားပေးနေပြီးတော့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ပြောင်းလဲအတည်ပြုခဲ့ပါတယ်။ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုမှာ ကျွန်တော်တို့ ဆတက်ထမ်းပိုးဖွံ့ဖြိုးတိုးတက်စေဖို့ပါရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က ကျွန်တော်တို့ နှစ်နိုင်ငံကုန်သွယ်ရေးပမာဏ ၄၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ခဲ့ပြီး ယခင်က သန်း ၂၀၀၀ ခန့် ရှိပါတယ်။ ကျွန်တော်တို့ အပြန်အလှန်ကုန်သွယ်ရေးကို တိုးတက်စေဖို့ အဆင်သင့်ရှိပါတယ်။ ချေးငွေနဲ့ဘဏ္ဍာရေးနယ်ပယ်မှာလည်း ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
Mar 04, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံဆွေးနွေးသည်။
Mar 04, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန်မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် ရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်၌ တွေ့ဆုံဆွေးနွေးသည်။
Mar 04, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် ရုရှားအစိုးရအဖွဲ့ အိမ်တော်အစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးသည်။
Mar 04, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu အား ၎င်း၏အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံဆွေးနွေးသည်။
