ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့တဲ့ ဗမာ့လွတ်လပ်ရေးအရေးတော်ပုံနဲ့မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ရေး
၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ဂျပန်တို့က “ရွှေရည်စိမ်လွတ်လပ်ရေး” ပေးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ် ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် “ဗမာ့ခေတ်သတင်းစာမှာ “ဗမာ့လွတ်လပ်ရေးအရေးတော်ပုံ” ဆောင်းပါးရှည်ကြီးနဲ့ မြန်မာ ပြည်သူတွေကို အသိပေးတပ်လှန့်ရေးသားခဲ့တာ သမိုင်းတင်တဲ့အနေနဲ့ ကောက်နုတ်တင်ပြ လိုက်ရပါတယ်။
“၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် တို့ဗမာ အစည်းအရုံးသို့သခင်အဖြစ်စာရင်းသွင်းခဲ့၏။ ဥပဒေတန်း၌ စခန်းကုန်သင်ရန် ကိစ္စကိုလည်းကောင်း၊ ကျွန်ုပ်၏ ရှေ့အလားအလာများကို လည်းကောင်း၊ တစ်ပါတည်း အပြီးသတ်စွန့်လွှတ်ကာ ကျွန်ုပ်သည် သြဂုတ်လအတွင်း နှစ်ဝက်ကျောင်းပိတ်ရက် ရသည့်အခါမှစ၍ တက္ကသိုလ်ကျောင်းတော်ကြီးမှ ထွက်ခဲ့၏။ ကမ္ဘာစစ်ကြီး မလွဲဖြစ်တော့မည်ကို တွက်ဆမိရုံသာတွက်ဆမိ၍ ဧကန်အတိအကျ ပြောဆိုနိုင်ခဲ့သည်မဟုတ်သော်လည်း “မြူးနစ်မြို့”၌ အင်္ဂလိပ်နန်းရေးဝန်ချိန်ဘာလိန်သည် မိမိနိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာကိုမျှမငဲ့ မထောက်ရှာ နိုင်တော့ဘဲ “ဟစ်တလာ” ကျေအေးနှစ်သိမ့်ရေးအတွက် ဦးနှိမ်လိုက်သည့်အခါတွင်ကား “ကမ္ဘာစစ်ကြီးတံခါးမ”၌ဆိုက်ရောက်နေပြီဖြစ်ကြောင်းကို သည်းထိတ်ရင်ဖို သိရှိရလေတော့၏။
ကမ္ဘာစစ်ကြီး အမှန်ဖြစ်ချေတော့မည်။ ဗမာ့အခြေအနေကားအသို့နည်း။ ဗမာတွေ ဘာလုပ်ကြ မည်နည်း။ ဤပြဿနာများကား ကျွန်ုပ်ရှေ့တွင် အလျှိုလျှို တသီကြီးပေါ်လာတော့၏။ တစ်ခုတည်းသော အဓိဋ္ဌာန်ကိုရုတ်ခြည်းပြုလိုက်၏။ “ငါ့အတွက် ဖြစ်လိုရာဖြစ်စေတော့ နိုင်ငံရေးဂယက်ဝဲအတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏နိုင်ငံလွတ်လပ်ရေးအတွက် မနေမနားစွန့်စား လုံးပန်းတော့အံ့”ဟု ဤအဓိဋ္ဌာန်ကို သန်သန်ကြီးပြုလိုက်မိတော့၏။ သခင်အစည်းအရုံးမှတစ်ဆင့် နိုင်ငံလွတ်လပ်ရေး တိုက်ပွဲအတွင်းသို့ ကျွန်ုပ်စတင်သက်ဆင်းမိခဲ့ လေသည်။
ကျွန်ုပ်အဖြစ်ကား သန်းခေါင်လကွယ် တောအုပ်အလယ်၌ ရောက်သူပမာရှိနေတော့သည်။ ကျွန်ုပ်သွားရမည့် နေရာနှင့်ပတ်သက်၍ ကျွန်ုပ်ဘာတစ်ခုမျှမသိ။ ဆွေလည်းမရှိ၊ မျိုးလည်း မရှိ ငါသည်အကယ်၍ သေသွားသည့်တိုင်အောင် မြတ်သောသေခြင်း၊ နိုင်ငံအတွက်သေခြင်းသာ ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ရတော့၏။ ဗမာ့လွတ်လပ်ရေးတပ်မတော်သည် စစ်ကြောင်း သုံးကြောင်းဖြန့်ကာ ဗမာနိုင်ငံအတွင်းသို့ဝင်ခဲ့၏။ ဗမာ့လွတ်လပ်ရေးတပ်မတော် သည် ရန်သူ့သံချပ် ကာကားများနှင့်ပင် ပဲခူးအနီး၌ တိုက်ကြရ၏။ ရွှေတောင်တိုက်ပွဲတွင်ကား ပြင်းထန်ရွပ်ချွံစွာ တိုက်ခိုက်ခဲ့ကြ၏။ ရွှေကျင်မှာလည်း တိုက်ခဲ့ရသည်။
အမြဲတမ်းစစ်တပ်ကြီးတစ်ခု၏ အခြေရောက်အောင် ၁၉၄၂ ခုနှစ် ဇူလိုင်လတွင် “ဗမာ့လွတ်လပ်ရေးတပ်မတော်”ကို “ဗမာ့ကာကွယ်ရေးတပ်မတော်”ဟူ၍ ပြောင်းလဲဖွဲ့စည်းလိုက်လေသည်။ ကျွန်ုပ်မှာ ထိုတပ်မတော်၏ဗိုလ်ချုပ်ဖြစ်လာခဲ့ရ၏။ ဗမာနိုင်ငံ၏ ကြမ္မာနှင့်ပတ်သက်၍ ကျွန်ုပ်သည် ဘယ်အခါကမျှ စိတ်သက်သာမှုမရရှိခဲ့ပေ။ အိပ်မက်များတွင်မှာပင် ကျွန်ုပ်သည် ကျွန်ုပ်၏ မလွတ်လပ်သေးသော နိုင်ငံအတွက် ယောင်ယမ်းငိုခဲ့ရ၏။ ဒေါသထွက်ခဲ့မိ၏။ အရေးတော်ပုံကြီး၏သည်းထန်သော ဝေဒနာကြီးကို ကျွန်ုပ်တို့နိုင်ငံသည် ခံရဆဲဖြစ်၏။ ဗမာတိုင်း ဗမာတိုင်းအတွက် ကြီးလေးလှသော တာဝန်များသည် ရှေ့တွင်အများ အပြားပင်ရှိကြကုန်၏။ ထိုတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်မှ အရေးတော်ပုံလုံးဝအောင်မြင် မည်ဖြစ်၏။ စည်းလုံးမှု၊ ကူညီရိုင်းပင်းဆောင်ရွက်မှုရှိသောလူမျိုးသည် ကိုယ့်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်မည့် ရန်သူများကိုသော်မှ ခုခံနိုင်စွမ်းရှိမည်ဖြစ် ကြောင်း၊နယ်တစ်နယ်ကို တိုက်ခိုက်သိမ်းယူရန် လွယ်သော်လည်း လူမျိုးတစ်မျိုးကို သိမ်းသွင်းရန်မှာ မလွယ်ဟူသော သေနင်္ဂပရိယာယ်ကျမ်းတွင်လာရှိသည့် ဆိုရိုးစကားက ထင်ရှားစေလေပြီ”လို့ ဂျပန်ပေးတဲ့လွတ်လပ်ရေး အရေးတော်ပုံနဲ့ လွတ်လပ်ရေးရဲ့ တန်ဖိုးကို ညွှန်ပြခဲ့တယ်။
လွတ်လပ်တဲ့လူမျိုးမှာ ရှိရမယ့်အရည်အချင်း စည်းကမ်းနဲ့တာဝန်
ဂျပန်ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေးကို ပြည်သူတွေသိရှိရလေအောင် လွတ်လပ်ရေး အရေးတော်ပုံကို ကိုယ်တိုင်ရေးသားပြီး လွတ်လပ်ရေးရဲ့ တန်ဖိုးကို ဗိုလ်ချုပ်အောင်ဆန်းက ညွှန်ပြခဲ့ပြီး ဖြစ်တယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလရဲ့ အထွတ်အထိပ်ဖြစ်တဲ့ “၁၉၄၇ ခုနှစ်”မှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်တဲ့လူမျိုးမှာရှိရမယ့် အရည်အချင်းကို ၁၇-၄-၁၉၄၇ နေ့တွင် ဦးစွာညွှန်ပြခဲ့တာက “လွတ်လပ်ရေးရပြီးတဲ့အခါ ရပြီးတဲ့ လွတ်လပ်ရေးကို ဆက်လက်တည်တံ့ အောင်လုပ်နိုင်ရမယ်။ ရတဲ့လွတ်လပ်ရေးရဲ့ အရသာကို မြန်မြန်ခံစားရအောင်လုပ်ရမယ်။ အဲဒီလိုလွတ်လပ်ရေးကို လိုချင်ရင်ကျွန်ုပ်တို့ဟာ အမြော်အမြင်နဲ့စစ်ရေးစစ်ရာမှာလို ပရိယာယ် အရာကျွမ်းကျင်ပြီး ကျုပ်တို့ကိုယ်တိုင်ကလည်း လွတ်လပ်ရေးနဲ့ထိုက်တန်တဲ့ အရည်အချင်းမျိုးရှိအောင် အခုကတည်းက စတင်ပျိုးထောင်ထားဖို့ လိုတယ်”ဆိုတဲ့ ညွှန်ပြချက်ဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေတဲ့ မျက်မှောက်ကာလမှာ အထူးလိုအပ်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းက “လွတ်လပ်ရေး”ဆိုတာ စည်းနဲ့ကမ်းနဲ့သဘောမျိုးဖြစ် တယ်ဆိုတာကို ၃-၇-၁၉နေ့မှာညွှန်ပြခဲ့က လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်က စင်မဲ့ကမ်းမဲ့ သဘောမျိုးမဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ရှိမှ သာလျှင်လွတ်လပ်ရေးဆိုတာဖြစ်နိုင်တယ်။ ဒီတော့ လွတ်လပ်ရေးဆိုတာကို ကျွန်တော်တို့ရတဲ့အခါမှာ လည်း လည်ရမှာက ငါတို့တိုင်းပြည်ဟာ ပိုပြီးစည်းကမ်းရှိဖို့လိုတယ်။ ငါတို့တိုင်းပြည်ဟာ လွတ်လယ်ရေအောင်လည်း စည်ကမ်လုပ်ရမယ်။ အဲဒီလိုအဖြင့် စည်းနဲ့ကမ်းနဲ့ အလုပ်လုပ် ကြမှ လွတ်လပ်ရေးဆိုတာ ကပ်ရမယ်”လို့ ထိမိစွာ ညွှန်ပြထားခဲ့ပါတယ်။
မြန်မာ့လွတ်လပ်ရေးခွင့်ရှည်တည်တံ့ရေး အတွက် စည်းလုံးညီဆော်ရေးလိုအပ်လှပုံ” ကိုလည်း ၁၃-၇၉ နေ့မှာပဲ ညွှန်ပြခဲ့၏။ “ကိုင်ရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်ရင်းသားလူထုညီ ညွှတ်ရေးသမားတွေ ညီညွှတ်တာကျွန်တော်မလိုချင်ဘူး တိုင်ရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူ့ညီညွှတ်ရေး၊ အဲဒီညီညွတ်နှစ်ခုရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်သော်လည်း ဒယ်တီဘက်ဘက်။ အစိုးရလုပ်လုပ် တိုင်းပြည်ဖြစ်နေ မှာပဲလို့ ကျွန်တော်ပြောချင်တယ်“လို့ မခံသော မှန်ပါဒီတရားကို ဟောကြားညွှန်ပြခဲ့တယ်။
လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ တိုင်းပြည် ကာကွယ်ရေး၊ တည်တော်တန်တွေနဲ့ ပတ်သက်ပြီးလည်း Painful Truth နဲ့ ညွှန်ပြ ခဲ့တာက “တိုင်းပြည်ကာကွယ်ဖို့အတွက် ဗမာ ပြည်မှာ စစ်သားတွေ နည်းနေတယ်လို့ဆိုရင် ဗမဟောင်း၊ တိုင်း အရွယ်တော်တော့်မှန်သမျှ ကျန်းမာတဲ့သူမှန်သမျှ စစ်မှုမထမ်းမနေရ” ဆိုပြီး အတင်းဥပဒေနဲ့ စစ်ကိုထည့်ရလိမ့် မယ်။ အဲဒါမျိုးတွေ လုပ်ထာန်လုပ်ရလိမ့်မယ်။ နစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် စစ်ဆင်ရမည်။ ဝင်ပြီးတဲ့နောက် စစ်ဖြစ်တဲ့အခါမှာ ်တိုက် ရမယ်” ဆိုတာ ခင်ဗျားတို့ တိုက်ချင်၊ တိုက်ချင် မတိုက်ချင်း မတိုက်ချင် တိုက်ရမှာပဲ။ အဲဒါက လည်းတာဝန်ပါ။ ဒါဟာ တ်လပ်ရေးရတဲ့အခါ ဖြစ်ရမယ့် တာဝန်မျိုးပဲ"
ပဒေသာပင်ပေါက်အောင်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှက်မယ်-- ဆိုတာ ခင်ဗျားတို့ နလည်စေချင်တယ်။ ဒီတော့ လွတ်လပ်ရေး ရပင်းသော်လည်း လွတ်လပ်ရေး၍ထန် တွေကိုကျွန်တော်တို့ကမထင်ထင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ တခြားသက်ပြန်ပါသွားတယ်ဆိုတာ သိစေချင်တယ်“လို့ ၁၃-၇-၁၉၄၇ ရက်ကတည်းကပင် ဗိုလ်ချုပ်အောင်ဆန်းက မြသွေးပြီး ညွှန်ပြခဲ့တာကို အမှန်တကယ်တန်ဖိုးရ ပါမယ်။
နောက်မြီးဆွဲ နိုင်ငံမဖြစ်စေဖို့ ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်ညွှန်ပြခဲ့
ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှန်သမျှဟာ ပြည်သူတို့ရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်ရတာ ဖြစ်တယ်။ ဒါကြောင့် အဲဒီအစိုးရမျိုးဟာ အမျိုးသားရေးကို ကျောခိုင်း၊ တို့တာဝန်အရေးသုံးပါးကို အလေးမထားတဲ့ ပြည်ပဩဇာခံ ရုပ်သေးရုပ်အစိုးရမဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ နိုင်ငံအရေးကို ကြိုတင်မြော်တွေးတတ်သူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် “၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေး ပြဋ္ဌာန်းချက်အဆိုကို တင်သွင်းခဲ့ရာမှာ မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင်တဲ့ လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နိုင်စေမယ့် လိုအပ်ချက်တွေကို ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးတွင် ပွင့်လင်းမြင်သာ တင်ပြခဲ့တာကတော့ “လွတ်လပ်တဲ့ နိုင်ငံတော်ဆိုပြီး ဖွဲ့စည်းတည်ထောင် လိုက်ကြတဲ့ နိုင်ငံတော် အသီးသီးရှိကြပေမယ့် အချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့ နိုင်ငံတော် (Sovereign State) တွေရှိကြသလို အချို့နိုင်ငံတွေကျတော့ အဲဒီလိုမဟုတ်ဘဲနဲ့ ပြည်ထောင်အချင်းချင်းဆက်သွယ်တဲ့ နိုင်ငံရေး ဝေါဟာရအရ “Vassal State” Qulosofli Vassal State --- ဆိုတာက တပည့်၊ ကျွန်နိုင်ငံလို သဘောမျိုးပဲ။ ကျွန်ဆိုပေမယ့် ကိုလိုနီ(Colony)လည်းမဟုတ်ဘူး။ သူ့ဘာသာသူ သူ့မင်းနဲ့။ သူ့ချင်းနဲ့ သူ့အစိုးရနဲ့ပဲ အပြင်ပန်းအားဖြင့်တော့ လွတ်လပ်တယ်။ သို့သော်လည်း နိုင်ငံကြီးတစ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု၊ ချုပ်ခြယ်မှုကို အထူးတလည် ခံနေရတဲ့နိုင်ငံဖြစ်လို့ “Vassal State” လို့ခေါ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံကြီးနှစ်နိုင်ငံအကြားမှာ နယ်နိမိတ်ခြားပေးရုံလောက်ဖြစ်တဲ့ နိုင်ငံတော်မျိုးရှိသေးတယ်။ “Buffer State” အဲဒီလို နိုင်ငံတော်အမျိုးမျိုး လက်တွေ့အားဖြင့် ရှိတယ်ဆိုတာ ကျွန်တော်တို့တွေ့ရပါတယ်။ ကျွန်တော် ဆိုလိုချင်တာကတော့ နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ နယ်နိမိတ်ခြားပေးရုံလောက်ဖြစ်တဲ့ “Buffer State” မျိုးလို နယ်ခြားနိုင်ငံကလေးမျိုးလည်း မဖြစ်ချင်ဘူး။နောက်ပြီးတော့ နိုင်ငံကြီးတစ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု အထူး တလည်ခံရတဲ့ “Vassal State” လိုမျိုးလည်း မဖြစ်ချင်ဘူး။ ကျွန်တော်တို့ဖြစ်ချင်တဲ့ နိုင်ငံကတော့ “ဆန်မရှိ သောက်စားကြီး ပဲခေါ်ခေါ် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတော် ဖြစ်ချင်တယ်” လို့ အဆိုတင်သွင်းခဲ့ ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုပြုချက်ကို ထင်ဟပ်ပြီး “၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ ၇၄ (၁) မှာ အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော် တစ်ရပ်ရပ်၏အမတ်အဖြစ် ရွေးချယ်ခံရန်လည်းကောင်း၊ လွှတ်တော် တစ်ရပ်ရပ်၏ အမတ်အဖြစ်တည်မြဲစေရန် လည်းကောင်း--- ခွင့်မပြုရ” လို့ ဖော်ပြထားပါတယ်။
“နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏နိုင်ငံသားဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူလည်းကောင်း၊ နိုင်ငံသားသော်လည်း ကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ”လို့ လွှတ်တော်အမတ် (ကိုယ်စားလှယ်)ပင် ဖြစ်ခွင့်မရနိုင်အောင် အခြေခံဥပဒေနဲ့တင်းကျပ စွာ စည်းနှောင်ပေးထားခဲ့ပါတယ်။
အမျိုးသားရေးစိတ်ဓာတ်ပြည့်ဝကာ သွေးစစ်၊ စစ်၊ နိုင်ငံသား စစ်တဲ့ သူတွေအနေနဲ့ အသက်ပေးပြီး လွတ်လပ်ရေးရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးကို အလေးအမြတ်ပြုပြီး လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ရေးကို ဦးထိပ်ထားဖို့ နှိုးဆော် လိုက်ရပါကြောင်းနဲ့ လွတ်လပ်ရေးရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ နိုင်ငံတော်အလံကိုပါ ဦးညွှတ်အလေးပြုအပ်ပါကြောင်း တင်ပြလိုက်ရပါ တယ်။ ။
ရည်ညွှန်း
(၁) ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ၊ စာပေဗိမာန်
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေများ
(၃) ကြေးမုံသတင်းစာ(စာ-၈)
(၁-၁-၂၀၁၄)
မောင်မြတ်မွန်(ဆူးလေ)