အလုပ်သမားများအား ကူညီကယ်တင်ထောက်ပံ့လျက်ရှိသော လူမှုဖူလုံရေးအဖွဲ့ (သို့မဟုတ်) မဏိမေခလာနတ်သမီး
မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၁၉၅၆ ခုနှစ်မှစတင်၍ နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဖွဲ့စည်းထားသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဖြင့် လူမှုဖူလုံရေးစီမံကိန်းလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဖူလုံရေးစီမံကိန်းသည် အာမခံအလုပ်သမားများ၏ မကျန်းမာမှု၊ မီးဖွားမှု၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုတို့ကြောင့် လုပ်ခဝင်ငွေ လျော့နည်း ခြင်း၊ ရပ်စဲခြင်းများ ဖြစ်ပေါ်သည့်အခါ အလုပ်သမားနှင့် ၎င်းအပေါ်မှီခိုနေသော မိသားစုဝင်တို့၏ စီးပွားရေး၊ လူမှုဒုက္ခများခံစားရခြင်းမှ ကာကွယ်ပေးရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
တည်ဆဲလူမှုဖူလုံရေးဥပဒေနှင့်အညီ လူမှုဖူလုံရေး အာမခံစနစ်အရ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ထည့်ဝင်ကြေးမှ စုဆောင်းရရှိသည့် လူမှုဖူလုံရေးရန်ပုံငွေဖြင့် အကျုံးဝင်အာမခံ အလုပ်သမားတို့အတွက် လူမှုဖူလုံရေးအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံ ရေးဥပဒေပါလူမှုဖူလုံရေးအာမခံစနစ် ခြောက်မျိုးအနက် လက်ရှိကျင့်သုံး နေသည့် အာမခံစနစ် နှစ်မျိုးဖြစ်သည့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယင်းအာမခံစနစ် နှစ်မျိုးအတွက် အလုပ်သမားလုပ်ခလစာ၏ ၃ ရာခိုင်နှုန်းကို အလုပ်ရှင်မှလည်းကောင်း၊ ၂ ရာခိုင်နှုန်းကို အလုပ်သမားမှ လည်းကောင်းရန်ပုံငွေသို့ထည့်ဝင်၍ အာမခံအလုပ်သမားတို့အတွက် ငွေကြေးထောက်ပံ့ မှုပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်လူမှုဖူလုံရေးရုံး ၁၄ ရုံး၊ ခရိုင်ရုံး လေးရုံး၊ မြို့နယ်ရုံး ၇၈ ရုံး၊ အလုပ်သမားဆေးရုံကြီး သုံးရုံ၊ မြို့နယ်ဆေးခန်း ၉၆ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်း၊ အလုပ်ဌာနကြီးဆေးခန်း ၅၇ ခန်း၊ ရွှေ့လျားဆေးကုသယာဉ် (MMU) သုံးစီးတို့ အပြင် နိုင်ငံတကာ၌ ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များအပေါ် လေ့လာ၍ ကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်သည့် နေရာများနှင့် နယ်ပယ်တို့၌ ထိရောက်လျင်မြန် စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုရယူသူတို့ အကြား ခွဲခါးဆောင်ရွက်သည့် Provider-Purchaser Split System အရပုဂ္ဂလိကကဏ္ဍရှိ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ Fee for Service Paymentဖြင့် ဆောင်ရွက်သည့် ဆေးခန်း ၁၀ ခန်း၊ Capitation Payment ဖြင့် ဆောင်ရွက်သည့်ဆေးခန်း ကိုးခန်းတို့ဖြင့် အကျုံးဝင် အာမခံအလုပ် သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါ သည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ လူမှုဖူလုံရေး စီမံကိန်း အကျုံးဝင်မြို့နယ် ၁၁၆မြို့နယ်၌ အကျုံးဝင်အာမခံ အလုပ်သမားပေါင်း ၁,၀၅၁,၄၇၁ ဦးနှင့် အကျုံးဝင် အလုပ်ဌာန ပေါင်း ၃၃,၆၃၀ ဌာနရှိပါသည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ လက်ရှိဆောင်ရွက်နေသည့် အာမခံစနစ် နှစ်မျိုးပါ ဆေးကုသမှုခံယူခွင့်၊ မကျန်းမာမှု၊ မီးဖွားမှု၊ အမျိုးသမီးမီးဖွားစရိတ်၊ ကိုယ်ဝန်ပျက်မှု၊ တစ်နှစ် အောက်ကလေးမွေးစားမှု၊ ဖခင်ဘဝဖြစ်မှု၊ ဖခင်ဘဝဖြစ်မှုအတွက် မီးဖွားစရိတ်၊ မွေးကင်းစ ကလေး ဆေးကုသမှု ခံယူခွင့်၊ နာရေးစရိတ်၊ ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှု၊ ကျန်ရစ်သူ အကျိုးခံစားခွင့်၊ ဆေးကုသမှု ဆက်လက်ခံယူခွင့်၊ ဆေးရုံတက်ခရီးစရိတ်စသည့် အကျိုးခံစားခွင့် အမျိုးအစား ( ၁၅ နှင့် ကိုဗစ်-၁၉ ကာလအတွင်း ခွင့်ပြုထုတ်ပေးသည့် လူမှုဖူလုံရေးထောက်ပံ့ ကူညီမှု ၄၀ ရာခိုင်နှုန်းတို့ကို ခွင့်ပြုထုတ်ပေးလျက်ရှိရာ ၄/၂၀၁၄ လမှ ၁၁/၂၀၂၁ လအထိ အာမခံအလုပ် သမားများအတွက် ငွေကြေး အကျိုးခံစားခွင့် စုစုပေါင်း ငွေကျပ်သန်း ၁၅၈,၈၂၉ ဒသမ ၂၁၃ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ဆေးခန်းများ တွင် ၄/၂၀၁၄ လမှ ၁၁/၂၀၂၁ လအတွင်း အတွင်း လူနာ ၅၂,၂၈၆ ဦးနှင့် ပြင်ပလူနာ ၆,၁၈၄,၉၅၃ ဦး စုစုပေါင်း ၆,၂၃၇.၂၃၉ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပို့ကုသစေပြီး ဆေးဖိုးကုန်ကျငွေများကို ဆေးဖိုးပြန်အမ်းခြင်း လုပ်ငန်းစဉ် အရခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။
အဆိုပါ ကာလအတွင်း အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးဝါးဝယ်ယူမှုအတွက်ငွေကျပ်သန်း ၄၄,၉၂၆.၀၂၀ နှင့် အခြားကျန်းမာရေး အသုံးစရိတ်အတွက် ငွေကျပ်သန်း ၁၃,၂၂၈ဒသမ၀၅၇ စုစုပေါင်းငွေကျပ် သန်း ၅၈,၁၅၄ ဒသမ ၀၇၇ အား သုံးစွဲခဲ့ပါသည်။
အသိပညာပေးလုပ်ငန်းများအနေဖြင့် ခေတ်မီ ICT နည်းပညာနှင့် Digital Platform များအသုံး ပြု၍ လူမှုဖူလုံရေး စီမံကိန်းအကြောင်းနှင့် လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု သတင်းအချက် အလက်များအား အလုပ်သမားဝန်ကြီးဌာန၏ website (www.mol.gov.mm) လူမှုဖူလုံရေးအဖွဲ့၏ (www.ssb.gov.mm), Facebook se SSB Mobile Appတို့မှတစ်ဆင့် အသိပညာပေးခြင်း၊ ဝန်ဆောင်မှုပေးချင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဖူလုံရေးရုံးခွဲ များနှင့် ဆေးခန်းများရှိ တာဝန်ခံများမှ လုပ်ငန်းဌာနများအရောက် ကွင်းဆင်း၍လည်းကောင်း၊ လက်ကမ်းစာစောင်များ၊ပိုစတာများ ဖြန့်ဖြူး၍လည်းကောင်း အလုပ်ရှင်၊ အလုပ်သမားများအား အသိပညာပေးမှုများ ဆောင်ရွက်ပေးလျက် ရှိပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုတွင် လူမှုကာကွယ် စောင့်ရှောက်ပေးမှု
ကိုဗစ်-၁၉ကာလအတွင်း ငွေကြေးထောက်ပံ့မှု နှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယာယီပိတ်ထားသည့် စက်ရုံ၊ အလုပ်ရုံများရှိ အာမခံအလုပ်သမားများ အား ၎င်းတို့ပေးသွင်းထားသည့် လုပ်ခလစာ၏ ၄၀ ရာခိုင် နှုန်းကို လူမှုဖူလုံရေးထောက်ပံ့ငွေ အဖြစ် ခွင့်ပြုထုတ်ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လုပ်ငန်းခွင်သို့ မလာရောက်နိုင်သည့် နေ့ရက်များအတွက် ဆေးခွင့်သတ်မှတ်၍ လည်းကောင်း၊ Quarantine ဝင်ရောက်ရသည့် အာမခံသမားများအားဆေးခွင့်သတ်မှတ်၍လည်းကောင်း ငွေကြေးအကျိုးခံစားခွင့်အား လုပ်ခ လစာ၏ ၆၀ ရာခိုင်နှုန်းကို မကျန်းမာမှု အကျိုးခံစားခွင့်အဖြစ် ခွင့်ပြုခြင်းများကို ဆောင်ရွက်ပေး လျက်ရှိရာ လူမှုဖူလုံရေးရန်ပုံငွေမှ လူမှုဖူလုံရေး ထောက်ပံ့ငွေ ငွေကျပ်သန်း ၇၀,၆၄၁ ဒသမ ၉၆၃ ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းအဖြစ် ငွေကျပ်သန်း ၈၅၈ ဒသမ ၇၅၉ အား ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပါသည်။
အလုပ်သမားဆေးရုံကြီးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသနိုင်ရေးအတွက် လည်း အထူးကုဆရာဝန်များပါဝင်သည့် Local Clinical Management Committee ဖွဲ့စည်းတာဝန်ပေးအပ်၍ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ အလုပ်သ မားဆေးရုံကြီး သုံးရုံတွင် ကိုဗစ်-၁၉ သံသယလူနာများ၊ အတည်ပြုလူနာ များကို လက်ခံကုသ နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ၄-ခုတင်ဆံ့ (HDU/ICU) နှင့် ၁၆-ခုတင်ဆံ့ (Isolation Room) များကိုထားရှိဆောင်ရွက်ပေးခြင်း၊ သတ်မှတ်ထားသော ကိုဗစ်-၁၉ Centre များသို့ ညွှန်းပို့ကုသစေခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိရာ ထန်းတပင်အလုပ်သမားဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြု အာမခံအလုပ်သမား လူနာများကို လက်ခံထားရှိကုသနိုင်ရေး ထပ်မံတိုးချဲ့ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အပြင် အောက်ဆီ ဂျင် ပြတ်လပ်မှုမရှိစေရေး ဖြန့်ဖြူးဆောင်ရွက် ပေးလျက်ရှိပါသည်။
ထို့အပြင် အရေးပေါ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား မသမာသူများ၏ မီးရှို့မှုကြောင့် ယာယီပိတ်သိမ်းထားသည့် လူမှုဖူလုံရေးအကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်လက်မဲ့ဖြစ်သွားသော အာမခံအလုပ်သမားများ အား၎င်းတို့ ပေးသွင်းထားသည့်လုပ်ခလစာ၏၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးထောက်ပံ့ငွေအဖြစ် အလုပ်ဌာန ၂၂ ဌာနမှ အာမခံအလုပ်သမား ၁၄၄၉၄ ဦးအတွက် ငွေကျပ်သန်း ၈၂၈ ဒသမ ၅၅၁ အား စိစစ်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် စုပေါင်းအာမခံ ထားသည့်စနစ်ဖြင့် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေးနှင့် လူမှုစီးပွားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော် ၏မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ လူမှုဖူလုံရေးစီမံကိန်း၏ လုပ်ငန်းစဉ်များကို တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းကောင်းပါး တင်ပြလိုက်ရပါသည်။
အလုပ်သမားဝန်ကြီးဌာန