ကိုဗစ် - ၁၉ အန္တရာယ် ပူးပေါင်းကာကွယ်
ပိုးကူးစက်မှု ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ ရှိသူနဲ့ သေဆုံးသူဦးရေ မြင့်တက် လာတာကို တွေ့နေရပါတယ်။ ဒါ့အပြင်ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းပိုးတွေ့ရှိ တဲ့သူ ၁၁ ဦးရှိတယ် လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာထားပါတယ်။ အဲဒီ ၁၁ ဦးဟာ ကလေးမြို့မှာ တစ်ဦး၊ မြိတ်မြို့ မှာ သုံးဦး၊ မန္တလေးမြို့မှာ လေးဦး၊ တမူးမြို့မှာ နှစ်ဦး နဲ့ ရန်ကုန်မှာ တစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ထားပါ တယ်။ နိုင်ငံအနှံ့လို့ဆိုရမှာပါ။ မျိုးရိုး ဗီဇကွဲရောဂါပိုး သုံးမျိုး စစ်ဆေးတွေ့ရှိကြောင်းလည်း ဇွန်လ ၁၅ ရက်နေ့က ကြေညာ ထားပါတယ်။ အဲဒီတွေ့ရှိရတဲ့ မျိုးရိုးဗီဇကွဲပိုး သုံးမျိုးထဲမှာ Alpha နဲ့ Delta တို့ဟာ Variants of concern နဲ့ ထပ်မံကူးစက်ပျံ့နှံ့နိုင်မှု ပိုပြီးမြင့်မားတဲ့အပြင် ဆေးရုံတက်ရောက်နိုင်ခြေနဲ့ သေဆုံး နိုင်ခြေလည်း မြင့်မားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီမျိုးရိုး ဗီဇ ပြောင်းပိုးကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယအပြင် အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နဲ့ ဆွစ်ဇာလန် နိုင်ငံတို့မှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ တတိယ လှိုင်းဖြစ်လို့နေ့စဉ်ရောဂါပိုးကူးစက်ခံရသူ ထောင်ချီ ပြီးတွေ့နေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း လူပေါင်း သိန်းချီပြီး တွေ့နေပါတယ်။ အခုဆို မြန်မာနိုင်ငံမှာ ပိုးကူးစက်မှုမြင့်မားလာတဲ့ လက်ပံတန်းမြို့မှာ အခြေခံပညာ ကျောင်းတွေကို ဇွန်လ ၁၄ ရက်နေ့က ပိတ်ထားရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်ထဲမှာလည်း ကူးစက်သူတွေများနေသလို သေဆုံးသူများလည်း ရှိနေပါတယ်။ အခြားမြို့တွေ မှာလည်း ကိုဗစ်-၁၉ပိုးကူးစက်သူတွေ၊ သေဆုံးသူတွေ အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ပိုမိုမြင့်တက် လာတာဟာ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး အတွက် အချက်ပေးသံတွေပဲ ဖြစ်ပါတယ်။ ထိန်းချုပ်ကာကွယ်တားဆီးရေး ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်တားဆီးရေးနဲ့ ပတ်သက်လို့ ၂၀၂၀ မတ်လကစပြီး ကာကွယ် တားဆီးရေး၊ ကုသရေးတွေ လုပ်ဆောင်ခဲ့တာပါ။ မတ်လ ၂၃ ရက်နေ့မှာ ကိုဗစ်ပိုးကို ပထမဆုံး စတင် တွေ့ရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်းမှာ လူထုရဲ့ လိုက်နာဆောင်ရွက်မှု၊ ပူးပေါင်းလုပ်ဆောင်မှုတွေ များစွာအားကောင်းခဲ့တာတွေ့ရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေ၊ အသိပေးနှိုးဆော်မှုတွေ၊ ကြပ်မတ်မှုတွေနဲ့ အညီ လိုက်နာဆောင်ရွက်ခဲ့ကြပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်းမှာ ပိုးကူးစက်မှုနဲ့ သေဆုံးမှုလည်း နည်းပါးခဲ့ပါတယ်။ ၂၀၂၀ မေလ ၂၅ ရက်နေ့အထိသေဆုံးသူလူနာ ခြောက်ဦးသာရှိခဲ့ ပါတယ်။ ဒါပေမယ့် ၂၀၂၀ ဩဂုတ်လ ဒုတိယလှိုင်း ဖြစ်ချိန်မှာတော့ မြန်မာနိုင်ငံဟာလည်း အခြားနိုင်ငံ များနည်းတူ ပိုးကူးစက်မှုနဲ့ သေဆုံးမှုများခဲ့ပြီးအာဆီယံအတွင်းမှတောင် မြင့်မားခဲ့ပါတယ်။ ထိန်းချုပ်ရေး၊ ကာကွယ်ရေးနဲ့ ကုသရေးတွေ လုပ်ဆောင်နေပေမယ့် ပြည်သူလူထုရဲ့ လိုက်နာမှုက ပထမလှိုင်းထက်စာရင် လျော့နည်းခဲ့ပါတယ်။ နိုင်ငံရေးအောက်မှ ထိန်းချုပ်ကာကွယ်ရေး ဒီလိုအချိန်မှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအကြို မဲဆွယ်ပွဲတွေ၊ သွားလာမှုတွေနဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုဗစ်ကာကွယ်ရေး စည်းကမ်းလိုက်နာမှု လွန်စွာအားနည်းခဲ့ပါတယ်။ ကိုဗစ်-၁၉ စည်းကမ်းနဲ့အညီ ရွေးကောက်ပွဲကျင်းပ ခဲ့တယ်ဆိုပေမယ့် လိုက်နာသူတွေရှိသလို မလိုက်နာ တဲ့သူတွေလည်း အများအပြား တွေ့မြင်ခဲ့ရပါတယ်။ ရွေးကောက်ပွဲအနိုင်ရရှိရေးကိုပဲ အဓိက ဦးတည်လုပ်ဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။ နိုင်ငံ တစ်နိုင်ငံအတွက် ရွေးကောက်ပွဲဟာ အရေးကြီး တယ်ဆိုပေမယ့် အဲဒီအချိန်က ကိုဗစ်-၁၉ ကိုလူမ်းလိုက်နဲ့အညီ သလိုမယ်။ နိုင်ငံတိုင်းက အလေးထားရင်ဆိုင်ဖြေရှင်းနေရချိန် ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာ ကိုယ့်နိုင်ငံ အခြေအနေအလိုက် ရွေးကောက်ပွဲကျင်းပတဲ့နိုင်ငံ တွေရှိသလို ရွေးကောက်ပွဲ ရွှေ့ဆိုင်း ကြတဲ့ နိုင်ငံတွေ လည်း ရှိပါတယ်။ ။ ၂၀၂၀ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့အထိ ကိုဗစ်-၁၉ ကြောင့် နိုင်ငံနဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်း ခဲ့တာ ၇၈ နိုင်ငံရှိပြီး အနည်းဆုံး ၁၂၂ နိုင်ငံကတော့ နိုင်ငံလုံးဆိုင်ရာနဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေ ကို ကျင်းပခဲ့တယ်လို့ IDEA က ဖော်ပြထားပါတယ်။ နိုင်ငံရေးနဲ့ ရောဂါကာကွယ်ရေး ချင့်ချိန်ဆုံးဖြတ် ရမယ့်အချိန်လို့ မြင်မိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်နေချိန်မှာပဲ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ ။ ကိုဗစ် ဒုတိယလှိုင်းနဲ့အတူ ရွေးကောက်ပွဲကြို ကာလနဲ့ ရွေးကောက်ပွဲကာလဖြစ်တဲ့ နိုဝင်ဘာလ မှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံးဖြစ်တာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း မှာလည်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ လူစုလူဝေးနဲ့ ကန့်ကွက်ဆန္ဒပြတဲ့သူတွေ၊ ထောက်ခံ ဆန္ဒပြတဲ့သူတွေနဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာ တဲ့သူ၊ မလိုက်နာတဲ့သူတွေကို တွေ့ရပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလကစပြီး ပိုးစစ်ပေးနိုင်မှု နည်းပါးခဲ့တာကြောင့် ပိုးတွေ့မှုလည်း နည်းပါးခဲ့ ပါတယ်။ နိုင်ငံရေးအကျပ်အတည်းဖြစ်လာချိန်မှာ နိုင်ငံရေးလွှမ်းမိုးမှုတွေနဲ့ နိုင်ငံရေးအမြတ် ထုတ်လို မှုတွေကြောင့် ပိုးစစ်ဆေးပေးနိုင်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကျဆင်းခဲ့ ပါတယ်။ နိုင်ငံရေး အကျိုးအမြတ်အတွက်လူထုကျန်းမာရေးစနစ်အပေါ် အသုံးချခြင်းဟာ မသမာတဲ့နိုင်ငံရေးလို့ ဆိုရမှာပါ။ လူစုလူဝေးနဲ့ လုပ်ဆောင်နေတာတွေ၊ ကိုဗစ် ကာကွယ်ဆေးမထိုးဖို့ လှုံ့ဆော်တိုက်တွန်းတာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို CDM ပြုလုပ်ဖို့တိုက်တွန်း တာ၊ မဲဆွယ်တာ၊ ခြိမ်းခြောက်တာတွေဟာ လွဲမှား တဲ့လုပ်ဆောင်ချက်လို့ ဆိုရမှာပါ။ အဲဒီအတွက် အကျိုးဆက်ကတော့ ကိုဗစ်ကူးစက်မှု ကာကွယ် ထိန်းချုပ်ရေးမှာ အားနည်းခဲ့ရပြီး ယခုဆို ပိုးတွေ့အကျိုးအမှုတွေ ပေးနိုင်မှုနဲ့ ထုတ်လို လူနာနဲ့ သေဆုံးမှု ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ နောက်ဆက်တွဲအကျိုးသက်ရောက်မှု ကမ္ဘာလုံးချီဖြစ်ပွားတဲ့ကူးစက်မြန်ကပ်ရောဂါကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေဟာ ကျန်းမာ ရေးဆိုင်ရာ ကိစ္စရပ်များသာမကပါဘူး။ စီးပွားရေး အကျိုးဆက်တွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ဆင်းရဲ မွဲတေမှုတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေအပြင် တစ်ဦးချင်းဝင်ငွေတွေအထိ အကျိုးသက်ရောက်နေ တာ ဖြစ်ပါတယ်။ စီးပွားရေးအင်အား၊ ဘဏ္ဍာရေး အင်အားတောင့်တင်းတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တောင် ကိုဗစ်-၁၉ ရဲ့ နောက်ဆက်တွဲအကျိုးဆက် တွေကို ခံစားနေရချိန်မှာ ဖွံ့ဖြိုးမှုနောက်ကျ နေတဲ့ နိုင်ငံတွေအတွက်တော့ ဆိုဖွယ်ရာမရှိပါဘူး။ ဒီတော့ ကိုဗစ်ကူးစက်မှု ထိန်းချုပ် ကာကွယ်ခြင်းနဲ့အတူ စီးပွားရေးပြန်လည်ကောင်းမွန်လာရေး ဆက်လက် လုပ်ဆောင်ကြရ ဦးမှာပါ။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကိုဗစ်-၁၉ အကျိုး ဆက်ကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်း မြင့်မားလာနိုင်တယ်လို့ယခင်ကတည်းက ခန့်မှန်း ခဲ့ကြတာပါ။ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံရဲ့ ဆင်းရဲ မွဲတေမှုနှုန်းဟာ ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၇ မှာတော့ ဆင်းရဲမှုနှုန်း ၂၄ ဒသမ ၈ ရာခိုင် နှုန်းထိ လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် ယခု နိုင်ငံရေး ဆိုင်ရာအကျပ်အတည်းနဲ့ ကိုဗစ်ဆိုင်ရာတွေကြောင့် ၂၀၂၂ မှာ မြန်မာနိုင်ငံလူဦးရေရဲ့ တစ်ဝက်လောက်ဟာ ဆင်းရဲမှုကြုံတွေ့လာနိုင်တယ်လို့ UNDP က ခန့်မှန်းထားပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့အချိန်ကစပြီး ရပ်ဆိုင်းထားရတဲ့လုပ်ငန်းတွေ၊ တုံ့နှေးနေတဲ့ လုပ်ငန်းတွေ၊ ပိတ်သိမ်းလိုက်ရတဲ့လုပ်ငန်းတွေဟာ အခုအချိန်အထိ ပုံမှန်အနေအထားကို မရောက်ရှိ သေးပါဘူး။ လက်လုပ်လက်စားဘဝတွေ၊ ဝင်ငွေ နည်း မိသားစုတွေအတွက် ပုံမှန်ဝင်ငွေရရှိဖို့များစွာ အခက်အခဲကြုံနေကြရပါတယ်။ ဝင်ငွေလျော့နည်း ကျဆင်းလာတဲ့ အချိန်မှာ ကုန်ဈေးနှုန်းကြီးမြင့်လာ မှုကလည်း တစ်ပူပေါ်နှစ်ပူဆင့်တဲ့ အခြေအနေ ဖြစ်ဆဲပါ။ သက်ရောက်မှုကြီးမားတဲ့ အကျိုးဆက် တွေပါပဲ။ တတိယလှိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံရေးဆိုင်ရာ စိတ်ဝမ်းကွဲမှုတွေ၊ စိန်ခေါ်မှု တွေနဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ ကူးစက် မြန်ပြီးသေဆုံးမှုမြင့်မားတဲ့မျိုးရိုးဗီဇပြောင်းကိုဗစ်ပိုး တွေ့ရှိခြင်းဟာ နိုင်ငံအတွက်ရော လူထုအတွက်ပါ ပိုမိုအကျပ်အတည်းဖြစ်စေနိုင်ပါတယ်။ မျိုးရိုးဗီဇ ပြောင်းပိုးတွေ့နေချိန်မှာတောင်မှ လူစုလူဝေးနဲ့ ဆန္ဒ ပြမှုတွေဟာ open space မှာ လုပ်ကြတာဖြစ်လို့ ပိုးကူးစက်နိုင်ခြေနည်းတယ်လို့ဆိုတဲ့သူက ဆိုနေ ပါတယ်။ ကိုယ့်ရဲ့ နိုင်ငံရေးအကျိုးစီးပွားအတွက် လူထုကိုအသုံးချနေခြင်းသာ ဖြစ်ပါတယ်။ ကိုဗစ် ပိုးကတော့ နိုင်ငံရေးအသွေးအရောင်တွေ၊ ဝါဒတွေ၊ လူမျိုးတွေ၊ ဘာသာတွေ၊ အသက်အရွယ်တွေ၊ ဆင်းရဲချမ်းသာတွေ မခွဲခြားပါဘူး။ ကမ္ဘာ့အနှံ့အပြား မှာ ပိုးကူးစက်မှုတွေ ဖြစ်နေတာပါ။ ကိုဗစ်ကာကွယ် ရေးစည်းကမ်း မလိုက်နာသရွေ့ ပိုးကူးစက်နိုင်ခြေ ရှိနေမှာ သေချာပါတယ်။ နိုင်ငံရေးဟာ နိုင်ငံ့အကျိုးစီးပွား၊ လူထုအကျိုး စီးပွားအတွက် တစ်နည်းအားဖြင့် အမျိုးသား အကျိုးစီးပွားအတွက် ပြည်သူလူထုကိုယ်စား လုပ်ဆောင်ခြင်းလို့ နားလည်ပါတယ်။ ဒါပေမယ့် နိုင်ငံနဲ့ လူထုအကျိုးစီးပွားအတွက်မဟုတ်ဘဲ လူထု ကို အသုံးချပြီး ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေခြင်းဟာ နိုင်ငံရေးလို့ မသတ်မှတ်နိုင် ပါဘူး။ ဒီလိုအချိန်မှာ နိုင်ငံရေးနဲ့ ကိုဗစ်ကပ်ရောဂါကို ခွဲခြားရှုမြင်ကြပြီး တတိယလှိုင်းကို အချိန်မီ ကာကွယ်ထိန်းချုပ်နိုင်မှသာ ကိုဗစ်ကြောင့် ဖြစ်လာ နိုင်တဲ့ အကျိုးဆက်တွေကိုကာကွယ်နိုင်ပါလိမ့်မယ်။ ကိုဗစ်တတိယလှိုင်းကို ထိထိရောက်ရောက် ကာကွယ်ဖို့အတွက် ကိုဗစ်စည်းကမ်းတွေ အလေး ထားလိုက်နာဖို့လိုသလို ကိုဗစ်ကာကွယ်ဆေးထိုးနှံကြဖို့လည်း လိုပါတယ်။ တစ်ဦးချင်းစီရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကိုဗစ်တတိယလှိုင်းကို အလေးထား ကာကွယ်ကြရမှာပါ။ နိုင်ငံရေး သွေးထိုး လှုံ့ဆော်မှု၊ ဝါဒဖြန့်မှု၊ အသုံးချမှု၊ တိုက်တွန်းမှု၊ ခြိမ်းခြောက်မှုတွေထက် လူသား ဘဝလုံခြုံမှုကို ဦးစားပေးလုပ်ဆောင်ကြဖို့ လိုပါလိမ့်မယ်။ ။ တစ်ဦးချင်းဘဝ လုံခြုံရေးအတွက်သာမက မိမိပတ်ဝန်းကျင်၊ မိမိမြို့ရွာနဲ့ မိမိနိုင်ငံသားအားလုံး ဘဝလုံခြုံဖို့ဦးစွာလိုအပ်မှာပါ။ ဘယ်လောက်ပဲငွေကြေး ချမ်းသာချမ်းသာ ရာထူးအာဏာတွေ ဘယ်လောက်ပဲ ရှိရှိ၊ ပညာတွေ ဘယ်လောက်ပဲတတ်တတ်ကျန်းမာရေးမကောင်းရင် ဘာမှ တန်ဖိုး မရှိဘူးဆိုသလိုပါပဲ။ ဒါကြောင့် လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေး၊ လူထု တစ်ရပ်လုံး ကျန်းမာရေးအတွက် ဦးစားပေး လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ အခုလိုကိုဗစ်-၁၉ တတိယလှိုင်းစတင်နေချိန် မှာ နိုင်ငံရေးအသွေးအရောင်တွေ၊ အယူအဆတွေ ထက် ကိုဗစ်အန္တရာယ်ကာကွယ်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကိုဗစ်အန္တရာယ် ပူးပေါင်းဆောင်ရွက်ခြင်းဟာ ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ခြင်း ဖြစ်လို့ နိုင်ငံရေးလုပ်ဆောင်မှုတစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းကို ကျော်လွှား နိုင်ဖို့ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ မျိုးငြိမ်းငယ်