Skip to main content

အကြောင်းအကျိုးအပေါ်က ဆုံးဖြတ်ချက်တစ်ခု

ယခုကာလအတွင်း လူမှုကွန်ရက်နှင့် အချို့သတင်းမီဒီယာများတွင် ပျံ့နှံ့နေသည့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ သတင်းများကိုဖတ်လိုက်ရသည်။ သတင်းအရေအတွက် များသည့်တိုင် သတင်းအချက်အလက်မှာ တစ်ခုတည်းဟု ဆိုရမည်ဖြစ်သည်။ စက်တင်ဘာလတွင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ခေတ္တထိန်းသိမ်းထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းသည့် အိမ်စောင့်အစိုးရ၏ကိုယ်စားလှယ်နှင့် နိုင်ငံကို Fail State သို့ရောက်ရှိအောင် လုပ်ဆောင်မှုများကြောင့် အကြမ်းဖက်အဖွဲ့ အဖြစ်သတ်မှတ်ကြေညာခြင်းခံထားသော NUG အဖွဲ့ ကိုယ်စားလှယ် မည်သည့်ကိုယ်စားလှယ်ကို အသိအမှတ်ပြု၍ အစည်းအဝေး တက်ရောက်စေမည်နည်းဟု အမေးစကားဖြင့် သတင်းမျိုးစုံကို တွေ့ရသည်။ UN က မည်သည့်ကိုယ်စားလှယ်ကို အသိအမှတ်ပြုမည်နည်း။ တစ်ဖက်က တရားဝင် အစိုးရကိုယ်စားလှယ်၊ တစ်ဖက်က ပြည်ပြေးမတရားအသင်းအစိုးရကိုယ်စားလှယ်၊ ဆုံးဖြတ်မည်က နိုင်ငံတကာအရေးမျက်နှာမလိုက်၊ နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သည့် ပဋိညာဉ်ကိုလက်ကိုင်ထားသော ကမ္ဘာ့ကုလသမဂ္ဂ တစ်နည်းဆိုရသော် တရားမျှတသော အဖွဲ့အစည်းဟူသည့် ဂုဏ်ဒြပ်ဖြင့်ပြည့်စုံသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ စိတ်ဝင်စားစရာကောင်းလှ၏။

နိုင်ငံတကာစံနှုန်းအရ သတ်မှတ်ထားသောနယ်မြေ၊ ပြည်သူလူထု၊ ၎င်းလူ့အဆောက်အဦကို စည်းကမ်းတကျ လုံခြုံဘေးကင်းစွာ နေနိုင်အောင်  ကြပ်မတ်ပေးသည့်အစိုးရ၊ ၎င်းနိုင်ငံ၊ လူမျိုး၊ အစိုးရ၏ အချုပ်အခြာအာဏာ  ပိုင်ဆိုင်မှုနှင့် နိုင်ငံတကာက နိုင်ငံတစ်ခုအဖြစ်အသိအမှတ်ပြုမှု စသည်တို့  ပြည့်စုံလျှင် အဆိုပါနိုင်ငံသည် နိုင်ငံ  တစ်ခု၏ ဂုဏ်အင်္ဂါ၊ နိုင်ငံတစ်ခု၏ ဥပဓိ  ရုပ်ရှိသော နိုင်ငံဖြစ်လာရပေသည်။  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် အဆိုပါ အင်္ဂါရပ်များနှင့် ကိုက်ညီသဖြင့် လွတ်လပ်သောနိုင်ငံတစ်ခု၏ ဂုဏ်ပုဒ်ရှိသည့်အပြင် အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်းညီသည့် နိုင်ငံတစ်ခု၏ ဥပဓိရုပ်နှင့်လည်း လုံးဝကိုက်ညီပေသည်။

အစိုးရတစ်ရပ်သည် မရှိမဖြစ်လိုအပ်

ထိုအင်္ဂါရပ်များနှင့် ကိုက်ညီသော  နိုင်ငံတစ်ခုအတွက် အစိုးရတစ်ရပ်သည်  မရှိမဖြစ် လိုအပ်ပါသည်။ လက်ရှိ  မြန်မာနိုင်ငံတော်ကို အုပ်ချုပ်နေသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဖွဲ့စည်းသည့် အိမ်စောင့်အစိုးရပင်ဖြစ်သည်။ ထိုသို့ အုပ်ချုပ်မှု ဖြစ်ပေါ်လာခြင်းကို ဖြစ်တည်လာသော ကွင်းဆက်များအား ချိတ်ဆက်သုံးသပ်ပြီး ဘက်ပေါင်းစုံက ရှုမြင်နိုင်မှသာ ပကတိအခြေအနေကို တွေ့မြင်ရမည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု၊ သံသယ ဖြစ်ဖွယ် အခြေအနေများ အပေါ် တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာစွာ စိစစ်တွေ့ရှိချက်များ ထုတ်ပြန်ခြင်း၊ သဘောထားထုတ်ပြန်ခြင်း၊ တပ်မတော် သတင်းစာရှင်းလင်းပွဲများတွင် ရှင်းလင်းပြသခြင်းတို့ လုပ်ဆောင်ခဲ့သည်။ အလားတူပင် နိုင်ငံရေးပါတီ ၂၀ ခုမှလည်း ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုနိုင်သည်များကို ဖြေရှင်းပေးရန်နှင့် တတိယ အကြိမ် လွှတ်တော်ကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့သည်။ ထို့အတူ ၁၀-၁၁၂၀၂၀ ရက်မှ ၂၉-၁-၂၀၂၁ ရက်အထိ ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် ချက်များအပေါ် မြို့နယ် ၉၉ မြို့နယ်၌ ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ်အထိ ပြုလုပ်လာခဲ့သည်။

အခြေခံအကြောင်းတရား

NLD ပါတီအစိုးရနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့သည် မိမိဇာတ်မိမိမနိုင်ဘဲ အလွန်အကျွံမဲမသမာမှုပြုလုပ်ခြင်းသည် အခြေခံအကြောင်းတရားဖြစ်၏။ ၎င်းပြဿနာကို ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းမပေးခြင်း၊ သမ္မတထံတင်ပြသော်လည်း သမ္မတကလျစ်လျူရှုခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြင့် မဆောင်ရွက်နိုင်သည့်အတွက် အရေးပေါ်လွှတ်တော်ခေါ်ပေးရန် ဥပဒေနှင့်အညီ တောင်းဆိုသော်လည်း ဥပဒေပြုရေးမဏ္ဍိုင်က ငြင်းပယ်ခဲ့ခြင်း၊ နည်းလမ်းတစ်သွယ်အဖြစ် တရားရေး မဏ္ဍိုင်သို့ စာချွန်တော်တင်ပြခဲ့ရခြင်း၊ တပ်မတော်အနေဖြင့် နောက်ဆုံးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီခေါ်ပေးပါရန် သမ္မတထံတင်ပြ ခဲ့သော်လည်း သမ္မတက တာဝန်ပျက် ကွက်ခဲ့ခြင်းတို့မှာ ဆက်စပ်အကြောင်း တရားများဖြစ်၏။ NLD ပါတီအစိုးရသည် မဲပြဿနာ နောက်ကြောင်းအား မဖြေရှင်းဘဲ တတိယအကြိမ်လွှတ်တော် ပထမအစည်းအဝေးခေါ်၍ အစိုးရဖွဲ့ရန် ခေါင်းမာစွာကြိုးပမ်းခြင်းမှာ လတ်တလောဖြစ်ပေါ်သည့် အကြောင်းတရားဖြစ်၏။ ထို အကြောင်းတရားများကြောင့် ၁-၂-၂၀၂၁ ရက်တွင် တပ်မတော်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၇-၄၁၈) တို့အရနိုင်ငံတော်အားအရေးအပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်၏တာဝန် အရပ်ရပ်ကို မလွှဲမရှောင်သာ တာဝန်ယူ ထိန်းသိမ်းခဲ့ရသည့် အကျိုးတရား ပေါ်ပေါက်လာခြင်းဖြစ်၏။ တပ်မတော် က နိုင်ငံတော်၏ အာဏာအရပ်ရပ်အား တာဝန်ယူပြီးနောက် လွှတ်တော်အားလုံး နှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများမှာ ဥပဒေကြောင်းအရ ရပ်ဆိုင်းသွားပြီးဖြစ်ပါသည်။ ၎င်းအပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်အရဖြစ်ပေါ်ခဲ့သည့် လွှတ်တော် နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် လက်ရှိအခြေအနေ၌ တရားဝင်မှု၊ အကျိုး သက်ရောက်မှုတစ်စုံတစ်ရာ ရှိတော့မည် မဟုတ်ပေ။ သို့သော် ယခင်လွှတ်တော် ကိုယ်စားလှယ်အချို့သည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဟူ၍ တရားမဝင် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပြီး သဘောထားထုတ်ပြန်ချက် များ၊ ကြေညာချက်များ ထုတ်ပြန်ကာ စင်ပြိုင်အစိုးရသဖွယ် လုပ်ကိုင်နေသည် ကို တွေ့ရပေသည်။

တရားဝင်အစိုးရ

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား | ထိန်းသိမ်းထားသည့် အစိုးရသည်သာလျှင် တရားဥပဒေကြောင်းအရ တရားဝင်အစိုးရ ဖြစ်သည်။ “အစိုးရဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးတွင် မည်သည့်အရပ်၌မဆို၊ ဥပဒေအရ အုပ်ချုပ်မှုအာဏာရရှိသူတစ်ဦးဦးကို ဖြစ်စေ၊ အများကိုဖြစ်စေ ဆိုလိုသည်။ (The word "Government” donates the person or persons authorized by law to admister executive government in any part of the Union of Myanmar)” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ဥပဒေ၊ အတွဲ-၈ (Myanmar Code, Volume 8)ရှိ Penal Code ပုဒ်မ-၁၇ တွင် တိတိကျကျ ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် လက်ရှိ အုပ်ချုပ်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဖွဲ့စည်းသည့် “အိမ်စောင့်အစိုးရ သည် တရားဝင်အစိုးရဖြစ်၏။ ဥပဒေများ ကို လက်မှတ်ရေးထိုး ပြဋ္ဌာန်းနိုင်သည့် နိုင်ငံတော်အကြီးအကဲရှိခြင်း၊ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်သည့်အစိုးရ အဖွဲ့အကြီးအကဲနှင့် အစိုးရအဖွဲ့ဝင်များ၊ တရားစီရင်ရေး အာဏာကျင့်သုံးနိုင် သည့် နိုင်ငံတော်တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်တို့ဖြင့် ပြည့်စုံစွာဖွဲ့စည်းထားခြင်းတို့ကြောင့် ခိုင်မာသည့်အစိုးရအဖွဲ့အစည်းတစ်ရပ် ဖြစ်သည်ကို ဥပဒေကြောင်းအရသော် လည်းကောင်း၊ ကျစ်လျစ်ခိုင်မာသည့် ဖွဲ့စည်းတည်ဆောက်ပုံအရသော် လည်းကောင်း မည်သို့မျှ ငြင်းဆိုနိုင်၍ မရပေ။

ယခင် လွှတ်တော်ကိုယ်စားလှယ် အချို့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH သည် ဖေဖော်ဝါရီလ ၉ ရက်တွင် ကြေညာချက်အမှတ် (၂/၂၀၂၁) ကို လူမှုကွန်ရက် စာမျက်နှာတွင်ဖြန့်ဝေ၍ လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ဌာန အသီးသီးမှ ပြည်သူ့ဝန်ထမ်းများ ရုံးမတက်ဘဲ CDM (Civil Disobedience Movement) တွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြရန်လှုံ့ဆော် ခဲ့သည်။ ၎င်းအပြင် CDM လှုပ်ရှားမှုဖြင့် ဝန်ထမ်းကောင်းများအား တာဝန်ထမ်းဆောင်မှုမှ ပျက်ကွက်စေခြင်းနှင့် အုပ်ချုပ်မှုယန္တရား ပျက်ပြား၍ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာအောင် သွေးထိုးမြှောက်ပင့်မှုများကိုဖန်တီးလာ ခဲ့ကြပါသည်။ နိုင်ငံ၏ အရေးကြီးအခန်း ကဏ္ဍတွင် ပါဝင်လျက်ရှိသော ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများကို အဓိကထား၍ CDM လှုပ်ရှားမှုကိုဆောင်ရွက် စေခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနေဖြင့် ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေးကို မည်မျှအထိ ထိခိုက်စေလိုသည်။ ပြည်သူလူထုကို မည်မျှအထိ ပစ်ပယ် လျစ်လျူရှုခဲ့သည်ကို သိသာနိုင်ပေသည်။

နယ်ရုပ်များ

၎င်းအပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပညာသင်ကြားမှုကို ခေတ္တရပ်နားနေရသည့် ကျောင်းသား၊

ကျောင်းသူများနှင့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်အသီးသီးမှ လူငယ်၊ လူရွယ် များကို Generation-Z အမည်တပ် ပေးပြီး အကြမ်းဖက်ဆူပူမှုများကို လုပ်ဆောင်လာစေရန်လည်း မြှောက် ပင့် ပေးခြင်း၊ ထောက်ပံ့ပေးခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့သည်။ Generation-Z အမည်တပ်ခံထားရသော လူငယ်ထုမှာ နောက်ကွယ်မှ နိုင်ငံရေးသမားများ၏ ကြိုးကိုင်ခြယ်လှယ်မှုဖြင့် နယ်ရုပ်များသဖွယ် အသုံးချခံလိုက်ရသည်မှာ စိတ် မကောင်းဖွယ်ဖြစ်သည်။ အချို့နိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သော CDM လှုပ်ရှား မှုများမှာ လူ့ဂုဏ်သိက္ခာကျဆင်းအောင် ပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ သတ်ဖြတ် ခြင်းတို့ပါဝင်မှုမရှိဘဲ အစိုးရတစ်ရပ် တည်းကိုသာ အကျပ်အတည်း ဖြစ်စေရန် ရည်ရွယ်လှုပ်ရှားကြခြင်းဖြစ်သည်။ မိမိတို့နိုင်ငံအတွင်း လုပ်ဆောင်ခဲ့သော CDM လှုပ်ရှားမှုမှာ ခြိမ်းခြောက်၊ အကျပ် ကိုင်၊ ဖိအားပေးမှုများ၊ ကိုယ်ထိ လက်ရောက်ကျူးလွန်မှုများ၊ Social  Punishment ခေါင်းစဉ်ဖြင့် အပြစ်မဲ့ ဝန်ထမ်းများနှင့် သာမန်ပြည်သူများအား လူထုကြားတွင် အရှက်ရစေရန် နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်ခဲ့ သည့်အပြင် လူအုပ်စုဖြင့် အနိုင်ကျင့် သတ်ဖြတ်သည်အထိ လုပ်ဆောင်ခဲ့ သည်ကို ရင်နင့်ဖွယ်တွေ့ရှိရပါသည်။ ထိုလုပ်ရပ်များသည် မြန်မာ့ယဉ်ကျေးမှု အရသာမက ကမ္ဘာကလည်း လက်မခံ နိုင်သည့်ကိစ္စရပ်များ ဖြစ်သကဲ့သို့ လူ့အခွင့်အရေးစံနှုန်းများကို ဆိုးရွား စွာဖောက်ဖျက်ကျူးလွန်နေသည့် ကိစ္စ ရပ်များပင်ဖြစ်သည်။

ဒီမိုကရေစီ၏ အနှစ်သာရ

ဒီမိုကရေစီ၏ အနှစ်သာရမှာ မတူကွဲပြားမှုများအား လက်ခံ၍ ၎င်း မတူ ကွဲပြားမှုကိုပင် အင်အားအဖြစ် စုစည်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ညီညီ ညွတ်ညွတ်ဖြင့် အောင်မြင်မှုရအောင် စုပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်သည်။ မတူညီသည့်သဘောထား အမြင်များကို ဆွေးနွေးညှိနှိုင်းသည့်နည်းဖြင့် အဖြေရှာရန်သာ ဖြစ်ပါသည်။ မိမိဆန္ဒနှင့် ကိုက်ညီမှုမရှိတိုင်း ကိုယ်နှင့်မတူ ကိုယ့်ရန်သူကဲ့သို့သဘောထားပြီး ပြုမူလုပ်ဆောင်မှုများသည် ဒီမိုကရေစီနှင့်  ကိုက်ညီမှုမရှိကြောင်းကို တွေ့မြင်ရပေသည်။ CRPH ၏ ခြေလှမ်းများကို  လေ့လာကြည့်ရာတွင် ပြည်သူများအား  သတင်းအချက်အလက်အမှားများဖြင့် မှိုင်းတိုက်ခဲ့သည်ကို တွေ့ရှိရ၏။ CDM ကြောင့် နစ်နာခဲ့သည့် ပြည်သူလူထု၏  အခက်အခဲများကို မသိကျိုးကျွံပြု၍ အစိုးရယန္တရားရပ်တန့်သွားပြီး CDM လုပ်ဆောင်မှု အောင်မြင်ကြောင်း၊ ၎င်း တို့ ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့သည် တိုင်းရင်းသားလက်နက်ကိုင် များနှင့် ဆွေးနွေးလျက်ရှိပြီး မကြာမီ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်လာ  မည်ဖြစ်ကြောင်း၊ ၎င်းတို့အား နိုင်ငံ တကာမှအသိအမှတ်ပြု၍ ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ၎င်းတို့ဘက်မှ နိုင်ငံတကာတပ်များ  ပါဝင်ပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်တော့မည်ဖြစ်၍ ရိက္ခာ၊ ဆေးဝါးနှင့် ရရာလက်နက်များ ကြိုတင်စုဆောင်းထားရန် လိုအပ်ကြောင်း စသည်ဖြင့် အကြောင်းအရာများစွာအား ကောလာ ဟလမှိုင်းတိုက်၍ လုပ်ဆောင်ခဲ့သည်။

၎င်းတို့၏ နိုင်ငံအတွက် အပျက် သဘောဆောင်ပြုမူမှု၊ ဝါဒဖြန့်မှုများသည် တရားဥပဒေနှင့်အညီဆောင်ရွက်နေပြီး ပွင့်လင်းမြင်သာစွာ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား စွပ်စွဲပြစ်တင်ခြင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အရေးယူ ပေးနိုင်ရန်ဟူ၍ပင် မိမိတို့ နိုင်ငံအား နိုင်ငံတကာဖိအားပေး၍ ပြည်သူများ အတိဒုက္ခရောက်ရှိစေခြင်း၊ ရရှိပြီးသား နိုင်ငံတော်တည်ငြိမ်မှု၊ အေးချမ်းမှု၊ သာယာဝပြောမှုတို့ကို ဖျက်ဆီးခြင်းဟု ယူဆရမည်ဖြစ်၏။ CRPH နှင့် NUG တို့ သည်၎င်းတို့ အာဏာရရှိရေးတစ်ခုကိုသာ ရှေးရှုပြီးလုပ်ဆောင်နေသည့် ဒီမိုကရေစီ အမည်ခံပါတီဝင်များနှင့် လူတစ်စု ဖြင့် ဖွဲ့စည်းထားသည့်အတွက် ပြည်သူနှင့် နိုင်ငံတော်ကို ဖျက်ဆီးရန် ကြံစည်သည့် အဖွဲ့ အစည်းများအဖြစ်လည်း မှတ်ယူရမည် ဖြစ်ပါသည်။

ထိုသို့နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတို့ကို ပျက်ပြားစေသည့် လုပ်ဆောင်မှုများကြောင့် ပြည်ထဲ ရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်စွဲဖြင့် တရားမဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ဆက်စပ်သူများ၊ အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ ၎င်းအပြင် အဆိုပါအဖွဲ့များ၏ လှုံ့ဆော်အားပေးမှုကြောင့် နိုင်ငံတော်အတွင်း အကြမ်းဖက်မှု များစွာဖြစ်ပေါ်ခဲ့ရပါသည်။ ထိုအဖွဲ့များ၏ ဦးဆောင်သူများကလှုံ့ဆော်အားပေးမှုကြောင့် အစိုးရ၏အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ဗုံးခွဲခြင်း၊ မီးရှို့ခြင်း၊ လူသတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ဖြစ် ပေါ်လာခဲ့ပါသည်။ NUG အဖွဲ့သည် ပြည်သူ့ကာကွယ်ရေး တပ်မတော် (People Defence Force-PDF) ဖွဲ့စည်းဆောင်ရွက်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ NUG နှင့် PDF တို့၏ လှုံ့ဆော် အားပေးမှုကြောင့် ဒေသန္တရကာကွယ်ရေး တပ်ဖွဲ့ဟုအမည်တပ်ကာ လက်နက်ကိုင် အကြမ်းဖက်သည့် လုပ်ဆောင်မှုများ နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာခဲ့ရပါသည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် မေလ ၈ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ မတရားအသင်းအဖြစ် ကြေညာထားသည့် CRPH လည်းကောင်းကဖွဲ့စည်းထားသော NUGI ၎င်းက ဖွဲ့စည်းထားသော PDF နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် သတ် မှတ်ကြေညာခဲ့ပါသည်။ CRPH အဖွဲ့ အနေဖြင့် ၎င်းတို့၏ အဓိကရည်မှန်းချက် ဖြစ်သည့် နိုင်ငံတော်အာဏာကိုရယူနိုင် ရေးကြိုးပမ်းမှုမှာ ရိုးသားသည့်နိုင်ငံရေး လမ်းကြောင်းအတိုင်း မဟုတ်ဘဲ ဖြတ်လမ်းနည်းဖြင့် အချောင်ရယူရေးပင်ဖြစ်ပါသည်။ နိုင်ငံရေးဆောင်ရွက်ခြင်းနှင့် နိုင်ငံကိုဖျက်ဆီးခြင်းသည် မည်မျှခြားနား ဆန့်ကျင်နေသည်ကို ဝေဖန်ခွဲခြားနိုင်သော အသိအမြင်ရှိပါက သိမြင်နိုင်မည် ဖြစ်ပေသည်။

အဓိကအခြေခံကျဆုံး အရေးကြီးလုပ်ငန်း

နိုင်ငံတစ်နိုင်ငံတွင် အုပ်ချုပ်ရေး ယန္တရား၏ အဓိကအခြေခံကျဆုံး အရေးကြီးလုပ်ငန်းသည် တရားဥပဒေစိုးမိုးရေး လုပ်ငန်းနှင့် တည်ငြိမ်ရေးလုပ်ငန်းများ ပင်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးနှင့်  တည်ငြိမ်ရေးလုပ်ငန်းများမရှိပါက ကျန်လုပ်ငန်းများသည် လုပ်ဆောင်နိုင်၍ မရကြောင်း သမိုင်းသင်ခန်းစာများတွင် တွေ့ရှိရပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက် နောက်ပိုင်းမှဇူလိုင်လကုန်အထိ NLD ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံ သူအစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက် အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဌာနဆိုင်ရာ ရဲကင်း၊ ရဲစခန်း အဆောက်အဦများအား မီးရှို့ဖျက်ဆီးခံ ရမှုအနေဖြင့် မြို့နယ် ၁၅၁ မြို့နယ်တွင် ၅၂၅ ကြိမ်၊ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုသတ်မှတ်ပြီး အကြမ်းဖက် တိုက်ခိုက်ခံရခြင်းကြောင့် သေဆုံး ၁၆၉ ဦး၊ ဒဏ်ရာရ ၁၅၄ ဦး၊ နေအိမ်များ ဖျက်ဆီးခံရမှု၂၉ လုံး၊ လက်ပစ်ဗုံးပစ်ခတ်မှု မြို့နယ် ၂၇၅ မြို့နယ်တွင် ၁၉၅၇ ကြိမ်၊ လမ်းတံတားဖျက်ဆီးမှု ၃၁ မြို့နယ်တွင် ၄၁ ခု၊ စက်ရုံ၊ အလုပ်ရုံများဖျက်ဆီးခံရမှု မြို့နယ် ၈ မြို့နယ်တွင် ၂၅ ကြိမ်၊ အခြား အဆောက်အဦများ ဖျက်ဆီးခံရမှု ၈၁ မြို့နယ်တွင် ၁၈၅ကြိမ်တို့ကိုလုပ်ဆောင်ခဲ့ ပါသည်။ ထို့အပြင် လူဟုပင်သတ်မှတ် ရန်ခက်ခဲသည့် လုပ်ဆောင်မှုများကိုလည်း ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် လုပ်ဆောင်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask များပေးဝေ  လှူဒါန်းနေသူများအား သတ်ဖြတ်ခြင်း၊ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအား မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေ သူများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်တိုက် ခိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည် သာမက အများပြည်သူအတွက် အနစ်နာ ခံပေးဆပ်သူတို့၏ သင်္ကေတဖြစ်သည့်  PPE ဝတ်စုံကိုဝတ်ဆင်၍ လူသတ်ခြင်းတို့ ပင် ကျူးလွန်ခဲ့ကြသည်။ ထိုသို့တိုင်းဖျက်၊ ပြည်ဖျက်၊ ပြည်သူလူထု၏ နေ့စဉ်လူမှု ဘဝပျက်စီးအောင် လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို မြှောက်ပင့်ခြင်း၊ နည်းလမ်းပေးဆောင်ရွက်ခြင်း၊ လက်ခံတွေ့ဆုံခြင်းများ ပြုလုပ်နေသည့် လူတစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်း၏ သမိုင်းသည်လည်း အမည်းစက်သာ ထာဝရစွန်းထင်းနေမည် ဖြစ်ပါသည်။

နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်စွက်ဖက်

ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံများသည် မိမိနိုင်ငံ၏ စစ်အင်အား၊ လူ့စွမ်းအား အရင်းအမြစ်၊ သယံဇာတနှင့် ငွေကြေး ဓနကြွယ်ဝမှု စသည်တို့အပေါ် မူတည်၍ မိမိနိုင်ငံ၏ သြဇာအာဏာအား အခြား နိုင်ငံများသို့ ဖြန့်ကြက်နိုင်စေရေး နည်းလမ်း မျိုးစုံဖြင့် ဝင်ရောက်စွက်ဖက်လေ့ ရှိပါသည်။ နိုင်ငံတစ်နိုင်ငံအပေါ် စွက်ဖက်သည်ဆိုရာတွင် ထိုနိုင်ငံ၏အားနည်းချက်ကို ရှာဖွေထိုးနှက်၍ အားသာချက်များ ပျက်ပြားသွားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းသာ ဖြစ်၏။ အထူးသဖြင့် တစ်ဖက် ဖက်ကို တိမ်းစောင်းရန် မဖြစ်နိုင်သော ပထဝီအနေအထားတွင်တည်ရှိနေသည့် နိုင်ငံငယ်များသည် “ဘက်မလိုက် ဝါဒ ကိုချမှတ်၍ နိုင်ငံကြီးများ၏အသုံးချမှုကို ရှောင်တိမ်းကာ ကိုယ့်အားကိုယ်ကိုး၍ နိုင်ငံအားထူထောင်ရာ၌ နိုင်ငံသားတို့၏ အခွင့်အရေးများသည် နိုင်ငံကြီးများနှင့် နှိုင်းယှဉ်လျှင် လျော့နည်းလာတတ်သည်မှာ သဘာဝပင်ဖြစ်၏။ ထိုနိုင်ငံမျိုးတို့သည် ကာကွယ်ရေးအင်အားကို သိပ်သည်း ကျစ်လျစ်စွာ ထူထောင်တတ်သည်ဖြစ်ရာ စစ်ရေးအရ နိုင်ငံကြီးများက ရုတ်တရက် ဝင်ရောက်စွက်ဖက်၍ မလွယ်ကူပေ။ ထိုအချိန်တွင် စိတ်ဓာတ်ရေးရာဖြိုခွဲရန် စွက်ဖက်မှု နည်းလမ်းအသစ်ဖြစ်သည့် “လူ့အခွင့်အရေး ဆောင်ပုဒ်ကို ကျယ်လောင်စွာအော်ဟစ်ကာ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူတို့ကို “ဖိနှိပ်သူ နှင့် “ဖိနှိပ်ခံ အဖြစ် ပုံဖော်ဖြိုခွဲရန်နည်းလမ်း ကို အသုံးပြုလုပ်ဆောင်တတ်ကြသည်။ နိုင်ငံကြီးအချို့၏ စွက်ဖက်ခြေရှုပ်မှု နောက်ကွယ်တွင် ၎င်းတို့ နိုင်ငံအကျိုး စီးပွားအတွက် ဆောင်ရွက်ခြင်းသာဖြစ် ရာ ထိုလမ်းကြောင်းကို ပို့ဆောင်ပေးသူမှာလည်း “ကျေးဇူးခံ၊ ကျေးဇူးစား အမျိုးသားသစ္စာဖောက် သမားများသာ ဖြစ်ပေသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး

ဒုတိယကမ္ဘာစစ်ကြီးတွင် ခေတ်မီ တိုးတက်လာသော လက်နက်အသစ် အဆန်းများ အသုံးချလာခြင်းကြောင့် ပထမကမ္ဘာစစ်ထက် သေကျေပျက်စီးမှု များပြားခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးအတွက် ကမ္ဘာ့နိုင်ငံ အများစုပါဝင်သော အဖွဲ့အစည်းကြီး တစ်ခုလိုအပ်သည်ဟု နိုင်ငံ့ခေါင်းဆောင်များက သဘောပေါက်လာခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသောအခါ အမေရိကန်၊ ဆိုဗီယက်(ရုရှား)၊ ပြင်သစ်နှင့် တရုတ်ခေါင်းဆောင်များ ပါဝင်သည့် နိုင်ငံခေါင်းဆောင်များသည် ဘော်လ်တာကွန်ဖရင့် ကျင်းပရန် အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အခြေခံ အုတ်မြစ်ဖြစ်သော ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်မူကြမ်းကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးကို တည်တံ့အောင် ထိန်းသိမ်းရန်နှင့် ကျူးကျော်ရန်စမှုများ ကို ပူးပေါင်းကာကွယ်ရန်၊ ယောက်ျား၊ မိန်းမ၊ လူမျိုးစကား၊ ဘာသာအယူဝါဒ ခွဲခြားမှုမရှိဘဲ အားလုံးတူညီရန် စသည့် အချက်များပါရှိသည့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ပါ ရည်ရွယ်ချက်များကို အထမြောက်အောင်မြင်အောင် နိုင်ငံ များမှ ကြိုးပမ်းလုပ်ဆောင်နိုင်စေရေး အတွက် ဘုံအဖွဲ့အစည်းကြီးတစ်ခု ဖြစ် စေရန် ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းခဲ့သည်။ အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန်အတွက် အဖွဲ့ ငယ်များဖွဲ့စည်းထားရာ အထွေထွေ ညီလာခံ၊ လုံခြုံရေးကောင်စီ၊ အပြည် ပြည်ဆိုင်ရာတရားရုံးချုပ်၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ကိုလိုနီကြီးကြပ်ရေးကောင်စီ၊ အတွင်းရေးမှူးချုပ်ရုံး စသည် ဖြင့် အဖွဲ့အစည်း ခြောက်ခုမှာ ကုလ သမဂ္ဂ၏ အခြေခံယန္တရားများဖြစ်သည်။ အထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံများ ၏ ဆန္ဒကိုဖော်ထုတ်ရာ ညီလာခံဖြစ် သည်။ထိုသို့နိုင်ငံများ၏ဆန္ဒကိုဖော်ထုတ် ရာအစည်းအဝေးသို့ နိုင်ငံတကာမှ  သံအမတ်ကြီးများ၊ သံအမတ်ကြီးအဆင့် ရှိသူများ၊ နိုင်ငံတကာအစိုးရများ၏ ပြောကြားချက်များ၊ ရေးသားချက်များ၊  အသိအမှတ်ပြု လက်ခံဆွေးနွေး ဆောင်ရွက်နေသူများ၊ တရားဝင်အစိုးရတစ်ရပ်၏ ကိုယ်စားလှယ်များ တက်ရောက်နိုင်မှသာ နိုင်ငံတစ်ခု၏ ပကတိဖြစ်စဉ်အမှန်၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အကြောင်းအရာများကို လေးနက်စွာ သိမြင်နိုင်မည် ဖြစ်ပါသည်။ ထိုအခြေအနေကို မျက်ကွယ်ပြုပါလျှင် ပကတိ အမှန်တရားနှင့်ဝေးကွာပြီး ထိုနိုင်ငံရှိ ပြည်သူတို့၏ အရှိသဘောတရား၊  ဘေးကင်းလုံခြုံမှု၊ ခံစားမှုအသိတို့ကို လည်း သိမြင်နိုင်မည်မဟုတ်ပေ။

NUG အနေဖြင့် သီးခြားစစ်ဘက် (သို့မဟုတ်) နိုင်ငံရေးရည်မှန်းချက်ကို ဦးတည်ထားခြင်းမရှိဘဲ တည်ဆဲဥပဒေ များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ မလိုက်နာခြင်း၊ ပျက်ကွက်ခြင်း၊ အများ ပြည်သူများအား ဥပဒေများကိုလိုက်နာမှု မရှိစေရန် သွေးထိုးလှုံ့ဆော်ခြင်း၊ ဖိအားပေးခြင်း၊ ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ပေါ် စေခြင်းတို့ဖြင့် နိုင်ငံအား ကျဆုံးနိုင်ငံ (Fail State) အဖြစ်ပုံဖော်ပြီး နိုင်ငံရေးပြောင်းလဲမှုဖြစ်စေရန် တစိုက်မတ်မတ် ရည်ရွယ်ကြိုးပမ်း လုပ်ဆောင်လျက် ရှိသည်။

ဂုဏ်သိက္ခာကိုပါ ထိခိုက်

၎င်းကဲ့သို့သော အဖွဲ့အစည်းများ ကို လက်ခံဆောင်ရွက်နေပါလျှင် နိုင်ငံ အများလေးစားရသည့် အဖွဲ့ အစည်း တစ်ရပ်အနေဖြင့် ကမ္ဘာကလက်မခံသော အကြမ်းဖက်ဝါဒကို အားပေးသည့်အခြေ အနေသို့ ဆိုက်ရောက်သွားမည့်အပြင် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုပါ ထိခိုက် ညှိုးနွမ်းစေနိုင်မည် ဖြစ်ပေသည်။ NUG ၏ ဖြစ်ခဲ့သည့်ဖြစ်စဉ်များ၊ ဆက်လုပ်နေသည့် အကြမ်းဖက်မှုများကြောင့် နောက်ထပ်လူ့အသက်ပေါင်း မည်မျှ ဆုံးရှုံးရမည်နည်း။ မိသားစုပေါင်းမည်မျှ စတေးရမည်နည်း။ အနာဂတ်လမ်း ပျောက်မည့်လူငယ်ပေါင်း မည်မျှ ပေါ်ပေါက်လာမည်နည်း စသည်ဖြင့် မတွေးဝံ့စရာ အကျိုးတရားများစွာတို့က ပေါ်ပေါက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ခေတ္တထိန်းသိမ်းလွှဲပြောင်းရယူပြီးနောက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့အား ချမှတ်ပြီး မမှိတ်မသုန် အကောင်အထည်ဖော် လုပ်ဆောင်လျက် ရှိပေသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီးသည့်နောက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပနိုင်ရေး၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို လုပ်ဆောင်လျက်ရှိ၏။ ထိုသို့ ဆောင်ရွက်နိုင်ရန် အခြေခံလိုအပ်ချက်ဖြစ်သည့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးအရ တည်ငြိမ်အေးချမ်းမှုနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာသည့် တရား ဥပဒေစိုးမိုးရေးတို့အား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ မည်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုမဆို တွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်သွားနိုင်ရန်အတွက် အလေးအနက်ထားလုပ်ဆောင် လျက်ရှိသည်။ ၎င်းအပြင် အာဆီယံဘုံ သဘောတူညီချက် (၅) ချက်အား အကောင်အထည်ဖော် ဆောင်ရွက်လိုကြောင်း ပြသသည့်အနေဖြင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ်ခန့်အပ်မှုအား လက်ခံခဲ့ပြီး နိုင်ငံ တကာနှင့်လည်း ဆက်ဆံရေးတိုးတက် ကောင်းမွန်စေရန်အတွက် မိတ်ဝတ်မပျက် ရင်းနှီးနွေးထွေးစွာ ဆက်ဆံလျက် ရှိသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တတိယလှိုင်းကာလတွင် ရင်ဆိုင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲ အတားအဆီးအမျိုးမျိုးတို့ အား ကျော်ဖြတ်နိုင်အောင် ပြည်သူလူထု နှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂကြောင့် ကာလရှည် နိုင်ငံ့စီးပွားရေး ထိခိုက်နစ်နာခဲ့မှုနှင့် ပြည်သူတို့၏ လူမှု စီးပွားဘဝများ ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းလုပ်ဆောင်နေလျက် ရှိသည်။ ထိုသို့ ဆောင်ရွက်မှုများကို NUG ကဲ့သို့ အဖွဲ့အစည်းများကလူမှုကွန်ရက်မှ တစ်ဆင့် မဟုတ်မမှန်အဖျက်အမှောင့် သတင်းများရေးသားဖြန့်ဝေကာ နိုင်ငံ ရေးလိုဘတစ်ခုအတွက် ကိုဗစ်-၁၉ ရောဂါ အား လက်နက်သဖွယ်အသုံးပြုနေသည် မှာ NUG ၏ရုပ်ဆိုးအကျည်းတန်စေသည့် အပြုအမူများဖြစ်သည်ကိုတွေ့မြင်ရ၏။ ထိုသူများအား နေရာတစ်ခုရရှိရေး အသိအမှတ်ပြုပါလျှင် ဆုတ်ယုတ်မှုတို့ သာ ကြုံတွေ့လာရဖွယ် ရှိပေ၏။

ပညာတတ်များစွာလိုအပ်

ဒီမိုကရေစီစနစ်အား ခိုင်မာစေရန် နှင့် တိုင်းပြည်တိုးတက်စေရန်အတွက်  ပညာတတ်များစွာရှိရန် လိုအပ်၏။ အဆင့်မြင့်ပညာရပ်များ လက်တွေ့ကျကျအား ပေးရန်လိုအပ်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်များစွာ မွေးထုတ်ပေးရန် လိုအပ်သည်။ နိုင်ငံအတွင်းနိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံခန့်သည် ပညာရေးနှင့် အလှမ်းဝေးလာသဖြင့် ပညာရေး ( ခါးဆက်မပြတ်စေရန် ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ ပညာရည်မြှင့်တင် ရေးအား ကြိုးစားဆောင်ရွက်လျက် ရှိသည်။ တစ်ဖက်ကလည်း NUG အနေ ဖြင့် ထိုအခြေအနေများကို မျက်ကွယ်ပြု ပြီး တိုင်းပြည်၏ အနာဂတ်ပျက်စီးစေမည့် အဖျက်လုပ်ငန်းများအား တစိုက်မတ်မတ်လုပ်ဆောင်လျက် ရှိသည်ကို တွေ့မြင်ရသည်။  

ကမ္ဘာကသိမြင်အောင် ကြိုးပမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူအတွက်  တည်ငြိမ်အေးချမ်းမှု ရှိအောင်၊ တိုးတက် ဖွံ့ဖြိုးအောင် အားသွန်ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ နိုင်ငံတကာ မျက်နှာစာတွင်လည်း နိုင်ငံနှင့်အုပ်ချုပ်သူ အစိုးရ၊ နိုင်ငံသားတို့၏ ရပ်တည်ချက်၊ မျှော်မှန်းချက်၊ ဆောင်ရွက်ချက်များကို ကမ္ဘာကသိမြင်အောင် ကြိုးပမ်းအားထုတ်နေလျက်ရှိသည်။ နိုင်ငံတော်၏  အချုပ်အခြာအာဏာအား ထိခိုက်စေသည့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက် မှုများအား လက်သင့်ခံမည့်အစိုးရ မဟုတ်ပါချေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပုဂ္ဂိုလ်ရေးနှင့်ခေတ် အလိုက်၊ ခေတ်အကြိုက်လိုက်မည် မဟုတ်ဘဲ၊ ချမှတ်ထားသော ရှေ့လုပ်ငန်း စဉ်များနှင့် ဦးတည်ချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လက်ရှိ လျှောက်လှမ်းနေသည့် နိုင်ငံရေးလမ်းကြောင်းတွင် စေတနာသန့်သန့်ဖြင့် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲကင်းစွာပါဝင်လာမည် ဆိုပါက ပါဝင်ဆောင်ရွက်ခွင့် “နေရာ ရမည်မှာ အမှန်ပင်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် ထိပ်တိုက် ရင်ဆိုင်ရေးနှင့် အကျပ်ကိုင်ရေးကိုသာ တစိုက်မတ်မတ် ဦးတည်နေသော လုပ်ရပ်၊ ပြည်ပအင်အားကြီးနိုင်ငံများ၏ အကူအညီဖြင့် ပိတ်ဆို့ဟန့်တားရေး လမ်းကြောင်းကို ဖန်တီးနေသောလုပ်ရပ်၊ ဆူပူအုံကြွမှုများနှင့် တိုင်းပြည်ပျက်စီး အောင်ကြံဆောင်နေသော လုပ်ရပ်၊ သောင်းကျန်းသူအဖျက်သမားများနှင့် စည်းဝါးရိုက်ပြီး မီးလောင်တိုက်သွင်းနေသောလုပ်ရပ် စသည်တို့ကို လုပ်ဆောင်နေလျှင် ၎င်းတို့၏အကျည်းတန် လုပ်ရပ်များသည် သမိုင်းမှတ်တမ်းဆိုး တစ်ခု အဖြစ် ကျန်နေပေလိမ့်မည်။ ၎င်းကဲ့သို့သော လူပုဂ္ဂိုလ်များနှင့်အဖွဲ့ အစည်းများ သည် ဂုဏ်သိက္ခာနှင့်အညီ ရှင်သန် ရပ်တည်နိုင်ရေးအတွက် အခွင့်အရေးရှိနိုင်တော့မည် မဟုတ်ပါ။ ကမ္ဘာ့နိုင်ငံအများစုက ယုံကြည်ကိုးစားရသော အဖွဲ့အစည်းကြီးအနေဖြင့်လည်း အကြောင်းအကျိုး တရားများအပေါ် ပကတိအခြေအနေ အမှန်အတိုင်း စဉ်းစားချင့်ချိန်၍ မှန်ကန်သောလုပ်ရပ်တစ်ခုကို ချမှတ်လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မိပါတော့၏။   ။

မောင်မျိုးအောင်(ပန်းဧရာ)