Skip to main content

ချင်းပြည်နယ်မှ ပြည်သူများအတွက် နိုင်ငံတော်အစိုးရက ဖောက်လုပ်တည်ဆောက်ပေးခဲ့သော လမ်း၊ တံတားများ

ချင်းတိုင်းရင်းသားများနေထိုင်ရာ ချင်းပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစ၍ ချင်းဝိသေသတိုင်းအဖြစ် တည်ရှိခဲ့ပြီး အများပြည်သူတို့၏ ဆန္ဒနှင့်အညီ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းသည့် ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှစ၍ ချင်းပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး စတုရန်းမိုင်အားဖြင့် ၁၃၉၀၇ မိုင်ကျယ်ဝန်းသည်။ ပြည်နယ်အတွင်း ခရိုင်သုံးခရိုင်ရှိပြီး ဟားခါးခရိုင်တွင် ဟားခါး၊ ထန်တလန်၊ ကျီခါး၊ ရိခေါဒါရ်မြို့၊ ဖလမ်းခရိုင်တွင် ဖလမ်း၊ တွန်းဇံ၊ တီးတိန်မြို့တို့နှင့် မင်းတပ်ခရိုင်တွင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ ရေဇွာမြို့တို့ ပါဝင်သည်။ ချင်းတိုင်းရင်းသား မျိုးနွယ်စုပေါင်း ၅၆ ခုရှိပြီး လူဦးရေမှာ ၅၁၈၆၁၄ ဦး ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်တွင် ပြည်ထောင်စု အစိုးရက စီမံခန့်ခွဲသော လမ်းရှစ်လမ်း၊ မိုင်အားဖြင့် မိုင် ၄၃၀၊ ပြည်နယ် အစိုးရက စီမံခန့်ခွဲသောလမ်း ၂၅ လမ်း၊ မိုင်အားဖြင့် ၈၈၆ မိုင် ၆ ဖာလုံ စုစုပေါင်း ၃၃ လမ်း ရှိသည်။ ထိုလမ်း များထဲမှ ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသော လမ်းများမှာ ကလေးဖလမ်း-ဟားခါး လမ်း ၁၁၅ မိုင် ၁ ဖာလုံ၊ မုံရွာ(ညောင်ပင်ကြီး) -ပုလဲဂန့်ဂေါ-ဟားခါး လမ်း ၇၃ မိုင် ၅ ဖာလုံ၊ မင်းတပ်- မတူပီလမ်း ၁၀၂ မိုင်၊ တီးတိန်ရိဒ်လမ်း ၃၁ မိုင် ၅ ဖာလုံ၊ သိုင်းငင်းတီးတိန်လမ်း ၂၅ မိုင်၄ ဖာလုံ၊ ပခုက္ကူပေါက် - ကျောက်ထု- ကံကြီး - မင်းတပ်လမ်း ၉ မိုင် ၆ ဖာလုံ၊ အောင်မြင်(ဂန့်ဂေါ) အို လမ်း ၅၈ မိုင် ၆ ဖာလုံ၊ ကျောက်တော်-ပလက်ဝလမ်း ၁၃ မိုင် ၅ ဖာလုံ စုစုပေါင်း မိုင် ၄၃၀ ဖြစ်သည်။

ချင်းပြည်နယ်အစိုးရက စီမံခန့်ခွဲသော ၂၅ လမ်းမှာ ဟားခါး-မတူပီလမ်း ၁၇၂ မိုင် ၇ ဖာလုံ၊ ဟားခါး-ထန်တလန် ဆီချောက်လမ်း ၆၅ မိုင် ၂ ဖာလုံ၊ တီးတိန်- တွန်းဇံ- ကျီခါး- ခင်မန်းလမ်း ၈၇ မိုင် ၅ ဖာလုံ၊ ထန်တလန်-နာလိန်ရေဇာလမ်း မိုင် ၈၀၊ ထန်တလန်-လုံလမ်း ၃၅ မိုင်၄ ဖာလုံ၊ ဖလမ်း-ရိဒ်လမ်း ၆၇ မိုင် ၂ဖာလုံ၊ နတ်ချောင်း-ဝေဘူလ-ဗားရ်လမ်း မိုင် ၄၀၊ ဖို့ဝိုက်-ထုတ်လှိုင်လမ်း ၆ မိုင် ၅ ဖာလုံ၊ ကန်ပက်လက်- မင်းတပ်လမ်း ၃၇ မိုင်၅ ဖာလုံ၊ ဆိပ်ဖြူ-ဆော-ကန်ပက် လက်လမ်း ၁၀ မိုင် ၆ ဖာလုံ၊ ရှာတလိုင်းလိုတောလမ်း၈မိုင်၊ မတူပီ-ပလက်ဝလမ်း ၁၂၃ မိုင် ၂ ဖာလုံ၊ လောင်းရှည်-ကျင်ဒွေး ၊ လမ်း ၂၆ မိုင် ၅ ဖာလုံ၊ မိုင်လေးဆယ်ပလိပ်တွိ- မနာတာ-ရွှေအောင်သာလမ်း ၃၄ မိုင် ၄ ဖာလုံ၊ ရေဇ္ဇာ-လိုင်လင်းပီလမ်း ၅၈ မိုင်၊ ဟားခါးမြို့တွင်း လမ်း၂ မိုင် ၁ ဖာလုံ၊ ဖလမ်းမြို့တွင်းလမ်း ၁၅ မိုင် ၁ ဖာလုံ၊ တီးတိန်မြို့တွင်းလမ်း ၂ မိုင် ၆ ဖာလုံ၊ မင်းတပ်မြို့တွင်းလမ်း ၂ မိုင်၊ ကန်ပက်လက်မြို့တွင်းလမ်း ၁မိုင် ၆ ဖာလုံ၊ ဗားလုံတောင်ကွင်းလမ်း ၃ မိုင် ၂ ဖာလုံ၊ ဖလမ်းမြို့ရှောင်လမ်း ၂ မိုင် ၆ ဖာလုံ၊ ဗိုလ်ချုပ်လမ်း (မတူပီမြို့တွင်းလမ်း) ၀ ဒသမ ၆ မိုင် ၇၉ ပေ၊ ဗိုလ်တိုက်ချွန်းလမ်း (မတူပီမြို့တွင်းလမ်း) ၇ ဖာလုံ၊ ဗိုလ်ကျော်ဦးလမ်း (မင်းတပ်မြို့တွင်း လမ်း) ၁ မိုင် ၄ ဖာလုံတို့ ဖြစ်သည်။

အဆိုပါလမ်းများထဲမှ တီးတိန်ရိဒ်လမ်း ၃၁ မိုင် ၅ ဖာလုံအား ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂ ခုနှစ် မတ်လ အထိ ခရိုင်လမ်းဦးစီးဌာနများက ပြည်ထောင်စုငွေလုံးငွေရင်း (မူလ) ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိရာ တီးတိန်-ရိဒ်လမ်းအား ၁၈ ကီလိုမီတာမှ ၁၉ ကီလိုမီတာကြား အတက်အဆင်း ကြမ်းပြီး မိုးတွင်းမကြာခဏ လမ်းချော်သောနေရာအား ဒုအခြေခံလွှာ ခင်းကြိတ်၍ ၅ ဒသမ ၅ မီတာအကျယ် ကွန်ကရစ် လမ်းခင်းခြင်း၊ ၂၁ ကီလိုမီတာမှ ၂ ကီလို မီတာကြား လမ်းသားပဲ့ကျသော နေရာ၌ မီတာ ၃၀ အရှည်အား လမ်းချဲ့ခြင်း၊ လမ်းတာချဲ့ပြီးသောနေရာတွင် ကျောက်စီ ရေမြောင်းနှင့် တွဲလျက် ၃၀ x ၄ ဒသမ ၅ မီတာအရွယ် ကျောက်စီမြေကာနံရံ တည်ဆောက်ခြင်းနှင့် ၎င်းနေရာ၌ အမာခံ ကျောက်လမ်းခင်းပြီး ကျောက်ပွ၇၅ မီလီ မီတာဒု ဖုံးအုပ်ခင်းကြိတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၎င်းအပြင် ၂၅ ကီလိုမီတာမှ ၂၆ ကီလိုမီတာကြား အတက်၊ အဆင်း ကြမ်းပြီး မိုးတွင်းမကြာခဏ ကားနော် သောနေရာအား ဒုအခြေခံလွှာခင်း ကြိတ်၍ ကွန်ကရစ်လမ်းခင်းခြင်း၊ ၄၀ ကီလိုမီတာမှ ၄၁ ကီလိုမီတာကြား ပျက်စီးသွားသော တံတားအမှတ်(၁/၂၆) သံကူကွန်ကရစ် ရေထုတ်ပြွန်နေရာတွင် ကျောက်စီမြေကာနံရံနှင့်တွဲလျက် သံကူကွန်ကရစ်ရေထုတ်ပြွန် အသစ်တစ်စင်း တည်ဆောက်ခြင်း၊ ၄၉ ဒသမ ၆ ကီလိုမီတာမှ ၅၀ ဒသမ ၉ ကီလိုမီတာအတွင်း မီတာ ၃၄၀ မြို့တွင်းပိုင်းအား ကွန်ကရစ် လမ်းခင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

မင်းတပ်ခရိုင် လမ်းဦးစီးကလည်း ပခုက္ကူ-ပေါက်-ကျောက်ထု-မင်းတပ်လမ်း ၁၄၀ ကီလိုမီတာမှ ၁၅၂ ကီလို မီတာအတွင်း လမ်းသားပဲ့ကျသော နေရာများတွင် မြေကာနံရံ လေးခု တည်ဆောက်ခြင်း မိုင်(၈၇/၄-၉၅/၀) ကိုလည်းကောင်း၊ ၃၃၆ မီတာ အရှည် ၁ ဒသမ ၅၂ မီတာ x ၀ ဒသမ ၆၁ မီတာ) အရွယ် ကျောက်စီရေမြောင်း ဆောင်ရွက်ခြင်း မိုင် (၉၈၇/၄- ၉၅/၀) တို့ကိုလည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့အပြင် လမ်းအထူးအဖွဲ့ (၁၀)က ကလေး-ဖလမ်း-ဟားခါးလမ်းအား ၈၁ ကီလိုမီတာမှ ၈၁ ဒသမ ၈၀ ကီလိုမီတာ အထိ ကတ္တရာရေပိတ်လွှာ နှစ်ထပ်လောင်း၍ ကတ္တရာလမ်းခင်း ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ လမ်းအထူးအဖွဲ့(၁၂) က မုံရွာ(ညောင်ပင်ကြီး)-ပုလဲ- ဂန့်ဂေါ-ဟားခါးလမ်းအား ၂၄၈ ဒသမ ၀၄-၂၅၁ ဒသမ ၄၆ ကီလိုမီတာကြား သံကူကွန်ကရစ် ရေထုတ်ပြွန်နှစ်စင်း တည်ဆောက်၍ အောင်မြင်(ဂန့်ဂေါ) အိုက္ကားလမ်းမှ ၅၉ ဒသမ ၃၂၇၆၀ ဒသမ ၇ ကီလိုမီတာကြား ၁ ဒသမ ၃၅ ကီလိုမီတာအရှည် ၅ ဒသမ ၅ မီတာအကျယ် ကွန်ကရစ် လမ်းခင်းရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

တံတားများကိုလည်း ချင်းပြည်နယ်၌ နိုင်ငံတော်အစိုးရက တာဝန်ယူ တည်ဆောက်ပေးလျက်ရှိရာ ပေ ၁၈၀ အထက် တံတားကြီး ၁၃ စင်း၊ ပေ ၅၀ အထက်နှင့် ပေ ၁၈ဝ အောက် တံတား ၂၂ စင်း၊ ပေ ၅၀ အောက်နှင့် ရေပေါက် တံတားအပါအဝင် တံတား ၂၆၂၇ စင်း စုစုပေါင်း ပြည်နယ်တစ်ခုလုံး၌ တံတား ၂၆၆၂ စင်းရှိသည်ဟု သိရသည်။ အဆိုပါ တံတားများထဲမှ ပေ ၁၈၀ အထက် တံတားများမှာ ကလေး-ဖလမ်း-ဟားခါးလမ်းပေါ်မှ ပေ ၃၄၀ ရှိ ဗားရ် ၊ တံတား၊ မင်းတပ်- မတူပီလမ်းပေါ်မှ ပေ ၂၄၀ ရှိ လယ်မျိုးတံတား၊ တီးတိန်ရိဒ်လမ်းပေါ်မှ ၃၆၁ ပေရှိ မံဆောင်း တံတား၊ ကျောက်တော်- ပလက်ဝ လမ်းပေါ်မှ ပေ ၄၄၀ ရှိ မီးချောင်း တံတား၊ ပေ ၄၃၀ရှိ နှမဒါချောင်းတံတား၊ ပေ ၃၀၀ ရှိ သဲမချောင်းတံတား၊ တီးတိန်-တွန်းဇံ-ကျီခါးလမ်းပေါ်မှ ပေ ၄၅၀ ရှိနတ်ဇံတံတား၊ မတူပီ-ပလက်ဝ လမ်းပေါ်မှ ပေ ၄၄၀ ရှိ ဆမိချောင်း တံတား၊ ပေ ၄၂၀ ရှိ ဘေလီတံတား၊ ထန်တလန်-နှာရှိန်-ရေဇာလမ်းပေါ်မှ ပေ ၄၀၀ ရှိ ဘွေနူးမြစ်ကူးတံတား၊ ကလေး- ဖလမ်း-ဟားခါးလမ်းပေါ်မှ ၅၅၈ ပေရှိ ဗားရ်တံတားအမှတ်(၂)၊ တီးတိန်-ရိဒ်လမ်းပေါ်မှ ၆၀၄ ပေရှိ မံဆောင်းတံတား၊ မတူပီ-ပလက်ဝ လမ်းပေါ်မှ ၁၉၄၂ ပေရှိ ကုလားတန် မြစ်ကူးတံတားများနှင့်အတူ ပြည်နယ် အတွင်းရှိ တံတားပေါင်း ၂၆၆၇ စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်နယ် လမ်းဦးစီးဌာနနှင့် ပြည်နယ်တံတား ဦးစီးဌာနတို့က အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ကုလားတန်မြစ်ကူးတံတား (ပလက်ဝ)

ကုလားတန် မြစ်ကူးတံတား (ပလက်ဝ)သည် တည်ဆောက်ရေး အဖွဲ့(၁)က ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့နယ်၊ မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ကုလားတန်မြစ်ပေါ် ဖြတ်ကျော် တည်ဆောက်ထားသော တံတားဖြစ်သည်။ တံတားအမျိုးအစားမှာ အပေါ်ထည် ပင်မတံတား Steel Truss ၊ ချဉ်းကပ်တံတား (Continuous)၊ Plate Girder & Box Girder ဖြစ်ပြီး အောက်ထည် သံကူကွန်ကရစ်ဖြစ်သည်။ အုတ်မြစ်မှာ သံကူကွန်ကရစ် Bored Pile (1.2mO&1.8mO) ဖြစ်ပြီး တံတားအရှည် ၅၉၂ မီတာ ၁၉၄၂ ပေ ရှိသည်။ တံတားခန်းဖွင့်အနေဖြင့် ချဉ်းကပ်တံတား (မတူပီ ဘက်ကမ်း) (30 mx 4 Span Continuous Box Girder + 30m x 4 Span Continuous Plate Girder)၊ ပင်မတံတား -(40 m+120 m+40 m)၊ ချဉ်းကပ်တံတား (ပလက်ဝ ဘက်ကမ်း) (30 mx 3 Span Continuous Plate Girder + 30 m x 2 Span Continuous Box Girder) ဖြစ်သည်။ တံတားအကျယ်မှာ ၉ ဒသမ ၅ မီတာ ဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် ၇ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် ၁ မီတာ (နှစ်ဖက်)ပါဝင်ပြီး ခွင့်ပြုယာဉ် အလေးချိန် (HS 25 Load Class) ဖြစ်သည်။ တံတားစီမံကိန်းတန်ဖိုးမှာ ကျပ် ၂၇၀၀၀ သန်း ဖြစ်သည်။

ဗားရ်တံတား

ဗားရ်တံတားသည် ကလေး-ဖလမ်းဟားခါးလမ်း၊ မိုင်(၆၈/၅)၊ ဖလမ်းမြို့နယ်တွင် တည်ရှိသည်။ တံတားအရှည် ၅၅၇ ဒသမ ၇၇ပေ ၁၇၀ မီတာရှိပြီး တံတားခန်းဖွင့် (20 m+35 m+50 m+35 m+15m+ 15 m)= 170 m ရှိသည်။ တံတားအကျယ် ပေ ၃၀ ၉ ဒသမ ၁၄ မီတာရှိပြီး ရေလမ်း ကင်းလွတ်အမြင့် ၉ ဒသမ ၈၄၃ ပေ (၃ မီတာ)နှင့် အကျယ် ၁၅၄ ဒသမ ၅ ပေ ရှိသည်။ တံတားခံနိုင်ဝန်မှာ AASHTO HS-25 ဖြစ်ပြီး စီမံကိန်းတန်ဖိုးကျပ်သန်း ၄၀၅၀ ဖြစ်သည်။ တံတားအမျိုးအစားမှာ အုတ်မြစ် (1.5 m 0 Bored Pile)၊ တံတားအောက်ထည် သံကူကွန်ကရစ်၊ တံတားအပေါ်ထည် (3 Span Continuous Steel Box Girder & RC Girder & RC Slab) ဖြစ်သည်။ စီမံကိန်းအား ၇-၆၂၀၁၈ ရက်နေ့တွင် စတင်ခဲ့ပြီး ၃၀-၉၂၀၂၁ ရက်နေ့တွင် ပြီးစီးခဲ့သည်။

ဒေါင်ဗားတံတား

ဒေါင်ဗားတံတားသည် ဟားခါး-ဟသာ-မှန်တောလမ်း၊ ၄၂-၄၃ ကီလိုမီတာကြား ဟားခါးမြို့နယ်တွင် တည်ရှိသည်။ တံတားအရှည် ပေ ၂၅၀ ၇၆ ဒသမ ၁၉၅ မီတာ)ရှိပြီး တံတား ခန်းဖွင့် (၄၅ ပေ+ ၄၅ ပေ ပေ ၇၀ + ၄၅ ပေ + ၄၅ ပေ) ဖြစ်သည်။ တံတားအကျယ်ပေ ၃၀ (၉ ဒသမ ၁၄ မီတာ)ရှိသည်။ ရေလမ်းကင်းလွတ်အမြင့် ၃၀ ဒသမ ၈၇ ပေ (၃ မီတာ)နှင့် အကျယ် ၆၃ ဒသမ ၄ ပေ ရှိသည်။ တံတားခံနိုင်ဝန် AASHTO HS-25 ဖြစ်ပြီး စီမံကိန်းတန်ဖိုးကျပ်သန်း ၁၃၀၀ ကုန်ကျခဲ့သည်။ တံတားအမျိုးအစားမှာ အုတ်မြစ် - ၉”၀Caisson တံတားအောက်ထည် သံကူကွန်ကရစ်၊ တံတားအပေါ်ထည်- (45°RC Girder & Slab (4 Span)+70' RC Girder & Slab) ဖြစ်သည်ဟု သိရသည်။

အချုပ်အားဖြင့်ဆိုသော် ကျွန်တော် အကြိမ်ကြိမ်ရောက်ဖူးသော ချင်းပြည်နယ်သည် မြေမျက်နှာသွင်ပြင် အနေအထားအရ မြောက်ဘက်၌ ပေ ၈၀၀၀ ကျော်၊ တောင်ဘက်၌ ပေ ၁၀၀၀၀ ကျော် မြင့်သော တောင်ကြောများ ရှိသည်။ ထို့အပြင် ချင်းပြည်နယ်၏ အလယ်ဗဟိုမှ ရေဝေကုန်းတန်းများအဖြစ် မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိပြီး ပြည် နယ်၏အလယ်သို့ ရောက်သောအခါ အနောက်ဘက်သို့ ယိမ်းသွားသည်။ ပြည်နယ်အတွင်း အမြင့်ဆုံးတောင်မှာ ဝိတိုရိယ(ခ)ခေါနူးသုမ်(ခ)နတ်မတောင်ဖြစ်ပြီး အမြင့်ပေ ၁၀၅၀၀ နှင့် အရှည်ဆုံးမြစ်မှာ ကုလားတန်မြစ် ဖြစ်သည်။

ဘွေနူးမြစ်သည် ဖလမ်းမြို့နယ်တွင် မြစ်ဖျားခံ၍ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်အကြား တောင်ဘက်သို့ စီးဆင်းပြီး ထန်တလန်မြို့နယ်မှ အိန္ဒိယနိုင်ငံအတွင်းသို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် ရခိုင်ပြည်နယ် ပလက်ဝ မြို့နယ်မှတစ်ဆင့် ကုလားတန်မြစ် အတွင်းသို့လည်းကောင်း စီးဝင်သွား သည်။ မဏိပူရ်မြစ်သည် အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံ၍ တွန်းဇံ၊ တီးတိန်၊ ဖလမ်းမြို့နယ်များသို့ ဖြတ်သန်းပြီး ကလေးမြို့နယ် မြစ်သာ မြစ်အတွင်းသို့ စီးဝင်သွားသည်။

ထို့အပြင် စိမ်းညိုညို အရောင်နှင့် မြင့်မားသည့် တောင်တန်းကြီးများ၊ ကျေးငှက်သံများ၊ ချင်းတိုင်းရင်းသား များ၏ ဗုံမောင်းသံများ၊ နွားနောက် ချိုမှုတ်သံများ၊ ရိုးရာအက၊ ရိုးရာ အလှများ၊ တောင်တန်းကြီးများ၏ အောက်ခြေတွင် ကွေ့ပတ်စီးဆင်းနေသည့် စမ်းချောင်းလေးနှင့် တောင်ဇလပ် ပန်း၊ ချယ်ရီပန်းနှင့် သစ်ခွပန်းလှလှ ကလေးများ စသည်တို့သည် ချင်းတောင်တန်းကြီးများပေါ်က သဘာဝအလှ အပများပင် ဖြစ်သည်။

ထိုသို့ သဘာဝအလှအပများဖြင့် ထုံမွမ်းနေသည့် ချင်းပြည်နယ်ကို နိုင်ငံတော်အစိုးရက လမ်းတံတား များ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

ခရမ်းစိုးမြင့်