Skip to main content

Tourism ဖွံ့ဖြိုးမှုအတွက် အရေးပါသော DMO

ကမ္ဘာသုံး Tourism ကို မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဟု အစဉ်အဆက် ခေါ်ဝေါ် လာခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ နိုင်ငံတစ်ခုကို ဖွံ့ဖြိုးတိုးတက်လာစေ ရေးအတွက် တာဝန်ယူခြင်း၊ တာဝန်ခံ ခြင်း ပြုရန်ဖြစ်လာသော အစိုးရသည် နိုင်ငံစီးပွားအတွက် ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ စသည်ဖြင့် အခြေခံသဘောတရား အတိုင်း ခွဲခြမ်းသုံးသပ်၍ အသင့်လျော်ဆုံး ကဏ္ဍကိုဦးစားပေးရေးဆွဲဆောင်ရွက်ကြ ရသည်။ မြန်မာနိုင်ငံသည် ဒုတိယ ကမ္ဘာစစ်ကြီး စစ်ပြီးခေတ်ကာလမှသည် စတင်၍ နိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှုအတွက် ခရီးသွားလုပ်ငန်းကို အလေးထား ဦးစား ပေးဆောင်ရွက်သော မျှော်မှန်းချက်များ ထားရှိလာသော်လည်း ရီးသွားလုပ်ငန်း သည် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုးပမာဏ၌ ပါဝင်မှု အချိုးအစား နည်းလှသည်။ နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု ကဏ္ဍ အတွက် ခရီးသွားလုပ်ငန်း ဝင်ငွေက မည်မျှအချိုးအစား ပမာဏပါရှိသနည်း ဆိုတာသည်လည်း အရေးကြီးသော ပြမှတ်ကဲ့သို့ ဖြစ်လာပါသည်။ ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုတွင် အားဖြည့်ပေးနိုင် နိုင်ငံ၏ရေမြေတောတောင်သဘာဝ ပထဝီဝင်အနေအထား သယံဇာတ ပေါကြွယ်ဝမှုများအပြင် လူတို့၏ ယဉ်ကျေးမှုသဘာဝ၊ လူတို့၏ ခရီးသွား ဧည့်သည်အပေါ် တုံ့ပြန်မှု စရိုက်လက္ခဏာ များမှအစ ခရီးသွားလုံခြုံမှုနှင့် သွားလာမှု လွယ်ကူစေမှု အနေအထားများအထိ ကြည့်ပြီး Tourism ခရီးသွားလုပ်ငန်းကို ရွေးချယ်လာကြသည်။ ထိုအခါ အစိုးရ ဦးဆောင်မှုအပြင် ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် ပြည်သူလူထု ပေါင်းစပ်ပြီး မျှော်မှန်းချက်ပန်းတိုင်ကို ရောက်အောင် သွားရန် မျှော်မှန်းချက်များ၊ လုပ်ငန်း တာဝန်ကြီး များနှင့် ပန်းတိုင်ရည်မှန်းချက်များ ချမှတ်ကြသည်။ Tourism ခရီးသွား လုပ်ငန်းကြောင့် သဘာဝအနေအထားနှင့် ယဉ်ကျေးမှု အနေအထားချင်း တူညီလျှင်ပင် ဦးဆောင်ပြီး စွမ်းဆောင်ရည် ရှိသည့် အစိုးရနှင့် စည်းကမ်းလိုက်နာပြီး ကြိုးပမ်းအား ထုတ်ကြသော ပြည်သူတွေ ရှိသည့်အခါ အခြေအနေများ ပေါင်းစပ်လာပြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုးမှုတွင် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ကွာဟချက်ကို တွေ့ရသည်။ ခရီးသွား လုပ်ငန်း အောင်မြင်သော နိုင်ငံသည် ဂျီဒီပီ ဖွံ့ဖြိုး တိုးတက်မှုတွင်လည်း အားဖြည့်ပေးနိုင် သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသည်အရှေ့တောင်အာရှ နိုင်ငံများအသင်းဝင် (၁၀) နိုင်ငံကဲ့သို့ စီးပွား ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့သည် ဖြစ်သော်လည်း အောင်မြင်ခြင်း ရှိ/ မရှိ ဆန်းစစ်ပါသော် မအောင်မြင်သေးဘူးဟု သာ ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံနှင့် ထိုင်း နိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ထဲတွင် ရေမြေချင်း ဆက်စပ်ထိစပ်နေ သည့်၊ ရိယာလည်းကျယ်သည့်နိုင်ငံကြီး နှစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံက ဧရိယာ ပိုမိုကျယ်ဝန်းပြီး ထိုင်းနိုင်ငံသည် လူဦးရေ ပိုများသည်။ သို့သော် ခရီးသွားလုပ်ငန်းတွင် ထိုင်းနိုင်ငံက ပိုမို အောင်မြင်ပြီး နိုင်ငံ၏ စီးပွားရေး၊ ပြည်သူလူထု၏ တစ်ဦး ချင်းစီးပွားရေးကို အားဖြည့်ပေး နိုင်သည်။ ထိုင်းနိုင်ငံ၏ ခရီးစဉ်ဒေသများသည် ကမ္ဘာ့ခရီးသွား ဈေးကွက်တွင် ထင်ရှားကျော်ကြားသည်။ နာမည်ကြီးသည်။ ကမ္ဘာ့နိုင်ငံများအတွင်း ခရီးသွားလုပ်ငန်း မှဝင်ငွေအများဆုံးရသော ထိပ်ပိုင်း (၁၀) နိုင်ငံတွင် ပါဝင်ပြီး အဆင့်အားဖြင့် လေးရှိသည်။ UNWTO ခေါ် ကမ္ဘာ့ခရီးသွား လုပ်ငန်း အဖွဲ့ကြီး၏ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ပေးသော မှတ်တမ်းစာရင်းအရ ထိုင်းနိုင်ငံ၏ ခရီးသွားဝင်ငွေသည် ၅၇ ဘီလီယံ ဒေါ်လာရှိသည်။ ထင်ရှားသော ထိပ်ပိုင်းနိုင်ငံများမှာ အမေရိကန်၊ စပိန်၊ ပြင်သစ်၊ ထိုင်း၊ အင်္ဂလန်နိုင်ငံတို့ဖြစ်သည်။ မည်သို့ဖြစ်စေ မြန်မာနိုင်ငံသည် လည်း အစိုးရအဆက်ဆက် ကြိုးပမ်း ခဲ့ကြသလို နောင် ဆောင်ရွက် ကြမည့် အစိုးရများသည်လည်းကြိုးပမ်းကြရဦး မည်သာဖြစ်သည်။ အခွင့်အလမ်းရှိနေ နိုင်ငံတစ်ခု၏ခရီးသွားလုပ်ငန်းသည် ဒေသ၏ (Ecosystem)များ (သဘာဝ နှင့် လူတို့ ဆက်နွယ်မှု)များနှင့် ယဉ်ကျေးမှု စရိုက်လက္ခဏာ ထာဝစဉ်တည်တံ့ခိုင်မြဲနေသမျှ ရှင်သန်ထွန်းကားဖို့ အခွင့်အလမ်းရှိနေမည်သာ ဖြစ်သည်။ လူတို့ကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ သဘာဝကြောင့် ဖြစ်တတ်လာသော ဘေးအန္တရာယ်များကြောင့် ထိခိုက် သော နိုင်ငံတွင် မည်သည့်နိုင်ငံမဆို ခရီးသွား လုပ်ငန်းဝင်ငွေ ထိခိုက်တတ်ပါသည်။ မြန်မာနိုင်ငံ သည်လည်း ဤကဲ့သို့ သီအိုရီ ဆန်သော သဘောတရားများဖြစ်ပေါ်ခဲ့ သည်သာဖြစ်သည်။ မြန်မာနိုင်ငံ၏ရေမြေသဘာဝ ဆွဲဆောင်မှု၊ လူတို့ဖန်တီးသော ခရီးသွားဆွဲဆောင်မှု၊ မူလမပျက် ယဉ်ကျေးမှု အခြေခံများကြောင့် ခရီး သွားလုပ်ငန်းထွက်ကုန်ဟု ခေါ်ဆိုရမည့် Tourism Products ဆက်စပ်လာသော စိန်ခေါ်မှုများကြောင့် ခရီးသွားလုပ်ငန်း ဆိုးကျိုးသက်ရောက် မှုဖြစ်စေခဲ့သည်မှာ လက်တွေ့ ဖြစ်သည်။ အထူးသဖြင့် အခြားနိုင်ငံများ ဖြစ်သောထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ တို့အပြင် အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ စသည့် ခရီးသွား ဧည့်သည်နှင့် ဝင်ငွေအဝင်များသည့် နိုင်ငံများနှင့် မတူညီသည်မှာ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ပြည်တွင်းသွားလာမှု မလုံခြုံ၊ မငြိမ်းချမ်းခြင်းတို့ကြောင့် ဖြစ် သည်ဟု တွေ့ရသည်။ ခေတ်စကားဖြင့် ဆိုရပါက စိန်ခေါ်မှုတွေ များလှသည်ဟု ပြောရပါမည်။ မကြာသေးခင်သော နှစ်များထဲတွင် အဆိုးဆုံး အနေအထားထိ ရောက်သွားခဲ့ပါသည်။ နှစ်အလိုက်ဆက်ပြီး မျှော်မှန်းချင့်ချိန်ကြည့်သည့် အခါ နောက်ထပ် ပိုမိုထိခိုက်လာမည် လား၊ ပြန်လည်ရုန်းထတည်ထောင်နိုင် မည်လားဆိုသည်ကို အစိုးရနှင့် အဖွဲ့အစည်းများ၊ ပြည်သူ များအပေါ် မူတည် နေပါတော့သည်။ ပြည်တွင်း တည်ငြိမ် ရေးနှင့် ငြိမ်းချမ်းမှုကို မခြွင်းမချန် လိုချင်ကြမှသာ အိမ်သာမှ ဧည့်လာမည် ဆိုသော ရွှေရေရောင်ခေတ်ကို ရောက်နိုင် တော့မည်။ ။ အစိုးရသည် ခရီးသွားလုပ်ငန်းကို မဟာဗျူဟာ လမ်းကြောင်းချသည့်အခါ ဖွံ့ဖြိုးတိုးတက်ရေး ကိုသာ လုပ်ရမည်ဆို မည်လား၊ ခရီးသွားလုပ်ငန်းရေရှည်တည်တံ့ရေး Sustainable Tourism Strategy ကို ချမှတ်မည်လား သို့မဟုတ်ဖွံ့ဖြိုးမှုနှင့် ထိန်းသိမ်းမှုကို တစ်ပြိုင်နက် ဟန်ချက်ယူ၍ လုပ်သွားမည်လား။ ရွေးချယ်ချမှတ်ရမည်ဖြစ်သည်။ ခရီးသွား လုပ်ငန်းသည် ဖွံ့ဖြိုးလွန်းပါက သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု ပတ်ဝန်းကျင်ကို မသိမသာမှ သိသိသာသာထိခိုက် ပျက်စီးစေ တတ်ပါသည်။ ချီတက်နေရင်း နင်းမိသွားသော မြက်ပင်လေးတွေ၊ ကျိုးကျသွားသော သစ်ကိုင်း သစ်ပင်တွေ၊ ခန်းခြောက်သွားသော ရေစိမ့်အိုင်တွေ၊ ခြောက်သွေ့သွားသော တောတွေ၊ ပြောင်သွားသော တောင်တွေ၊ ပျက်ယွင်းသွားသော မူလယဉ်ကျေးမှုတွေ ထိန်းသိမ်းသွားမည်လား ဆိုတာသည် လည်းဟာဗျူဟာရည်မှန်းချက်အတွက် ပြင်ဆင်ရင်း စဉ်းစားရမည့်အချက် ဖြစ် သည်။ ဆွဲဆောင်မှု အားကောင်းဖို့ အဓိကခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဟူ၍ မျှော်မှန်းဆောင်ရွက် လာသည့်အခါ ခရီးစဉ်ဒေသ(Destination) ဆွဲ ဆောင်မှု အားကောင်းဖို့က အဓိက ဖြစ်လာပါ သည်။ ခရီးစဉ်ဒေသဆိုသည်မှာ အနီးစပ် ဆုံး အရှေ့တောင်အာရှ ဒေသဖြစ်စေ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့်နိုင်ငံ တစ်ခုခုဖြစ်စေ၊ သွားလိုသော နိုင်ငံအတွင်းမှ ဥပမာ- မြန်မာပြည်ဆိုလျှင် တိုင်းဒေသကြီးဖြစ်စေ၊ ပြည်နယ်ဖြစ်စေကိုလည်း ခေါ်ဆိုနိုင်ပါသည်။ အလားတူ ပင် ပုဂံ၊ အင်းလေး၊ မန္တလေး၊ ငပလီကမ်း ခြေ၊ ချောင်းသာကမ်းခြေဖြစ်စေ၊ ကျိုက် ထီးရိုးကဲ့သို့သော ဘုရားစေတီများဖြစ် စေ၊ ထင်ရှားသော ခရီးသည်ဧည့်သည်ကို ဆွဲဆောင်မှုရှိသောနေရာများ သည်လည်း ခရီးစဉ်ဒေသတွင် အကျုံးဝင်ပါသည်။ ပုဂံကဲ့သို့ မြို့ပြတစ်ခုခုသည်လည်း ခရီး စဉ်ဒေသအဖြစ် စီမံဆောင်ရွက်သွားနိုင် ပါသည်။ နိုင်ငံတကာမှဖြစ်စေ၊ ပြည်တွင်း မှဖြစ်စေ ခရီးသွားများသည် ဆွဲဆောင်မှုကောင်းသော ခရီးစဉ်ဒေသကို သွားရောက် အပန်းဖြေခြင်း၊ နှစ်လိုနှစ်ခြိုက် ဖွယ် Tourism Products များကို ခံစားခြင်း၊ လူနှင့် သဘာဝ၏ဝန်ဆောင်မှုများ ကို အနားယူခံစားပြီး ညအိပ်အနားယူ၍အသင့်အတင့်သော ငွေကြေးသုံးစွဲကြ ပါကလည်း ယင်းသို့အတွက် ဖန်တီး၊ စီမံ ထားသော ဆွဲဆောင်မှုရှိသော ဒေသကို ခရီးစဉ်ဒေသဟု အဓိပ္ပာယ် ဖွင့်ကြသည် လည်းရှိသည်။ အဓိက ရည်မှန်းသော ခရီးစဉ်ဒေသကိုသွားရင်း လမ်း၌ ဖြတ် သန်းလေ့လာရသော နေရာသည် ခရီးစဉ် ဒေသ မဟုတ်ပါပေ။ ခရီးစဉ်ဒေသသို့ ဧည့်သည်လာခြင်း ကြောင့် ဒေသခံလူမှုအဖွဲ့ အစည်း ပြည်သူများ အလုပ်အကိုင် ရရှိကြကာ ဝန်ဆောင်မှုတွေမှ ဝင်ငွေရယူ ခံစားရုံ သည် ပုံစံမှန်သော စီမံခန့်ခွဲမှု မဟုတ်ပါ ပေ။ အနှစ်သာရအမှန်၊ စနစ်အမှန်ဖြင့် ဧည့်သည်များ ထပ်မံအလည်လာချင်အောင်ထောက်ခံသော ဒေသဖြစ်ဖို့ လိုအပ်လှပါသည်။ ယင်းသို့ဖြစ်ရန် စနစ် တကျ စီမံထားသည့် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု Destination Management ရှိ ထားရပါမည်။ ခရီးစဉ်ဒေသ စီမံခန့်ခွဲ ရေး သည် နိုင်ငံ၏ပင်မခရီးသွား အုပ်ချုပ်ရေး အဖွဲ့ တာဝန်၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များတာဝန်၊ လုပ်ငန်းရှင် ပညာရှင်များ ပူးပေါင်း ဆောင်ရွက်မှုတာဝန်၊ ပြည်သူ လူထုနား လည်လိုက်နာမှု တာဝန်တွေက အရေးကြီးပါသည်။ အသီးသီးကို သူ့တာဝန်နှင့် သူလည်း တာဝန်သတ်မှတ် ပေးထားရပါမည်။ ထိုသို့သော ခရီးစဉ် ဒေသအသီးသီးအတွက် တာဝန်ခွဲဝေ စီမံဆောင်ရွက်မည့် အဖွဲ့ကို ခရီးစဉ်ဒေသ ဖွံ့ဖြိုးရေး စီမံခန့်ခွဲမှုအဖွဲ့ (Destination Development Management Organization)ဟု ဆိုရပါမည် Tourism ဖွံ့ဖြိုးမှုကို စိတ်မဝင်စား တပ်မတော်အစိုးရက ဈေးကွက် စီးပွားရေးစနစ်အကောင်အထည် စတင် ဖော်ဆောင်စဉ်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှု ကော်မတီ” ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါ သေးသည်။ ၂၀၀၅ခုနှစ်လောက်တွင်ထို အဖွဲ့ကို ဖျက်သိမ်းလိုက်သည်။ အင်္ဂလိပ်လို Tourism Development Management Committee on ထင်ရှားသည်။ သို့သော်လည်း ဗဟို အဆင့်သာအဖွဲ့ ဖွဲ့ထားပြီးတိုင်းအဆင့်၊ ပြည်နယ်အဆင့် ကော်မတီများ၊ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးမှုနှင့် ပတ်သက်ပြီး အမျိုးသား ဦးဆောင်ရေး အဆင့် မူဝါဒမထားရှိခြင်းကြောင့် အဖွဲ့သာရှိသော်လည်း ခရီးမရောက်ခဲ့ ပါပေ။ တိုင်းနှင့် ပြည်နယ် များ၏ ဒေသစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ် လျာထားချက်များတွင် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးကဏ္ဍ မပါဝင်ဘဲ ဟိုတယ်တည်ဆောက်ရေးများကိုသာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဟု အလွဲ တွေးခေါ်ကာ ဆောင်ရွက်ကြသောကြောင့် ဖြစ်သည်ကို တွေ့ရသည်။ ဝန်ကြီးဌာနမှ ဒေသ အသီးသီးတွင် တာဝန်ထမ်းဆောင်ရသော အရာထမ်း များ၏ အဆင့်တာဝန် နိမ့်သောကြောင့် လည်း လုပ်ငန်းဆောင်ရွက်ရာ၌ မျှော်လင့်သလို ထိရောက်မှုမရှိခဲ့ပေဆိုင်ရာတိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များကလည်း Tourism ဖွံ့ဖြိုးမှုကို စိတ်မဝင်စားပါ။ ထို့ကြောင့်လည်း ခရီးမတွင်ခြင်းဖြစ်သည်။ အစဉ်အဆက် သက်တမ်း တစ်လျှောက် ခရီးသွားဖွံ့ဖြိုးမှု သာမန် အောက်သာရှိသော မြန်မာနိုင်ငံသည် ၂၀၁၉၊ ၂၀၂၀ အတွင်း၌ ပိုမိုဆိုးရွားစွာ ကျဆင်းခဲ့သည်။ ထိုသို့ နိုင်ငံတကာ ခရီး သွားဧည့်သည် ဝင်ရောက်မှု လျော့နည်း ကျဆင်းခြင်းသည် မြန်မာနိုင်ငံ ခရီးသွား ထုတ်ကုန်ဝန်ဆောင်မှု အရည်အသွေး နိမ့်ပါးအားနည်းခြင်း၊ ဆွဲဆောင်မှုလျော့ နည်းသွားခြင်းမျိုးကြောင့် မဟုတ်ဘဲကမ္ဘာနှင့် အဝန်းဖြစ်ပွားခဲ့သော COVID19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားပြန့်ပွားခဲ့ သောကြောင့် လူအများ စီးပွားကျဆင်း ခြင်း၊ လေယာဉ်လိုင်းများ ပိတ်ရခြင်း၊ နိုင်ငံတစ်ဝန်း ဝင်ထွက်မှု ပိတ်ရခြင်း၊ နိုင်ငံနှင့် ချီ၍ စီးပွားရေး ကျဆင်းခြင်း တို့ကြောင့် အဓိကဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာအဝန်း ဖြစ်ပွားခဲ့သော covID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအခြေအနေသည် ( မကြုံစဖူး ၁၉၉၀ ပြည့်နှစ်ဆီပြန်ကျသွား သည်ဟု WTO က ဖော်ပြထားသည်မှာကမ္ဘာတွင် Tourists များ အများဆုံး လည်ပတ်ပြီး ဝင်ငွေ အများဆုံးရသော နိုင်ငံများသည် ၂၀၂၀ တွင် Tourismစီးပွားဝင်ငွေ မီလီယံဒေါ်လာသန်းချီပြီးထိခိုက်ဆုံးရှုံးခဲ့သည်။ ယင်းသို့ အနေအထားတွင် မြန်မာနိုင်ငံသည် လည်း ခရီးသွား လာရောက်မှု နည်းပါးကျဆင်းပြီး စီးပွားလည်း ထိခိုက်သည်။ နည်းလမ်း ဖော်ထုတ်ရမည် ယင်းအခြေအနေတွင် ကမ္ဘာအဝန်း COVD-19ရောဂါမှ ပြန်လည်လွတ်ကင်း ချိန် သို့တည်းမဟုတ် ကမ္ဘာလှည့် ခရီး သွားလုပ်ငန်း ပြန်လည် ရှင်သန်လာသည် နှင့် မြန်မာနိုင်ငံကလည်း ဧည့်သည် ကြိုဆိုလက်ခံရန် အဆင်သင့်ဖြစ်ဖို့ လို အပ်ပါသည်။ ယင်းသို့ အဆင်သင့်ဖြစ်ရန် လုပ်ငန်း စီမံကိန်း၊ စီမံချက်များ ချမှတ်ခြင်း ဘဏ္ဍာငွေသုံးစွဲခြင်း၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်း၊ ခရီး စဉ်ဒေသ အင်္ဂါရပ်နှင့် ညီအောင် စီမံချက် 09:0968: (Destination Planning စီမံချက် ရေးဆွဲအကောင်အထည်ဖော် ခြင်းများ ပြင်ဆင်ထားရန် နည်းလမ်း ဖော်ထုတ်ရမည်ဟု ထင်ပါသည်။ ဗိုလ်အေးမြင့်ကြူ (ဆက်လက်ဖော်ပြပါမည်)