Skip to main content

တစ်ဖက်သတ်လုပ်ရပ်

ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်တွေအားလုံးကို လူတိုင်းမြင်တွေ့ကြားသိရမှာ မဟုတ်ပါဘူး။ ယနေ့ မြင်တွေ့ကြားသိနေရတဲ့ အကြောင်းအရာတွေအနက် ပြည်တွင်း ပြည်ပမီဒီယာတွေ၊ တစ်ဖက်ပါတီဝင်တွေ၊ အဲဒီ ပါတီကြီးကို ထောက်ခံသူတွေ၊ အမှားအမှန် ဝေဖန်ခွဲခြားနိုင်စွမ်းမရှိသူတွေရဲ့ တစ်ဖက်သတ် ရွေးချယ်ဖော်ပြတဲ့ သတင်းတွေ သာ များပါတယ်။ တိုင်းပြည်မှာ ဆူပူဆန္ဒပြသူတွေ၊ ဆန့်ကျင်ပုန်ကန်တိုက်ခိုက် ဖျက်ဆီးကြ သူတွေရဲ့ လှုပ်ရှားမှုသတင်းတွေ၊ အခါပေးသတင်းတွေ၊ လမ်းကြောင်းပြ သတင်းတွေ၊ တွန်းအားပေးတဲ့ သတင်း တွေ၊ ဆန့်ကျင်သူတွေ စိတ်ဓာတ်ကြွ အောင်၊ ပြည်တွင်း၊ ပြည်ပက အထင် အမြင်လွဲမှားအောင် သွေးထိုးမြှောက်ပင့် ပေးတဲ့သတင်းတွေကိုသာ မြင်တွေ့ကြား သိကြရမှာ ဖြစ်ပါတယ်။ မြို့ရွာများအတွင်း တရားဥပဒေစိုးမိုး ရေးဆောင်ရွက်ကြတဲ့ လုံခြုံရေးတပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေကိုတော့ ပြည်သူ တွေ အထင်အမြင်လွဲမှားအောင် သတင်း မှား၊ သတင်းလိမ်၊ ပုံဖျက်ပုံဖော်နေကြ တာပဲဖြစ်ပါတယ်။ သူတို့အလိုကျဖော်ပြ အပြစ်မဲ့ ပြည်သူတွေ ရက်ရက် စက်စက် သတ်ဖြတ်ခံရတာတွေနဲ့ ဆန့်ကျင်တိုက်ခိုက် သောင်းကျန်း ဖျက်ဆီးသူတွေ သေဆုံးတဲ့သတင်းတွေ ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ ဆူပူ အကြမ်းဖက်ဆန္ဒပြသူတွေကို ဖမ်းဆီးရင် စစ်အာဏာရှင် လုပ်ရပ်တွေဆိုပြီး သတင်းထုတ်ကြပါတယ်။ ဆူပူဆန့်ကျင် သူတစ်ယောက် သေဆုံးရင် အပြစ် မရှိတဲ့ ပြည်သူတစ်ယောက်ကို သတ် သယောင်၊ သူရဲကောင်းတစ်ယောက် ကျဆုံးသယောင် ဇာတ်နာအောင် လုပ်ကြံဖန်တီး ဖော်ပြကြပါတယ်။ မြန်မာပြည်ရဲ့ ကောင်းသတင်းတွေကို ဖော်ပြနိုင်ခြင်းမရှိဘဲ မကောင်းတဲ့ သတင်းတွေကိုသာတွင်တွင် ဖော်ပြနေ ကြပါတယ်။ ခါးသီးတဲ့လုပ်ရပ်တွေ မျက်မှောက်ကာလမှာ ဒီမိုကရေစီကို မြတ်နိုးပါတယ်ဆိုသူတွေ ပြောပြောနေ ကျဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ် ခြင်း၊ မှန်ကန်တိကျခြင်းဆိုတာတွေဟာ လက်တွေ့ မဟုတ်တဲ့ ပါးစပ်စကားဖြစ် နေပါတယ်။ ယနေ့ကမ္ဘာမှာ “အပေါ်ယံက ပျားသကာ၊ အတွင်းစစ်တော့ ခါးတမာ” လို အမှန်တရားပါလို့ ဟစ်ကြွေးကြပြီး ခါးသီးတဲ့ လုပ်ရပ်တွေ လုပ်နေကြတာ ကို မြင်တွေ့နိုင်ပါတယ်။ မီဒီယာကျင့်ဝတ်နဲ့ မလျော်ညီဘဲ မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေ၊ ဘက်လိုက်ရေးသားထားတဲ့ သတင်းတွေကို ထုတ်လွှင့်နေကြတဲ့ သူတွေကတော့ တစ်ပါးနိုင်ငံက လူတွေ မဟုတ်ပါဘူး။ တစ်ပါးနိုင်ငံရဲ့ ဒေါ်လာ ငွေကိုယူပြီး မိမိနိုင်ငံပျက်စီးအောင် တစိုက်မတ်မတ် လုပ်နေကြသူတွေဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ကိုယ်နိုင်ငံသားအချင်းချင်း ကိုယ့်တိုင်း ပြည်နဲ့ ကိုယ့်လူမျိုး ပျက်စီးအောင် လုပ်တာကို ကမ္ဘာပေါ်မှာ မြန်မာပဲလို့ ဂုဏ်ယူချင်ဟန်တူပါတယ်။ လူထုမျက်ရည်ချူ ၁၉၈၈ ခုနှစ် တိုင်းဆူပြည်ပျက် ဖြစ်နေတဲ့အချိန်အခါတုန်းက ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ သတင်းဌာန တွေကပဲ တိုင်းပြည်ကြီး ပြိုလဲအောင်၊ ပျက်စီးအောင် ဘက်လိုက်သတင်းတွေ ပေး၊ လုပ်ကြံသတင်းတွေလွှင့်၊ အခါပေး၊ အချိန်းအချက် လုပ်ပေးခဲ့ကြတာကို မှတ်မိကြဦးမှာဖြစ်ပါတယ်။ အဲဒီတုန်းက လေလှိုင်းပေါ်ကအသံနဲ့ တိုင်းပြည် ပျက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် တုန်းက ဘီဘီစီသတင်းထောက် ခရစ္စတို ဖာဂန်းနက်စ်က မြန်မာပြည်မှာ လူထု အုံကြွမှုတွေဖြစ်လာဖို့ သတင်းတု (fake news) အပုဒ်ပေါင်း ၁၂၇၅ ပုဒ် အသံလွှင့် ခဲ့ပါတယ်။ ခရစ္စတိုဖာဂန်းနက်စ်ရဲ့ လုပ်ကြံသတင်း တွေကြောင့် ဆူပူသောင်းကျန်းမှုတွေ ပိုဖြစ်လာသလို မင်းကိုနိုင်နဲ့ အပေါင်းပါတို့က အင်းလျားကန်ပေါင်မှာ လုံထိန်းတွေက တက္ကသိုလ်ကျောင်းသူ တွေကို မုဒိမ်းကျင့်တယ်လို့ ဘီဘီစီနဲ့ ပင်းပြီး လုပ်ကြံသတင်းတွေ ထုတ်လွှင့် ကာ လူထုမျက်ရည်ကိုချူခဲ့ပါတယ်။ လုပ်ဇာတ်တွေပေါ် ၂၀၂၁ ခုနှစ်မှာလည်း ပြည်ပသတင်း ဌာနတွေရဲ့ ဘက်လိုက်တဲ့၊ တိုင်းပြည် | ပျက်အောင် သွေးထိုးလှုံ့ဆော်ပေးနေတဲ့ သတင်းထုတ်လွှင့်မှုတွေဟာ ၁၉၈၈ ခုနှစ် ထက်တောင် ဆိုးနေတယ်လို့ ထင်ရပါ တယ်။ ၁၉၈၈ ခုနှစ်က ဘီဘီစီပုံစံမျိုး၊ ၂၀၂၁ ခုနှစ်မှာ ဒီဗွီဘီက မြန်မာပြည်တစ်ဝန်းမှာ တိုက်ပွဲတွေဖြစ်နေသယောင် ပုံတွေ၊ သရုပ်ပြပုံတွေနဲ့ သတင်းတုတွေ ဖန်တီးနေကြပါတယ်။ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်က ဖြစ်စဉ်တွေမှာ လုပ်ကြံသတင်း တွေထည့်ပြီး ပြည်သူ တွေ ထင်ယောင်ထင်မှားဖြစ်အောင် မမှန် မကန် ဖန်တီးခဲ့ကြပါတယ်။ စစ်ဘေး ရှောင်ဒုက္ခသည် အတုတွေကို ဓာတ်ပုံဆက်တင်လုပ်ကြပါတယ်။ သတင်း တုတွေရိုက်ကူးပြီး အွန်လိုင်းပေါ်မှာ အဆက်မပြတ် တင်ခဲ့ကြပါတယ်။ မြန်မာ ပြည် မြောက်ဖျားက သတင်းတွေ အများစုဟာ ဒီဗွီဘီသတင်းဌာနရဲ့ လုပ်ဇာတ်တွေ ဖြစ်တယ်ဆိုတာ ပေါ်ပေါက်လာပါတယ်။ မြန်မာနိုင်ငံအကြောင်းကို နေ့စဉ် ထုတ်လွှင့်နေတဲ့ ပြည်ပအခြေစိုက် မီဒီယာတွေဟာ စစ်အုပ်ချုပ်ရေးကို မထောက်ခံလို့ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းလုပ်နေတယ် မထင် လိုက်ပါနဲ့။ သူတို့ကို ထောက်ပံ့ထားတဲ့ အနောက်မူဝါဒနဲ့ မကိုက်ညီရင် ဘယ် အစိုးရတက်တက် ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို အကြောင်းပြပြီးတော့ တစ်ဖက်သတ်လုပ်နေမှာပါပဲ။ ယခုအခါ | တစ်ဖက်သတ်လုပ်ကြတာ အနောက် မီဒီယာတစ်မျိုးတည်း မဟုတ်ပါဘူး။ သူ့ရဲ့ မျိုးဆက်သစ် ဆိုရှယ်မီဒီယာလည်း ပါလာပါတယ်။ ။ ဖေ့စ်ဘွတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ နစ်ကလပ်က “အများ ပြည်သူတွေအတွက် ဆိုးရွားတဲ့အန္တရာယ် ရှိမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင် ဖေ့စ်ဘွတ်ကို ပိတ်ထားမှာဖြစ်ပါ တယ်။ ပိတ်ထားတဲ့ကာလကိုသက်တမ်း ထပ်တိုးသွားပြီး အန္တရာယ် မှေးမှိန်သွား တဲ့အချိန်အထိ ကျွန်တော်တို့ အကဲဖြတ် ချင့်တွက်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။ အကြမ်းဖက်လှုံ့ဆော် ဖေ့စ်ဘွတ်ရဲ့ လူမှုကွန်ရက် စံချိန် စံညွှန်းတွေဟာ လေးစားလောက်စရာ လို့ မြင်မိကြမှာပါပဲ။ ဖေ့စ်ဘွတ်ရဲ့ စံချိန် စံညွှန်းတွေဟာ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်း တွေကိုကြည့်ပြီး လူထုအကျိုးစီးပွားနဲ့ အန္တရာယ်ဖြစ် နိုင်တာတွေကို ချိန်ဆပြီး လုပ်ဆောင် တယ်လို့ ဆိုထားတယ်။ စစ်မှန်မှု၊ ဘေးကင်းလုံခြုံမှု၊ ကိုယ်ရေးလုံခြုံမှု၊လူ့ဂုဏ်သိက္ခာတွေက ဖေ့စ်ဘွတ်ရဲ့ စံနှုန်းတွေ ဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမယ့်လည်း သူအခြေစိုက်ရာနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ယှဉ်ရင် ဖေ့စ်ဘွတ်ဟာ အနောက်နိုင်ငံအခြေစိုက် မီဒီယာတွေ လိုပဲ တစ်ဖက်သတ်ဘက်လိုက်တာပါပဲ။ လူမှုကွန်ရက်တွေပေါ်က ဂျင်းနဲ့ သတင်းကို ခွဲခြားတတ်ဖို့ လိုလာပါပြီ။ ဖေ့စ်ဘွတ်မှာ ဂျင်းလား၊ သတင်းလား မခွဲခြားနိုင်တဲ့ ပို့စ်တွေကို တွေ့နေရပါ တယ်။ ဖေ့စ်ဘွတ်ဟာ ဖြစ်စေလိုတဲ့ ဂျင်း တွေကို ခွင့်ပြုပေးထားပါတယ်။ အကြမ်းဖက်လှုံ့ဆော်တာတွေကို အား မပေးရဘူးဆိုပေမယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အကြမ်းဖက်တာတွေ၊ သတင်းတု၊ သတင်းမှားတွေကို အားပေး နေတာ မြင်တွေ့နေရပါတယ်။ ဒေါ်လာစား မြန်မာ ဒီနေ့ ဒီအချိန်မှာတော့ သတင်းတု၊ သတင်းမှားတွေ၊ အကြမ်းဖက်မှု လှုံ့ဆော်တာတွေ အတော်လေးကျယ်ပြန့်လာနေ ပါပြီ။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ပြန်လည် တုံ့ပြန်ပို့စ်တွေ၊ အမှန်တရား ပြန်လည်ထုတ်ဖော်တဲ့ ပို့စ်တွေကို ပိတ်ပင်တာ၊ ဖြတ်တောက်တာတွေ တွင်တွင်လုပ်နေပါပြီ။ မြန်မာလိုတင် နေတဲ့ မှန်တဲ့၊ မမှန်တဲ့ပို့စ်တွေကို နစ်ကလပ်တို့၊ ဇူကာဘတ်တို့ နားမလည် ကြပါဘူး။ မြန်မာလိုနားလည်တဲ့ ဒေါ်လာ စား မြန်မာတွေကပဲ စီစဉ်လုပ်ကိုင်နေကြ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှကို ထိန်းချုပ်စီမံခန့်ခွဲ တဲ့ရုံးခွဲကို စင်ကာပူမှာ ဖွင့်လှစ်ထားပါ တယ်။ မြန်မာနိုင်ငံရဲ့ ဖေ့စ်ဘွတ်ကို အဓိကကိုင်တွယ်သူက Rebecca ဆိုတဲ့ အမျိုးသမီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေရဲ့ အဓိကတာဝန်ရှိ သူလို့ ဆိုနိုင်ပါတယ်။ ဖြုတ်ချဖို့ဝန်မလေး ဖေဖော်ဝါရီလ နောက်ပိုင်း ဆူပူ အုံကြွမှုတွေမှာ ဖေ့စ်ဘွတ်ကို အသုံးချ ခဲ့ပါတယ်။ ဒလန်၊ သူလျှိုဆိုပြီး မဟုတ် မမှန်စွပ်စွဲမှုတွေကို ဖေ့စ်ဘွတ်က ပြောင်ပြောင်တင်းတင်းဖော်ပြပြီး အချို့ ရက်ရက်စက်စက် အသတ်ခံရပါတယ်။ ယခုနောက်ပိုင်း ခြိမ်းခြောက်တာ၊ ဖောက်ခွဲဖျက်ဆီး၊ သတ်ဖြတ်မှုတွေ ပြုလုပ်လာတာတွေကို ဖေ့စ်ဘွတ်က ခွင့်ပြုထားတယ်လို့ ပြောနိုင်ပါတယ်။ သတင်းတု၊ သတင်းမှားတွေကို NLD၊ NUG၊ ပြည်ပအခြေစိုက် မီဒီယာတွေက ဘယ်လိုပဲတင်တင် ခွင့်ပြုပေးထား ပေမယ့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က တင်တဲ့ ခိုင်မာတဲ့သတင်းအရင်းအမြစ် တွေကိုတော့ ဖြုတ်ချပိတ်ဆို့ဖို့ဝန်မလေး ခဲ့ပါဘူး။ မကြာသေးမီက ကယားပြည်နယ် မိုးဗြဲရဲစခန်းကို အကြမ်းဖက်သောင်း ကျန်းသူတွေ ဝင်ရောက်စီးနင်းမယ့် အချိန်မတိုင်ခင်ကလည်း ဖေ့စ်ဘွတ်က နေ ကြိုတင်စိန်ခေါ် ဖြန့်ဝေခဲ့ တာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၇ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုသိမ်မြို့ဆိုပြီး အကြမ်းဖက်လုပ်ငန်း တွေကို ထုတ်ပြန်လာပါတယ်။ အကြမ်းဖက်အဖွဲ့တစ်ခုရဲ့ အကြမ်းဖက် လှုံ့ဆော်စာမှန်း သိပါလျက်နဲ့ ဖေ့စ်ဘွတ်က ခွင့်ပြုပေးခဲ့ပါတယ်။ အခြားအကြမ်းဖက် အဖွဲ့တွေရဲ့ လှုံ့ဆော်စာတွေကို နေ့စဉ်လိုလိုတွေ့ နေရပါတယ်။ ဒါတွေဟာ ပြည်သူ လူထုတစ်ရပ်လုံး ဒုက္ခဆင်းရဲ ရောက်စေမယ့် တိုင်းဆူပြည်ဖျက် အကြမ်းဖက်လုပ်ရပ်တွေမှန်း သိပါ လျက်နဲ့ မရိုးဖြောင့်တဲ့သဘောနဲ့ အားပေးလှုံ့ဆော်ပေးနေတဲ့ ပြည်ပ လက်ဝေခံ မြန်မာနိုင်ငံသား ပုဆိန်ရိုး တွေရဲ့ တစ်ဖက်သတ်လုပ်ရပ်တွေလို့ ဆိုချင်ပါတယ်။ ။ ကိုပေါက်