ထက်သန်သောဆန္ဒ
တစ်ခါတစ်ရံ တစ်ခုခုသောနေရာ၊ တစ်ခုခုသော အဆောက်အအုံ၊ တစ်ခုခုသောအခြေအနေ အဖြစ်အပျက်ကို တွေ့ကြုံရသောအခါ ငါအရင်က ဤနေရာ၊ ဤအဆောက်အအုံ ဤအခြေအနေ၊ ဤအဖြစ်အပျက်မျိုးနှင့် တွေ့ကြုံဖူးသည်ဟု စိတ်၌ မှတ်ထင်တတ်လေသည်။ ။
ထိုကဲ့သို့ မှတ်ထင်သူများသည် အတော်များ ကြပေလိမ့်မည်။ ထိုကဲ့သို့ ဖြစ်ရခြင်းကား ဘယ် သို့သော အခြင်းအရာနည်း။ အတိတ်ဘဝ၌ ဖြစ်ပျက်ခဲ့ခြင်းပေလား။ လွန်ခဲ့သောဘဝတစ်ခုခု၌ တွေ့ကြုံခဲ့ရခြင်းပေလား။ မဟုတ်ပေ။ ဤကဲ့သို့ ဖြစ်ပျက်ခြင်းသည် ဤအဖြစ်အပျက်၊ ဤအခြေအနေမျိုး၊ ဤနေရာမျိုးကိုစိတ်၌ ထင်မြင် တွေ့ခွင့်တ ခဲ့မိခြင်းကြောင့်ဖြစ်သည်ဟု ဆိုင်ကိုလိုဂျီဆရာများ ပြောကြလေသည်။ ။
ထိုစကားသည် ဟုတ်မှန်သောစကား ဖြစ်ကြောင်း စာရေးသူကိုယ်တိုင်တွေ့၊ ကိုယ်တိုင် သိဖြစ်ခဲ့သည်မှာ အတော် ပင်များခဲ့လေသည်။ အဟုတ်တကယ်လိုချင်သောစိတ်နှင့်လည်းကောင်း၊ လိုချင်သည့်အတိုင်း ဖြစ်လိမ့်မည်ဟူ သောစိတ်နှင့် တစ်စုံတစ်ရာကို စူးစိုက်စွာထင်မြင်သည့်အခါ ထင်မြင်သည့်အတိုင်း တစ်နေ့သ၌ဖြစ်ရလေသည်။
ဤကား Imagination ဟူ၍လည်းကောင်း၊ Visualizing og opd.empê: calooowası အထင်အမြင်စိတ်သည် သူ၌အစွမ်းဆုံးသော ညှိ ဓာတ်ဖြစ်လေသည်။ ယုံကြည်ခြင်းနှင့် ထက်သန်သောဆန္ဒအားအရှိန်ပါရှိသော အထင် အမြင်စိတ်သည် တန်ခိုးကြီးကြောင်း အထက်ဝက် က များစွာရေးခဲ့ဖူးသော်လည်း ထိုနည်းလမ်းကို ထိထိရောက်ရောက် ယုံယုံကြည်ကြည်ရှိသူ နည်းပါးကြောင်း သိရလေသည်။
စာ၌ဖတ်ရသည့်အခါ ခိုင်လုံစွာရေး၍ထား သောစာဖြစ်သောကြောင့် ဟုတ်ပါပေသည်။ မှန်ပါ ပေသည်ဟု အောက်မေ့သော်လည်း အဟုတ် တကယ် ထိုနည်းကို အသုံးပြုဖို့ရန် သတိမရကြဘဲ စိတ်ဝေ၍နေတတ်ကြသဖြင့် အသုံးမပြုဘဲသာ နေလေ့ရှိကြလေသည်။
ကြီးကျယ်သောအရာတစ်ခုခုကို ဖြစ်မြောက် အောင်လုပ်လိုသည့်အခါ အလုပ်၏ကြီးကျယ်ခြင်းကို မိမိ၏လက်ငင်း အခြေအနေနှင့် နှိုင်းယှဉ်၍ ကြည့်တတ်သည်။ ။
ထိုနှိုင်းယှဉ်သောစိတ်သည် မသိမသာသော စိတ်ဖြစ်၏။ သို့ပင်မသိသော်လည်း ငါလိုလူစားသည်ဤလို ကြီးကျယ် သောအလုပ်များနှင့် မဆိုင်။ ဤကြီးကျယ်သောအလုပ်အကိုင် အကြံအစည်များ သည် ကြီးကျယ်သောလူများနှင့် ဆိုင်သည်ဟုသော မထင်ရှားသောစိတ်သည် လူ၏စိတ်အတွင်း၌ မသိမသာ ကိန်းအောင်း၍နေမြဲဖြစ်လေသည်။
ထင်မြင်ကြံစည်တိုင်း မအောင်မမြင်သည်မှာ ထိုမထင်ရှားသော စိတ်နေသဘောထားခြင်းကြောင့် ဖြစ်လေသည်။ ဖြစ်မြောက်ပေါက်ရောက်သော အထင်အမြင် များသည်ကား ထိုကဲ့သို့မဟုတ်။ မိမိ၏စိတ်သန္တန်၌ စွဲကပ်၍ နေသောမိမိကိုယ်ကို အထင်အမြင်သေးသော စိတ်သည် မနိုး၊ မကြား မပေါ်မပေါက် အမှတ်မဲ့ ပျောက်ကွယ်၍ နေသောအခါများ၌ ဖြစ်ပေါ်သော အထင်အမြင်စိတ်များ ဖြစ်ကြလေသည်။ ။
လေထဲမှာ တိုက်အိမ်ဆောက်ခြင်းသည် အပင် အမြင်စိတ်ဖြစ်သောကြောင့် သောက်သောအိမ် တကယ်ဖြစ်နိုင် လေရာ ထိုကဲ့သို့လေထဲမှာ သောက်သောအိမ်များ အဟုတ်တကယ်ဖြစ်၍လာသည့်အခါ ဤအိမ်ကား ငါနေဖူးသော အိမ်ဖြစ်သည်ဟု စိတ်၌ မှတ်ထင်တတ်လေသည်။
သို့သော်လည်း လေထဲတွင် အိမ်ဆောက်ရာ၌ မိမိကိုယ်ကို မယုံကြည်သောစိတ်၊ မိမိကိုယ်ကို သေးသိမ်သည်ဟု မှတ်ထင်သောစိတ်မျိုး မသိမသာ ပါဝင်၍ နေသည့်အခါ၌ ဖြစ်စေ၊ ထက်သန်သော အသာဆန္ဒစိတ်နှင့် ယုံကြည်သောစိတ် မပါဝင်သည့် အခါ၌ဖြစ်စေ ဆောက်လုပ်သော တိုက်အိမ်သည် စိတ်၌သာဖြစ်ပေါ်ပြီး စိတ်၌သာ ပျောက်ကွယ်သဖြင့်
ကောင်းကင်၌ ပေါ်ပေါက်သော တိမ်ရုပ်များနှင့်မခြား အရာမထင် ပျောက်ကွယ်ဖို့သာရှိလေသည်။ ။
အထင်အမြင်စိတ်အတိုင်း ဖြစ်မြောက်ခြင်း၊ လေထဲ၌ သောက်သောတိုက်၊ အဟုတ်တကယ် ဖြစ်မြောက်ခြင်း၏ အခြားနည်းလမ်းတစ်ခုမှာလည်း စိတ်မများခြင်း ဖြစ်လေသည်။
အထင်အမြင်စိတ်၊ ဆန္ဒစိတ်၊ယုံကြည်သောစိတ်။ မိမိသည် ဘာကိုမဆိုဖြစ်နိုင်သည်ဟုဆိုသောစကား သည် မဟုတ်မမှန်သောစကား ဖြစ်လေသည်။ ဘ၀ကို မဆို ဤနည်းနှင့် ဖြစ်နိုင်ခြေက လူသည် ဘုရား ဖြစ်ရရာ၏။ ထိုသို့ဖြစ်လေရာ အရာရရာတိုင်းကို ဖြစ်အောင် မကြံရ၊ ကြီးလည်း မကြံနိုင်ပေ။
လူတိုင်းမှာ မိမိဆိုင်ရာအလုပ်၊ မိမိနှင့်သင့်လျော်
အကြံရှိရာထိုအလုပ်၊ထိုအကြံကို မိမိ၏သန္တာန် ၌ စစ်ဆေးရှာကြံပြီးနောက် ထိုအကြံတစ်ခုတည်းကို
ကြံလျှင် ထိုအကြံ၊ ထိုအလုပ်၏အောင်မြင်ခြင်း ကိုသာ စူးစိုက်၍ ထင်မြင်ရလေသည်။
အိမ်ကိုလည်း လိုချင်၍ ထင်မြင်၊မော်တော်ကား ကိုလည်း လိုချင်၍ ထင်မြင်၊ ငါးထောင်းဖြစ်ချင် ၍လည်း ထင်မြင်၊ အမျိုးမျိုးထင်မြင်၍ နေချေက အဘယ်အရာကိုမျှ ရမည်မဟုတ်ပေ။ အထင်အမြင် စိတ်သည် လိုချင်ရာကို ရစေနိုင်သော်လည်း လိုချင်
သောအရတစ်ခုရပြီးမှ အခြားတစ်ခုကို ရနိုင်လေ သည်။
နို့ စာရေးသူကိုယ်တိုင် ဖြစ်ပါရဲ့ လားဟု မေးစရာရှိ၏။ ဖြစ်ခဲ့ကြကြောင်း အများသိပြီးဖြစ်လေ သည်။ စာရေးသူသည် သူဌေးသူကြွယ်ဖြစ်ဖို့ထက် နာမည်ကျော်ကြားသူဖြစ်ဖို့ကို တောင့်တထင်မြင် ခဲ့လေသည်။ ငွေကြေးကို ထင်မြင်သည့်အခါ ငွေကြေး ရဖို့လမ်းများ ကြုံကြိုက်ခဲ့၏။ ကြုံကြိုက်သော်လည်း နည်းလမ်းများကို အသုံးပြုသည့်အခါထက် မပြုသည့် အခါကများ၏။ ငွေကြေးရပြန်လျှင်လည်း သူဌေး ဖြစ်ဖို့ စိတ်မကူး။ ချက်ချင်းသုံးပစ်ဖို့သာ စိတ်ကူးသူ ဖြစ်ရာ အဘယ်မှာ သူဌေးဖြစ်နိုင်ပါမည်နည်း။
အထင်အမြင်စိတ်သည် ထင်မြင်သောအရာကို အကောင်အထည်နှင့် ပေါ်လာစေသည်မဟုတ်။ ထိုအရာကို ရဖို့ရန်နည်းလမ်းကို ဖန်တီး၍ပေးတတ်
လေရာ နည်းလမ်းပေါ်သည့်အခါ မိအောင်ဖမ်းကာ အသုံးပြုဖို့ရန်သတိသည် အထူးအရေးကြီးလေသည်။ ထိုသတိကို မသုံးပြန်ကလည်း ထင်မြင်ကျိုးနပ်မည် မဟုတ်ပေ။
ပီမိုးနင်း
ဘားမားဂျာနယ်၊ နံပါတ် ၃။ပထမဝါဆိုလဆုတ် ၄ ရက်၊ ၁၂၉၉
ဆရာကြီးပီမိုးနင်း
(၁၈၈၃-၁၉၄၈)
ဆရာကြီးပီမိုးနင်းသည် စစ်ကြိုခေတ်ကာလ တစ်လျှောက်လုံးတွင် ထင်ရှားကျော်ကြားခဲ့သော စာရေး ဆရာကြီးတစ်ဦးဖြစ်သည်။ ပီမိုးနင်းသည် ကာလပေါ်ဝတ္ထုခေတ်ကို ပျိုးထောင်ပေးခဲ့သော ပုဂ္ဂိုလ် တစ်ဦးဖြစ် သည်သာမက မြန်မာစာပေတွင် လင်္ကာစပ်မနှေးသော စကားပြေအရေးအသားမျိုး ခေတ်စားတွင်ကျယ် လာအောင် လမ်းသစ်လွင် မျိုးစေ့ချခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဖြစ် သည်။
ဆရာကြီးသည်ခေတ်မိသော အတွေး အခေါ်သစ်များကို မြန်မာစာဖတ်ပရိသတ်များ ဦးစွာမိတ်ဆက်ပေးခဲ့သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ။
ဆရာကြီးပီမိုးနင်း အမည်ဖြင့် ထင်ပေါ် ကျော်ကြားခဲ့သောသတင်းစာဆရာ ဦးကျော်ညွန့် ကို ၁၈၈၃ ခုနှစ်တွင် သုံးဆယ်မြို့ ရွာမရပ်၌ အဖ ဦးရွှေခမ်း၊ အမိ ဒေါ်စိန်နုတို့က ဖွားမြင်ခဲ့သည်။ ငယ်န၁မည်မှာ မိုးနှင်းဖြစ်ပြီး ဇာတာအမည်မှာ မောင်ကျော်ညွန့် ဖြစ်သည်။
ဆရာကြီးပီမိုးနင်းသည် ဟံသာဝတီသတင်း စာတိုက်၊ သူရိယသတင်းစာတိုက်၊ မြန်မာ့အလင်း သတင်းစာတိုက်၊ ပညာအလင်းသတင်းစာတိုက် တို့တွင် လုပ်ကိုင်ခဲ့ပြီး ဒဂုန်မဂ္ဂဇင်း၊ လန်ဒန်အက် မဂ္ဂဇင်း၊ ကဝိမျက်မှန်မဂ္ဂဇင်း၊ ကဝိတံခွန်မဂ္ဂဇင်း၊ ဗြိတိသျှဘားမားမဂ္ဂဇင်း၊ တက္ကသိုလ်မဂ္ဂဇင်း၊ သူရိယသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ သစ္စာဝါဒီသတင်းစာ၊ ဗန္ဓုလသတင်းစာ၊ ဗန္ဓုလ ဂျာနယ်၊ ဒီးဒုတ်ဂျာနယ်တို့တွင် ဝတ္ထုများ။ ဆောင်းပါးများ ရေးသားသည်။
ဆရာကြီးသည် “မောင်ကျော်” ကလောင် အမည်ဖြင့် ရှေးဦးကာလက ထင်ရှားခဲ့ပြီးနောက် “ပိုက်ဆံကြီး' ဖြင့် ထင်ရှားခဲ့သည်။ နောက်ပိုင်းတွင် ပီမိုးနင်းအမည်ဖြင့် ထင်ရှားသည်။ “ခင်ထား၊ ပင်လယ်ကူးဓာတ်ပုံ၊ ဘီအေမောင်တင့်နှင့် ကချေသည်မယ်မြင့်၊ နေရီရီ၊ပွဲစားကြီးသားအဖနှင့် မြမြ၊ ဒေး၊ နေညိုညို။ တကိုယ်တော်။ ချစ်ပန်းနွယ်၊ သဲမြညှာ၊ သင်းတို့အကြံ” ဝတ္ထုများ ရေးသားခဲ့သည့်အပြင် စိတ်ပညာ၊ တက္ကဗေဒ၊ ဒဿနိကဗေဒ၊ တက်ကျမ်းများ အပါအဝင် နိုင်ငံရေးရာဆောင်းပါးများ၊ စာပေ ဆောင်းပါးများ၊ လူမှုရေးဆောင်းပါးများ၊ အင်္ဂလိပ် ဘာသာသင်အထောက်အကူပြု ဆောင်းပါးများ ရေးသားခဲ့သည်။
ဝေဥကြီးသည် ၁၉၄၀ပြည့်နှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန် သည်။