Skip to main content

ငြိမ်းချမ်းရေးကုန်းမှ ခေါင်းလောင်းသံချို

 

အချင်ချင် အမျက်အဤ

တစိယ်မဟိယ် ချတ်သမ္လက်စိဖ္လင်

ရှုကြရစိယ်ဧအ်။

သိင်္ဃသူ့သမီး ကျောက်စာ သက္ကရာဇ်-၆၂၈ ပိသျှက်နှစ် နံကာလဆန်း ရက် ကြာသပတေး ပုဂံခေတ်ဦးကရေးထိုးခဲ့သည့် အထက်ကျောက်စာပါစာသား၏ အဓိပ္ပာယ်မှာ-

အချင်းချင်း အမျက်ဒေါသ တစ်စေ့မရှိ ချစ်သောမျက်စိဖြင့် ရှုကြရစေ၏ဟုဖြစ်ပါသည်။

ငြိမ်းချမ်းရေးကိုဖော်ဆောင်သည့် မွန်မြတ်ပြီး တန်ဖိုးကြီးမားလှသောစကားစုပင်ဖြစ်၏။

ချစ်သောမျက်စိဖြင့်ကြည့်လျှင် ညီညွတ်ရေးကိုလည်းရစေ၏။ ချစ်ကြည်ရေးကိုလည်း ရစေ၏၊ အပြန်အလှန်ယုံကြည်လေးစားမှုကို လည်းရစေ၏။ ကိုယ်ချင်းစာတရား၊ မေတ္တာတရားကိုလည်း ရစေနိုင်ပါသည်။ တစ်နည်းအားဖြင့်ငြိမ်းချမ်းရေးကို ဦးတည်သော ဖော်ပြချက်ဖြစ်ပါသည်။

ငြိမ်းချမ်းရေးမှသည် ဖွံ့ဖြိုးတိုးတက်ရေးသို့

ငြိမ်းချမ်းရေး၏အခြေခံသည် ညီညွတ်ရေးဖြစ်ပါသည်။ ညီညွတ်ရေး၏အခြေခံသည် ချစ်ကြည်ရေးဖြစ်၏။ ချစ်ကြည်ရေး၏အခြေခံသည် အပြန်အလှန်ယုံကြည်လေးစားမှု၊ ကိုယ်ချင်းစာတရား ထားရှိမှုဖြစ်ပါသည်။ငြိမ်းချမ်းရေးဆိုသည်မှာ လူသားတိုင်း ပူပင်သောက ကြောက်လန့်မှုကင်းပြီး အေးချမ်းစွာ နေထိုင်နိုင်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုရမည် ဟုထင်ပါသည်။ ငြိမ်းချမ်းပြီး အေးချမ်းသာယာဘေးကင်းမှုသည် လူသားများအတွက်၊ နယ်မြေတစ်ခုအတွက်၊ နိုင်ငံတစ်ခုအတွက်အလိုအပ်ဆုံးနှင့် အဓိကအကျဆုံး အခြေခံ လိုအပ်ချက်ပင်ဖြစ်ပါသည်။

ငြိမ်းချမ်းရေး၏တန်ဖိုးကို ငြိမ်းချမ်းလျက်ရှိသော နိုင်ငံ၊ ဒေသ၊ မြို့၊ ရွာများတွင် နေထိုင်ကြသူတွေအနေဖြင့် သာမန်အားဖြင့် မသိနိုင်ကြပေ။ ငြိမ်းချမ်းမှုမရှိသေးသောနိုင်ငံ၊ ဒေသ၊ မြို့၊ ရွာတွေမှာ နေထိုင်ကြသောသူများမှသာလျှင် ငြိမ်းချမ်းရေး၏ တန်ဖိုးကို လေးလေးနက်နက် သိရှိနိုင်ကြပါလိမ့်မည်။ ငြိမ်းချမ်းရေးမရှိသေးသော ဒေသတစ်ခုတွင် ဖွံ့ဖြိုးရေး၊ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဂီတနှင့် အနုပညာများ ဆောင်ရွက်ရန် အလွန်မှခက်ခဲလှပေသည်။

ထို့ကြောင့် နိုင်ငံတစ်ခုတွင် တရားဥပဒေစိုးမိုးရေး၊ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ရိက္ခာဖူလုံရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ နယ်မြေများဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အတွက် "ငြိမ်းချမ်းရေးသည်အခြေခံလိုအပ်ချက်ဖြစ်ပေသည်။

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဆက်စပ်နေပေရာ မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ် တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရယူပြီး နောက်ပိုင်းမှစ၍ နိုင်ငံတော်၏ဖွံ့ဖြိုးမှုအား ဒေသအသီးသီးတွင် ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်အောင် ပြောင်းလဲဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ကတ်မာဟင်လန် ခေါ် ကျောက်မဲ

စာရေးသူသည် ၁၉၈၄ မှ ၁၉၈၇ အထိ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ တာဝန်အရ လားရှိုးမြို့သို့ ရထားဖြင့်လည်းကောင်း၊ မော်တော်ကားဖြင့်လည်းကောင်းသွားခဲ့ရဖူးပါသည်။ လမ်းတစ်လျှောက်၌ ကမ္ဘာ့ဒုတိယအမြင့်ဆုံးဂုတ်ထိပ်တံတားအပါအဝင် နောင်ပိန်၊ သီပေါ၊ ကျောက်မဲစသော မြို့၊ ရွာတို့ကို ဖြတ်သန်းရပါ၏။ “ရွှေမြို့တော် ဟု အမည်တွင်သည့် ကျောက်မဲဒေသသည် နတ်တောင်၊ လွယ်ခွန်တောင်၊ စိန်ကျောက်တောင်၊ အင်ကြင်းတောင်၊ ရန်ကင်းတောင်၊ နမ့်စလင်းတောင်၊ မကုဋတောင် စသည့်တောင်ညိုညို များ ဝိုင်းပတ်၍ တည်ရှိနေပါသည်။ ဒေသအတွင်း “နမ့်စောင် ငေါင်းချောင်း ကလည်း အေးချမ်းစွာစီးဆင်းနေလေ၏။ စိမ့်စိမ့်လေးအေးမြနေတဲ့ ရာသီနဲ့အတူ ပန်းတံတွေ ထိုးထွက်၊ ပန်းဖူးများငုံဆင့်၍ တောပန်းရောင်စုံပွင့်လေးများ ပွင့်လေ့ရှိသည့် နွေဦးပေါက်ရာသီမှာ ကျောက်မဲဒေသ၏ ရှုခင်းများသည် အလှပဆုံးလို့ဆိုရပေမည်။

ဤဒေသကား မင်းတုန်းမင်းလက်ထက် ၁၈၆၀ ပြည့်နှစ် ဝန်းကျင်ခန့်က ဗမာနှင့်ရှမ်းကုန် သည်များ ချစ်ကြည်ရင်းနှီးစွာ ကုန်သွယ်ဖလှယ်ကြသော နေရာဖြစ်ခဲ့လေသည်။ ကျောက်တုံးအခဲများရှိနေသည့် ကုန်းကလေး၌ ဖြစ်တည်နေသောဈေးကို ရှမ်းဘာသာဖြင့် “ကတ်မာ ဟင်လန် ဟု ခေါ်ကြလေသည်။ “ကတ် သည် “ဈေး ၊ “မာဟင်လန် သည် “ကျောက်မဲဟုအဓိပ္ပာယ်ရပြီး နှစ်ခုပေါင်းလျှင် “ကျောက်မဲဈေး ဟုခေါ်တွင်ခဲ့ကြသည်ဟု တချို့ အထောက်အထားများက ဆိုကြလေ၏။ တချို့ကလည်း ယင်းနေရာတွင် ကုန်သည်များ၏ ဝန်တင်နွားများ ရုန်းကန်ခုန်ပေါက်၍ ကုန်းနှီးများလျော့ရဲသဖြင့် ပြန်လည်ချည်နှောင် ရသည့် နေရာဖြစ်သဖြင့် “ပန်ကျောက်မဲ့ ဟု ခေါ်ရာမှ “ကျောက်မဲ ဟု ခေါ်တွင်လာရခြင်းဖြစ် သည်ဟု ဆိုပြန်ပါသည်။ ။

၁၉၁၂ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရွာအဆင့်မှမြို့ပန္နက် ရိုက်နိုင်ခဲ့သော “ကျောက်မဲမြို့ သည် သက္ကရာဇ် ၂၀၂၂ ခုနှစ်တွင် နှစ်ပေါင်း  ၁၂၀ပြည့်တော့မည် ဖြစ်ပါသည်။

ဤကျောက်မဲဒေသတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်  ပတ်သက်သော တောင်ကုန်းတစ်ကုန်း ရှိလေသည်။

 ငြိမ်းချမ်းရေးကောင်ကုန်းမှ စာသင်ကျောင်းဆောင်သစ်

အောင်မြေသာယာကျေးရွာသည် ကျောက်မဲမြို့ ခိုမုန်းကျေးရွာအုပ်စုတွင် တည်ရှိပါ၏။ မိုးကုတ်-ကျောက်မဲ-မိုင်းငေါ့သွား ကားလမ်းပေါ်မှ အောင်မြေသာယာ ကျေးရွာလေး ရှိသော ကုန်းကို “ငြိမ်းချမ်းရေး ကုန်းဟု အားလုံးက အမည်သညာပြုကြပေသည်။

နှင်းမှုန်ပြပြ လွှမ်းခြုံဆဲ ၂၀၂၁ ခုနှစ် နွေနံနက်ခင်းတစ်ခု၌ ၎င်းငြိမ်းချမ်းရေးကုန်းပေါ်တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းကော်မတီများ၊ ရပ်မိရပ်ဖများ ကျေးရွာသူ၊ ကျေးရွာသားများ စုံလင်စွာစုစည်း ရောက်ရှိနေကြလေသည်။ ၎င်းတို့၏ မျက်နှာထက်တွင်အပြုံး ပန်းများ ဝေဆာဖူးပွင့်နေကြ၏။ ဝမ်းသာကြည်နူးမှု၊ ကျေးဇူးတင်ပျော်ရွှင်မှုများ သည် ဖုံးမရဖိမရ အထင်းသား ပေါ်လွင်နေကြပါသည်။

ကျောင်းဆောင်သစ်လွှဲပြောင်းပွဲ အခမ်းအနားပင်ဖြစ်ပေသည်။ပန်းကလေးများ၊ ပွင့်တော့မည်။ ဖူးတံဝင့်လို့ချီ နေခြည်မှာရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်းဆိုသည့် ဆရာပျဉ်းမနား မောင်နီသင်း၏ ကဗျာပါစာသားအတိုင်း ကျောင်းဆောင်သစ်ကြီးမှာ နံနက်နေရောင်ခြည် အောက်တွင်ခံ့ထည်သစ်လွင် တောက်ပနေလေသည်။ ကျောင်းဆောင်ကြီးမှာ အလျား ပေ ၁၂၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေရှိ ခံ့ထည်ခိုင်ခံ့လှသော Reinforced  Concrete တစ်ထပ်ကျောင်းဆောင်ဖြစ်၏။ ကုန်ကျငွေကျပ်သန်းပေါင်း ၁၁၄ ဒသမ ၂၇သန်းဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်။

ထိုစာသင်ကျောင်းမှ ခေါင်းလောင်းသံ ချိုချိုလွင်လွင်ကို မကြာခင် စတင်ကြားရပေတော့မည်။ ဒေသခံတိုင်းရင်းသားမျိုးဆက်သစ်ကလေးငယ်တို့၏က ကာ ကိ ကီစာအံသံကို ကြားရပေတော့မည်။ ကြည်နူးချမ်းမြေ့ဖွယ် ကောင်းလေစွ ...

ဟောင်းနွမ်းခြင်းမှသစ်လွင်ခြင်းသို့

ပလောင်ငြိမ်းချမ်းရေးကုန်း၌ ရွာသစ်အဖြစ် တည်ထောင်ခဲ့စဉ်က ဆောက်လုပ်ခဲ့သော မူလတန်းကျောင်းဆောင်လေးမှာ ပလောင်ငြိမ်းချမ်းရေးအဖွဲ့က ကိုယ့်အားကိုယ်ကိုးဖြင့် တည်ဆောက် ခဲ့သောကျောင်းဆောင်ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်၍ ကျောင်းဆောင်၏ဥပဓိရုပ်မှာ တဖြည်းဖြည်းနှင့် အိုမင်းယိုယွင်းပျက်စီးခဲ့ပေပြီ။ ကျောင်းဆောင်အား ပြုပြင်ပေးနိုင်ရန် ကျေးရွာမှ ကျောက်မဲခရိုင်ဖို့ ဖြိုးမှုကြီးကြပ်ရေးရုံးအား တင်ပြခဲ့သောကြောင့် နယ်စပ်ရေးရာဝန်ကြီး ဌာနကယခုကဲ့သို့ ကျောင်းဆောင် အသစ် ပြန်လည်ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

နောက်ခံသမိုင်း

ငြိမ်းချမ်းရေးကုန်းဟု ခေါ်တွင်ရသည့် နောက်ခံသမိုင်း အခိုင်အခံ့ရှိပါသည်။

၁၉၈၉ ခုနှစ် နှစ်လယ်ကာလအတွင်း ကိုးကန့်၊ ရှမ်း၊ ပအိုဝ်း၊ ကချင်စသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ရှေ့ဆင့်နောက်ဆင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ တပ်မတော် အစိုးရနှင့် ညှိနှိုင်းပြီး ငြိမ်းချမ်းရေးကို စတင်ရယူလျက်ရှိသော အချိန်ဖြစ်ပေသည်။

၎င်းနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် Palaung State Liberation Army (PSLA)မှ ဦးကျော်ရင် (အတွင်းရေးမှူး) ဦးသိန်းအောင်(ဗဟိုအုပ်ချုပ်ရေးမှူး)တို့နှစ်ဦး ဦးဆောင်သော ပလောင်လက်နက်ကိုင် ( အင်အား ၈၇ ဦးသည် လက်နက်မျိုးစုံ ၄၆ လက်ဖြင့် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ကာ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၍ ငြိမ်းချမ်းရေး ရယူခဲ့ပါသည်။

နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးတပ်ဖွဲ့များနှင့် မိသားစုဝင်များအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပြီး လှိုက်လှဲစွာနွေးထွေးပျူငှာစွာ ဆက်ဆံခဲ့ပါသည်။ စားဝတ်နေရေးအတွက် အစစအ ရာရာချက်ချင်း တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံတော်မှ ပလောင်ငြိမ်းချမ်းရေးအဖွဲ့ (ကျောက်မဲ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်အင်အား ၃၀၀ ကို လုံခြုံစွာအခြေချနေထိုင်ရေးအတွက် မြေနေရာအား စိတ်ကြိုက် ရွေးချယ်စေခဲ့ရာ နမ့်ဆန်နယ်မြေအတွင်း နေထိုင်ခြင်းမပြုတော့ဘဲ ကျောက်မဲမြို့ အနောက်ဘက်ကျောက်မဲ မိုးကုတ်သွားကားလမ်းအနီး ခိုမုန်းကျေးရွာအုပ်စု၊ တောင်နောက်ကျေးရွာအဆုံး မြေနေရာကို ရွေးချယ်ခဲ့ပါသည်။

၎င်းနေရာတွင် လူနေအိမ်များ၊ /မအသင်းရုံး၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ စိုက်ပျိုးမွေး မြူရေးမြေနေရာများ သတ်မှတ်ပေးလျက်အောင်မြေသာယာကျေးရွာဟုအမည်ပေးပြီး ၂၉--၁၉၉၀ နေ့တွင် ကျေးရွာတည်ဆောက်ရေးကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပါ သည်။

အောင်မြေသာယာကျေးရွာစတင်တည်ဆောက်ခဲ့ရာ အိမ်ထောင် သည် ၂၂ ဦး၊ လူပျို ၁၈ ဦးတို့အတွက် အိမ်ရာများ၊ မြေကွက် ၄၁ ကွက်၊ ပေ ၃၀ အကျယ်လမ်းမများအပါအဝင် ရုံးခန်းနေရာ၊ စာသင်ကျောင်း မြေနေရာ၊ မွေးမြူရေးမြေနေရာ၊ စိုက်ပျိုးရေးမြေနေရာများ ကိုလည်း စနစ်တကျအကွက် ဖော်ထုတ်ချထားပေးခဲ့လေသည်။

PSLA ခေါ် ပလောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သည် တစ်ဖွဲ့တည်းသာဖြစ်သော်လည်း ငြိမ်းချမ်းရေးယူသည့်အခါ ကနဦး ငြိမ်းချမ်းရေးယူသည့် PSLA အဖွဲ့နှင့် နောက်ပိုင်းမှငြိမ်းချမ်းရေး ယူသည့် PSLA အဖွဲ့အဖြစ် နှစ်ဖွဲ့ကွဲသွားခဲ့ပါသည်။ ထိုစဉ်က PSLA အဖွဲ့ ဥက္ကဋ္ဌမှာ ဦးအိုက်မုန်းဖြစ်ပြီး အတွင်းရေးမှူးမှာ ဦးကျော်ရင်ဖြစ်ပါသည်။ ဗဟို အုပ်ချုပ်ရေးမှူးမှာ ဦးသိန်းအောင် ဖြစ်ပါသည်။ အတွင်းရေးမှူး ဦးကျော်ရင်နှင့် ဗဟိုအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်တို့က တစ်စုတစ်စည်းငြိမ်းချမ်းရေးရယူရန် ညှိနှိုင်း ကြိုးပမ်းခဲ့သော်လည်း ခေါင်းဆောင်ပိုင်းအချို့မှာ ပြည်ပတွင်ရှိနေပြီး ဆက်သွယ်ရန်ခက်ခဲနေသောကြောင့်လည်းကောင်း၊ အချို့မှာအချိန်ဆွဲလျက်စောင့်ဆိုင်းလိုသောကြောင့် လည်းကောင်း ဆုံးဖြတ်ချက်မချနိုင်ဘဲ နှောင့်နှေးကြန့်ကြာနေချိန် ဖြစ်ပါသည်။

ထို့ကြောင့် ဦးကျော်ရင်နှင့် ဦးသိန်းအောင်တို့သည် ကြန့်ကြာနေမှုကို မစောင့်ဆိုင်းတော့ဘဲ စုစည်းမိသမျှအဖွဲ့အင်အားကို ဦးဆောင်ပြီး တပ်မတော်ခေါင်းဆောင်များနှင့် အချိန်မီချိတ်ဆက် ဆွေးနွေး၍ ငြိမ်းချမ်းရေးရယူခဲ့ခြင်း ဖြစ်ပါသည်။ ပလောင်လက်နက်ကိုင်(PSLA) အဖွဲ့နှင့် တပ်မတော်တို့ လက်နက်နှင့်ငြိမ်းချမ်းရေး အလဲအလှယ်လုပ်ရန် ဆောင်ရွက်ခဲ့သည့် ယခုကုန်းမြေအားပလောင်ငြိမ်းချမ်းရေးကုန်းဟု ယခုတိုင် ခေါ်ဆိုနေကြခြင်းဖြစ်ပေသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ အမြန်ဖွံ့ဖြိုးတိုးတက်ရမည်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ချိန်မှစတင်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်းရှိလက်လှမ်းမမီနိုင်သော (သို့မဟုတ်) သွားလာရန်ခက်ခဲ သော သွေးချင်းတိုင်းရင်းသား လူမျိုးများနေထိုင်ရာဒေသများ လူနေမှုအဆင့်အတန်းမြင့်မားပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပညာရည်မြင့်မားပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်မှန်းချက် ရပ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ယခင်က အခြေအနေအမျိုးမျိုးကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မပေးနိုင်ခဲ့သည့် နေရာဒေသများ ၌နယ်မြေ အေးချမ်းလာသည်နှင့်အမျှပြည်ထောင်စုအတွင်းရှိ နယ်မြေများ အကြားအလပ်မရှိ မျှတအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ရည်မှန်းချက်နှင့် အညီ လမ်းတံတား၊ သောက်သုံးရေ ရရှိရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်သာသနာရေးဆိုင်ရာလိုအပ်သော အခြေခံအဆောက်အဦများကို ပံ့ပိုးတည်ဆောက်ပေးလျက်ရှိပေသည်။

ငြိမ်းချမ်းရေးစတင်ချိန်မှစ၍ ယနေ့အထိ ပလောင်တိုင်းရင်းသား ညီနောင်များ၏ ဒေသအတွင်း ဆောင်ရွက်ပေးခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ မြေလမ်း ၃၄၄/ မိုင်၊ ကျောက်ခင်းလမ်း ၂၁၇/ မိုင်၊ ကတ္တရာလမ်း ၄၈/ မိုင်၊ ကွန်ကရစ်လမ်း /၂မိုင်လမ်းပြုပြင်ထိန်းသိမ်း ခြင်း ၉၈ မိုင်၊ ကွန်ကရစ်ရေမြောင်း ပေ ၅၄၈၀၊ တံတားငယ် ၁၀၈ စင်း၊ ကြိုးတံတား တစ်စင်း၊ Box Culvert ၂၇၆ စင်း၊ ရေပြွန် ၁၉၅ ခု၊ ဆေးရုံ နှစ်ရုံ၊ ဆေးပေးခန်း နှစ်ခန်း၊ ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲ ခြောက်ခု၊ အခြေခံပညာကျောင်းပေါင်း ၁၇ ကျောင်း၊ ဆည်တစ်ခု၊ စိုက်ပျိုးမြေဖော်ထုတ် ခြင်း ဧက ၂၀၀ စိုက်ပျိုးရေရရှိရေး လုပ်ငန်းငါးခု၊ မွေးမြူရေးခြံနှစ်ခြံ၊ လျှပ်စစ်မီး ရရှိရေးလုပ်ငန်း ၁၇ ခု၊ ဆိုလာ ၁၃၀၆ စုံ၊ မီးသွယ်တန်းခြင်းနှစ်ခု၊ ရုပ်မြင်သံကြား ထပ်ဆင့်ထုတ်လွှင့်စက်သုံးရုံ၊ စာကြည့်တိုက်နှစ်လုံး၊ ကြေးနန်းရုံးတစ်ရုံး၊ တယ်လီဖုန်းလုပ်ငန်းတစ်ခု၊ မြို့တည်ဆောက်ရေး နှစ်ခု၊ ရေရရှိရေးလုပ်ငန်း ၃၄ ခု၊ တန်ဖိုးနည်းအိမ်ရာ ၁၆၄ လုံး၊ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၁၄ လုံး၊ ဘုန်းကြီးကျောင်း ၁၂ ကျောင်း၊ အခြားသာသနိက အဆောက်အအုံ ၁၆ လုံးနှင့် ပြုပြင် မွမ်းမံခြင်း လေးခုတို့ဖြစ်ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၂၂၇၆၉ ဒသမ ၂၃ သန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ပညာရေးကဏ္ဍ

ပညာရေးကဏ္ဍနှင့်ပတ်သက်၍လည်း ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးနိုင်ခဲ့သည့် ကျောင်းဆောင်ပေါင်းများစွာရှိပြီဖြစ်ပေ အစည်းတစ်ခုဖြစ်သည့် နိပွန်ဖောင်ဒေး ရှင်း(စေတနာ) အဖွဲ့ကလည်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာသင် ကြား ခြင်း (EPD Project) စီမံကိန်း အစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်းမှာပင်  တည်ဆောက်ပေးခဲ့သော စာသင်ကျောင်း ကျောင်းဆောင် ၁၀ ဆောင်ရှိခဲ့ပေပြီ။ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာမှာ တစ်ကျောင်း၊  ကွတ်ခိုင်မြို့နယ်ပန်ကိုင်ကျေးရွာ တစ်ကျောင်း၊ သီပေါ မြို့နယ် နောင်လျှံနှင့် ပန်မိတ်ကျေးရွာတို့တွင် နှစ်ကျောင်း၊ နမ့်ဆန်မြို့နယ် ထီဆိုင်နှင့် အုမ်းစွမ်ကျေးရွာတို့တွင် နှစ်ကျောင်း၊ ကျောက်မဲမြို့နယ် မက်မန်းကုန်း သာနှင့် မန်လွယ်မော် အောက်ကျေးရွာတို့တွင် နှစ်ကျောင်း၊ နောင်ချိုမြို့ နယ် ရေတွင်းကြီးနှင့် နောင်သခေါကျေးရွာ တို့တွင် နှစ်ကျောင်းတို့ဖြစ်ပါသည်။

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကလည်း ရှမ်းပြည်နယ်မြောက် ပိုင်းနယ်မြေအတွင်း နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ငါးကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်း သုံးကျောင်းနှင့် စက်မှုလက်မှုသင်တန်းကျောင်း နှစ်ကျောင်းတို့ကို ဖွင့်လှစ်ကာ အခမဲ့သင်ကြားရေး စနစ်ကို အောင်မြင်စွာ ဖော်ဆောင်လျက်ရှိပါသည်။ အဆိုပါကျောင်းများမှ  တိုင်းရင်းသားမျိုးဆက်သစ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မူလတန်း၊ အလယ်တန်းပညာမှစ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့တွင် အဆင့်မြင့်ပညာများ  ဆက်လက်သင်ယူကာ ပညာရေးဘွဲ့၊ ဝိဇ္ဇာသိပ္ပံဘွဲ့နှင့် ဒီပလိုမာများအပ်နှင်းနိုင်သည်အထိ ပညာရေးကဏ္ဍကို များစွာအထောက်အကူပြုသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေး လျက်ရှိနေပေသည်။ ဆက်လက်၍လည်း ဆောင်ရွက်ပေးနေဦးမည် ဖြစ်ပါသည်။

ပလောင်တို့ဌာနေ

ပလောင်တိုင်းရင်းသားတို့ အဓိကစုစည်းနေထိုင်ရာဒေသမှာ ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်လေ၏။ တောင်ဘက်တွင် မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ၊ သီပေါနယ်အစပ်၊ အရှေ့ဘက်တွင် လားရှိုး၊ မိုင်းရယ်၊ သိန္နီ၊ မြောက်ဘက်တွင် ကွတ်ခိုင်၊ မူဆယ်၊ နန့်ဖတ်ကာ၊  အနောက်ဘက်တွင် ရွှေလီမြစ် အကြားရှိ တောင်တန်းဒေသများတွင်  ပလောင် တိုင်းရင်းသားအများစု စုစည်းနေထိုင်ကြပါသည်။ ထို့ပြင်  လားရှိုး-မူဆယ် ကားလမ်းနှင့် တရုတ်နယ်စပ်ကြားအပြင် ကိုးကန့်ဒေသတွင်လည်း ကောင်း၊ မိုင်းလုံ၊ မိုင်းရှူး၊ မိုင်းကိုင်၊ ကလော၊ ရပ်စောက်မြို့နယ်များတွင်လည်းကောင်း ပလောင်တိုင်းရင်းသား ကျေးရွာများ ပျံ့နှံ့နေထိုင်ကြပါသည်။ ထို့ကြောင့် ပလောင်တိုင်းရင်းသားအများစု စုစည်း နေထိုင်ကြသည်မှာ နမ့်ဆန်၊ မန်တုန်၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ တာမိုး) လားရှိုး၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ မိုးကုတ်မြို့ နယ်များတွင်ဖြစ်ပါသည်။ များသောအားဖြင့် ပလောင်ကျေးရွာများသည် မြင့်မားသောတောင် ထိပ်တွင်ရှိကြပြီး ယင်းတောင်ကိုအခြေပြု၍ လက်ဖက်ခင်းများ၊ တောင်ယာများစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်း ပြုကြလေသည်။ ပလောင်တိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၏။ မြင့်မားသောတောင်ထိပ်ရှိ ပလောင်ရွာကြီးများတွင် ဟီးနေအောင် ဆောက်လုပ်ထားသည့် ဘုန်းတော်ကြီးကျောင်းများကို တွေ့ရှိနိုင်ပါသည်။ ဘာသာရေးကိုင်းရှိုင်းကြသည်။ မိမိအိမ်သို့လာရောက်သည့် ဧည့်သည်များအား ဖော်ရွေပျူငှာစွာဖြင့် ဧည့်ဝတ်ကျေပွန် တတ်ကြသည်။ ရှမ်းပြည်မြောက်ပိုင်းရှိ တောင်တန်းများပေါ်တွင် ရိုးသားဖြူစင်၍ ဘာသာရေး ကိုင်းရှိုင်းသော ပလောင်တိုင်းရင်းသားတို့သည် စိုက်ပျိုးရေး အသက်မွေး ဝမ်းကျောင်းဖြင့် ဘဝကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပေသည်။ သို့သော် သူတို့၏နယ်မြေကား လက်ရှိကာလတွင် ရာနှုန်းပြည့်မငြိမ်းချမ်းနိုင်သေးပေ။

နိုင်ငံသားအားလုံး၏တာဝန်

ရာနှုန်းပြည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတော်၊ နိုင်ငံတော်အတွင်းရှိ အဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး၌ တာဝန်ရှိသည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက်ဘက်ပေါင်းစုံမှ ဆက်လက်ဆောင်ရွက်ရပေဦးမည်-

ငြိမ်းချမ်းရေးသည်... လက်နက်ကြီးငယ်တို့၏ ပစ်ခတ်ပေါက်ကွဲသံများအစား အန၁ဂတ်မျိုးဆက် ကလေးငယ်တို့၏ စာအံသံ ဘာသာ၊ သာသနာ စောင့်ရှောက်သူတို့၏ ဓမ္မတေးသံ တိုင်းရင်းသားတို့၏ ရိုးရာသီချင်းသံချိုချို တို့ကို ငြိမ့်ငြိမ့်ညောင်းညောင်း သံစဉ်များအဖြစ် ပြောင်းလဲပေးနိုင်စွမ်း၏။ ငြိမ်းချမ်းရေးသည်... အန္တရာယ်ရှိသောလက်နက်တို့အစား စားနပ်ရိက္ခာတို့ကို ပေါကြွယ်ဝစေ၏။ လမ်းပန်းဆက်သွယ်ရေးတို့ကို လျင်မြန်ကောင်းမွန်စေ၏။ အခြေခံအဆောက်အအုံတို့ တိုးတက် ခေတ်မီစေ၏။ ငြိမ်းချမ်းရေးသည်... အမုန်းတို့အစား အပြုံးတို့ကိုပေး၏။ ကြမ်းတမ်းမှုအစား နူးညံ့မှုတို့ကို ဆောင်ကြဉ်းပေး၏။ ရိုင်းစိုင်းသောအပြုအမူအစား ယဉ်ကျေးသောနှစ်လိုဖွယ်ဆက် ဆံမှုကို ပေးစွမ်း၏။ ဆိုရသော်... ငြိမ်းချမ်းရေးအလင်းရောင်သည်သာ နိုင်ငံသားတို့၏ အရည်အသွေး၊ ကြီးမြတ်မှု၊ အစွမ်းသတ္တိ၊ အသိဉာဏ်ပညာတို့ကို ဖန်ဆင်းကာ နိုင်ငံတော်၏ဂုဏ်အဆင့်အတန်း၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပိုမိုလင်းလက်တောက်ပစေမည်ဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါသည်။

ဝ ထ က လ သ (နတလ)