အချိုမှုန့်မဟုတ်သော အဆိပ်မှုန့်
တင်ထက်ထက်ဇော်
အချိုမှုန့်ရာဇဝင်
“အာဂျီနိုမိုတို ́ ဟု လူသိများသော အချို မှုန့်သည် ဂျပန်ပြည်မှ စတင်လာခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး သိပ္ပံပညာ ရှင် Kikunae lkeda ဆိုသူက ပင်လယ် ရေညှိနှင့် ငါးပါဝင်သော ဂျပန်ရိုးရာ စွပ်ပြုတ်၏ ထူးခြားသည့် အနံ့အရသာ သည် မိုနိုဆိုဒီယမ်ဂလူတမိတ် (Monosodium Glutamate - MSG) 0? ခေါ်သည့် ဓာတ်ပေါင်းတစ်မျိုးကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါတွေ့ရှိချက်ကို အစပြု၍ သိပ္ပံပညာရှင်က စွပ်ပြုတ်ထဲရှိ MSG ကို ပုံဆောင်ခဲ(Crystal) အဖြစ်အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် ၎င်းသိပ္ပံပညာရှင်နှင့် သူ့မိတ်ဆွေတို့က အာဂျီနိုမိုတိုလုပ်ငန်း ကို စတင်တည်ထောင်ခဲ့ပြီး အစား အသောက်များ ပြင်ဆင်ချက်ပြုတ်ရာမှာသုံးစွဲရန်အတွက် အချိုမှုန့် (MSG)ကို စီးပွားဖြစ်ထုတ်လုပ်ခဲ့သည်။ ။
အချိုမှုန့်ထည့်လိုက်သော ဟင်းလျာ များနှင့် စားသောက်ကုန်များမှာလည်း အမှန်တကယ် အရသာပိုထူးကဲ လာတာကြောင့် အချိုမှုန့်ဝယ်လိုအား ဈေးကွက် မှာလည်း တွင်ကျယ်လာခဲ့သည်။ ထို အချိန်မှစ၍ ကမ္ဘာတစ်ဝန်း နှစ်ပေါင်း တစ်ရာကျော် အချိုမှုန့် စားသုံးသော အလေ့အကျင့် ဖြစ်လာကြသည်။ အချိုမှုန့်ဆိုသည်မှာ - | အချိုမှုန့်၏ ဓာတုအမည်မှာ မိုနိုဆိုဒီယမ်အယ်လ် - ဂလူတာမိတ် (Monosodium L-Glutamate - MSG) ဖြစ်ပြီး မော်လီကျူးအလေးချိန်မှာ 187,13 ဖြစ်သည်။ ရေပုံဆောင်ခဲ မော်လီ ကျူးတစ်ခုပါဝင်သော အချိုမှုန့်သည် ပုံဆောင်ခဲသဏ္ဌာန် သို့မဟုတ် အဖြူရောင် ပုံဆောင်ခဲအမှုန့်အဖြစ်တည်ရှိပြီး ရနံ့မဲ့ကာ သီးသန့်လက္ခဏာဆောင် သော အရသာရှိပါသည်။ Glutamic အက်စစ်ခေါ်သည် Amino အက်စစ် တစ်မျိုးပါဝင်ပြီး အစားအစာများဖြင့် ရောစပ် လိုက်သောအခါ Free Glumate အဖြစ်ပြောင်းလဲသွားကာ အစား အသောက်များ၏အရသာကိုဓာတုနည်း ဖြင့် လျှာပေါ်မှာ ဆပွားတိုးပေး လိုက်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ အစားအသောက်နှင့် ဟင်းလျာများ အတွက် အချိုမှုန့်ကို ဟင်းခတ်မှုန့်အဖြစ် သုံးစွဲနေကြသည်။ သို့သော် Good Manufacturing Practice (GMP) upcat သည့် ကမ္ဘာ့အဆင့်ထုတ်လုပ်မှု စနစ် ကောင်း GMP၏ စံချိန်စံနှုန်းများတွင် အချိုမှုန့်ကို စားသောက်ပစ္စည်းအဖြစ် လုံးဝစာရင်းသွင်းထားခြင်းမရှိပေ။ အချိုမှုန့် မဟုတ်သော အဆိပ်မှုန့် အချိုမှုန့်တွင် အဓိကပါဝင်သော ဂလူ တမစ်အက်စစ်က လူ့ခန္ဓာကိုယ်ထဲတွင် ရှိပြီးသား အမိုင်နို အက်စစ် (Amino acid) တစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ် အတွင်းလိုအပ်သလောက်သာ ထုတ်လုပ် သုံးစွဲသည့်အတွက် မရှိမဖြစ် မလိုအပ် သော (အရေးမပါသော ) (Non-essential amino acid) တစ်မျိုးဖြစ်သည်။ ထို့ကြောင့် အချိုမှုန့်ကိုစားလိုက်သော အခါ ခန္ဓာကိုယ်၏ လိုအပ်ချက် ပမာဏ ထက် များစွာပိုလျှံသွားသည့် အတွက် ကျန်းမာရေးဆိုးကျိုးများဖြစ် စေသည်။ အချိုမှုန့်မဟုတ်သော အဆိပ် မှုန့်ကို နေ့ရက်ကာလတာရှည် စားသုံး ခြင်းကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးများစွာကို မလွဲမသွေ ခံစားရနိုင် ပါသည်။
ခန္ဓန္ဓာကိုယ်ထဲရှိ အင်ဆူလင်ဟော်မုန်း က ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေး ပါသည်။ အချိုမှုန့်က အင်ဆူလင် ဟော်မုန်းလုပ်ဆောင်မှုကို ဟန့်တား နှောင့်ယှက်မှုပြုလိုက်သဖြင့် ဆီးချို ရောဂါ ဖြစ်နိုင်ခြေ အလားအလာ ပိုလာသည်။ ထို့ကြောင့် အချိုမှုန့် စားသုံးသူများတွင် ဆီးချိုရောဂါဖြစ် စေရန် ရာနှုန်းပြည့် သေချာနေပါပြီး။ အရွယ် သုံးပါးမရွေး ဦးနှောက်နှင့် အာရုံကြောဆိုင်ရာဝေဒနာများ ဖြစ်ပေါ် စေနိုင်သည်။ ဦးနှောက်ဆဲလ်များကို ပျက်စီးစေ တတ်သဖြင့် အချိုမှုန့်စားသောကလေး များ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်း စေနိုင်သလို လူကြီးများမှာလည်း အရွယ်မတိုင်မီ သတိမေ့လျော့တတ် သော ဦးနှောက်ဇရာကြိုရောဂါ ဖြစ်လာ နိုင်ပါသည်။ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ များ ဖြစ်စေသည်။ မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သား သမီးရနိုင်စွမ်းကျဆင်းခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား ကို ထိခိုက်စေသည်။ ဂျာမနီနိုင်ငံ၏ လေ့လာစမ်းစစ်မှုတစ်ရပ်အရ အချိုမှုန့် စားသုံးလေ့ရှိသော ကိုယ်ဝန်ဆောင်များ မှ မွေးဖွားလာသည့် ကလေးများသည် ၎င်းတို့အရွယ်ရောက်လာချိန်၌ အစာ စားချင် စိတ်ကို ထိန်းချုပ်မရသဖြင့် အဝလွန်ရောဂါနှင့် ဆီးချိုရောဂါဖြစ်ရန် ရာနှုန်းပြည့်နီးပါး သေချာနေကြောင်း လေ့လာတွေ့ရှိရသည်။
အချိုမှုန့်လွန်ကဲစွာပါရှိသော အစား အသောက် စားပြီးပြီးချင်း မျက်နှာ၊ လည်ပင်းနှင့် တစ်ကိုယ်လုံးတွင် အနီ စက်များ ထွက်လာခြင်း၊ မခံမရပ်နိုင် အောင် ခေါင်းထိုးကိုက်ခြင်း၊ ခေါင်းမူး ခြင်း၊ မျက်နှာတွင်လေးလံတင်းကျပ်နေ သလိုခံစားရခြင်း၊ စကားပြောရာတွင် လျှာလေးအာလေး ဖြစ်ခြင်း၊ ဗိုက်အောင့် ခြင်း၊ ခါးနာခြင်း စသည်တို့ ခံစားရတတ် သည်။ ၎င်းကို ဆေးသိပ္ပံနည်းအရ Chinese Restaurant Syndrome (ခေါ်) တရုတ်စားတော် ဆက်ရော ဂါစု ဟုခေါ်သည်။
အချိုမှုန့်စားပြီးနောက် အလွန်အကျွံ အစာစားချင် စိတ်ကို ဖြစ်ပေါ်စေသည့် အပြင် အချိုမှုန့်က အဝလွန်ခြင်းကို တားဆီးပေးသော ဟော်မုန်းများကိုပါ ပိတ်ဆို့နှောင့်ယှက်လိုက်သဖြင့် အဝလွန် ခြင်းကို ဖြစ်သည်။ - အချိုမှုန့် စားခြင်းကြောင့် အလွန် ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ အဖြစ် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြော ပိတ် စသည့် အသံတိတ်လူသတ်သမား ရောဂါဆိုးကြီးများကိုလည်း တွေ့ကြုံ ခံစားရနိုင်ပါသည်။
ရင်ပူ၊ အာခြောက်ခြင်းကို ဖြစ်စေ
ခေါင်းတစ်ခြမ်းကိုက်လေ့ရှိသူ များအတွက် အချိုမှုန့်က ဘေးဖြစ်စေပါသည်။
ဆိုဒီယမ်ဓာတ်က သွေးတိုး ရောဂါရှိသူများအတွက် ရန်ဘက် ဖြစ်သည်။
အချိုမှုန့်က Monosodium glutamate ဖြစ်၍ ဆိုဒီယမ် ပါဝင်နေ သည်။ ထို့ကြောင့် သွေးတိုးရောဂါရှိသူ များအနေဖြင့် အချိုမှုန့်ကို အထူး ရှောင်ကြဉ်သင့်ပေသည်။
ပန်ကရိယ (ခေါ်) မုန့်ချိုအိတ် ရောင် ရောဂါရှိသူများနှင့် ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းရှိသူများ အချိုမှုန့်စားသုံး ခြင်းမှ ရှောင်ရှားပါ။
နှစ်လရှည်ကြာစားသုံးမှုက အကြာနှင့် မှတ်ဉာဏ်လျော့ပါး စက်တုန်ရောဂါ၊ ကလေးငယ်အရောဂါ၊ နှလုံးလေသင် တုန်းဖြတ် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကွယ်ပျောက်ခြင်းတို့နှင့် ဆက်ကြောက်စရာ့ အချိုမှုန့် MSG စားသုံးမှုနှင့်ပတ်သက်၍ ကင်ဆာရောဂါအပါအဝင် အသက် အန္တရယ်ကို ပြင်းထန်စွာထိခိုက်စေနိုင် ကြောင်းနှင့် ဦးနှောက်အာရုံကြောစနစ် ကို ထိခိုက်စေပြီး ဆက်စပ်ရောဂါများရရှိ စေနိုင်သည့် အကြောင်းနှင့် ဆက်စပ်ပြီး အမေရိကန်အစားအစာနှင့် ဆေးဝါး ကွပ်ကဲကြီးကြပ်ရေးအဖွဲ့ (US FDA) ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၊ ကုလသမဂ္ဂ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာအဖွဲ့ အရသာ ဖြည့်စွက်ပစ္စည်းဆိုင်ရာ ပူးတွဲကျွမ်းကျင် 02297&prog Joint FAO/WHO Expert Committee on Food Additive (JECFA)၊ ဩစတြေးလျ၊ နယူးဇီလန် အစားအစာ စံချိန်စံညွှန်း သတ်မှတ် 8&:38:eq:sog Food Standard Australia New Zealand (FSANZ ဥရောပသမဂ္ဂအဖွဲ့ အစားအစာဘေး အန္တရာယ်ကင်းရှင်းရေး အာဏာပိုင်အဖွဲ့ (EU Food Safety Authority-EUFSA) အမေရိကန်ပြည်ထောင်စု ဇီဝဗေဒ သုတေသနအဖွဲ့များသမဂ္ဂ (The Federation of American Societies for Experimental Biology-FASEB)စသည့် နိုင်ငံတကာအဆင့် သြဇာ အာဏာကြီး အဖွဲ့ အစည်းများအပြင် ပုဂ္ဂလိကသုတေသနအဖွဲ့ အစည်းများစွာ ကလည်း MSG ကို နှစ်လရှည်ကြာ စားသုံးမှုက အဝလွန်ခြင်း၊ သက်ကြီး အာရုံကြောနှင့် မှတ်ဉာဏ် လျော့ပါး ထိခိုက်မှုရောဂါ၊ ခြေတုန်လက်တုန် ရောဂါ၊ ကလေးငယ်အာရုံကြော၊ မှတ်သိ ဉာဏ် စွမ်းအင် လျော့နည်းထိခိုက်ခြင်း spolop:Gå73630° ADHD-Attention Defisit Hypersemsitivity Disorden ပန်းနာရောဂါ (Asthma)၊ နှလုံးလေသင် တုန်းဖြတ်ခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုး ရောဂါ၊ မျက်စိအမြင် ကွယ်ပျောက်ခြင်း တို့နှင့် ဆက်စပ်နေခြင်းတို့ကို သိပ္ပံနည်း ကျ လေ့လာတွေ့ရှိရကြောင်း ထုတ်ဖော် ကြေညာ ထားကြသည်။
တရုတ်စားသောက်ဆိုင် ရောဂါလက္ခဏာစု
(Chinese Restaurant Syndrome) အချိုမှုန့်ကို ကမ္ဘာတစ်ဝန်းနိုင်ငံ အများအပြားမှာ လူသုံးအလွန်များခဲ့ရာ က နှစ်ပေါင်း ၆၀ အကြာ(၁၉၆၈ ခုနှစ်) ozè Dr.Robert Ho Man Kwok aộ သူက တရုတ်စားသောက်ဆိုင်က အစား အသောက်များကို စားသုံးပြီးနောက် ၎င်းကိုယ်တိုင် အချိုမှုန့်၏ ဘေးထွက် ဆိုးကျိုးများကို ခံစားခဲ့ရကြောင်း၊ Dr.Kwok က အချိုမှုန့်လွန်ကဲစွာပါသော အ စား အသောက် စားပြီးပြီးချင်း မျက်နှာ၊ လည်ပင်းနှင့် တစ်ကိုယ် လုံးတွင် အနီစက်များထွက်လာခြင်း၊ မခံမရပ် နိုင်အောင် ခေါင်းထိုးကိုက်ခြင်း၊ ခေါင်းမူး ခြင်း၊ မျက်နှာတွင် လေးလံတင်းကျပ်နေ သလို ခံစားရခြင်း၊ စကားပြောရာတွင် လျှာလေးအာလေး ဖြစ်ခြင်း၊ ဗိုက်အောင့် ခြင်း၊ ခါးနာခြင်းများ ခံစားရကြောင်းကို the New England Journal of Medicine တွင် ရေးသားခဲ့သည်။ ၎င်းကို ဆေးသိပ္ပံ နည်းအရ Chinese Restaurant Syndrome (ခေါ်) တရုတ်စားတော် ဆက်ရောဂါစုဟုခေါ်ပါသည်။ ယခုအခါ Gə0:0230329 MSG Symptom Complex ဟူသော စကားလုံးကို လူသုံးများ သည်။
အချိုမှုန့်စားသုံးမှု လျှော့ချနည်း
MSG ကို ၁၉၀၉ ခုနှစ်တွင် စတင် တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ တွင်နှစ်ပေါင်း ၁၁၀ နှစ် ရှိခဲ့ပြီးဖြစ်၍ ဈေးကွက် ခိုင်ခိုင်မာမာ ရရှိထားသော ကုန်ပစ္စည်းတစ်ခုဖြစ်နေသည်။
မြန်မာနိုင်ငံမှာလည်း ပြည်သူပြည်သား များ၏ ရသာခံအာရုံ၌ အချိုမှုန့်ပါမှ ခံတွင်းတွေ့နေကြပါသည်။ အောက် ဖော်ပြပါ အလေ့ကျင့်ကောင်းများဖြင့် အချိုမှုန့်စားသုံးမှုကို လျှော့ချနိုင်မှသာ လျှင် ရောဂါဘယများ လျော့ပါး လာစေ မည် ဖြစ်ပေသည်။ - လျှော့သုံးခြင်းဖြင့် စတင်ပါ။
ယခင်စားသုံးမှု ပမာဏထက် နည်းနိုင်သမျှနည်းအောင် လျှော့ သုံးပါ။ “ အချိုမှုန့်သည် အသားဟင်းလျာ များ၏ အရသာကိုသာ မြှင့်တင် ပေးခြင်းဖြစ်၍ အသီးအနှံတွေမှာ လုံးဝမသုံးပါနှင့်။ အစားအသောက် တစ်ကီလို (၂ ဒသမ ၂ပေါင်)အတွက် အချိုမှုန့် ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထက် ပိုမသုံးပါနှင့်။
အသင့်စား(ready made) အစား အသောက် အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဖြစ်သည်။ ထို့ကြောင့် ၎င်းအစား အသောက် ထဲ အချိုမှုန့် ထပ်မထည့်ပါနှင့်။ ready made 3309:306900 များ၏ ဘူးခွံ(အထုပ်ခွံ) ပေါ်တွင် အချိုမှုန့် (MSG)ပါဝင်မှု ပမာဏကို ဖော်ပြထားလေ့ရှိပါသည်။ ထို အခါ MSG ပါဝင်မှုနည်းသော ပစ္စည်း မျိုးကို ရွေးဝယ်ပါ။ ကြက်အူချောင်း၊ ဝက်အူချောင်း များ၊ ခရမ်းချဉ်သီးအနှစ်၊ ပဲပိစပ် အနှစ်၊ မယိုးနီးစ် (Mayonnaise)၊ ခေါက်ဆွဲခြောက်၊ စည်သွတ်ဘူး များအပါအဝင် အသင့်စားအစား အစာများကို တာရှည်ခံ စေရန်နှင့် အရသာရှိစေရန်အတွက် အချိုမှုန့် ထည့်ထားလေ့ရှိပါသည်။ ၎င်း အစားအစာများကို အတတ်နိုင်
ဆုံးရှောင်ကြဉ်ပြီး လတ်လတ် ဆတ်ဆတ်စားသုံးသည့် အလေ့ ကို ပြောင်းလဲကျင့်သုံးပါ။
• အချိုမှုန့်အစား ကြက်သွန်နီကိုပိုသုံးပါ။
- ရိုးရာဟင်းခတ်များဖြစ်ကြသော ဥပမာ ပုစွန်ခြောက်၊ မျှင်ငါးပိ ငံပြာရည်တို့ကို အချိုမှုန့်အစားထိုးသုံးစွဲပါ။ “
အညိုရောင်သကြား (သဘာဝ သကြား)ကို သုံးပါ။
(အထူးသတိပြုရန်)
ယနေ့ ကုန်တိုက်ကြီးများ (Super Market)၊ ဈေးများ၏ စားသောက်ကုန် ဈေးကွက်တွင် ကြက်သားမှုန့်၊ ငါးမှုန့်၊ ဟင်းသီးဟင်းရွက်မှုန့်များကိုတွင်ကျယ် စွာရောင်းချလျက်ရှိနေပြီး အိမ်ရှင်မ များကလည်း ၎င်းအသား၊ ငါး၊ ဟင်းရွက် မှုန့်များကို အချိုမှုန့်အစားထိုး ဟင်းခတ် အဖြစ် မြိန်ယှက်စွာ သုံးစွဲနေကြသည်။
အထက်တွင် ရေးသားဖော်ပြထားသည့် အတိုင်း အချိုမှုန့်ကို ကျန်းမာရေးရှုထောင့် အရ အဆိပ်မှုန့်အဖြစ် သတ်မှတ် ထား ပါသည်။ ကြက်သားမှုန့်၊ ငါးမှုန့်၊ ဟင်းသီး ဟင်းရွက်မှုန့်များက အချိုမှုန့်ထက်ပင် ပို၍ ကြောက် စရာ ကောင်းနေပါသည်။ အဘယ်ကြောင့်ဆိုသော် အသား၊ ငါး၊ ဟင်းရွက်မှုန့်များထဲတွင် အချိုမှုန့် ပါဝင် နေသည့် အပြင် တာရှည်ခံပိုးသတ်ဆေး များနှင့် ဓာတုပစ္စည်းများစွာလည်း ပါဝင်နေကြပါသေးသည်။ ထို့ကြောင့် ကြက်သား မှုန့်၊ ငါးမှုန့်၊ ဟင်းသီးဟင်းရွက် မှုန့်များက အချိုမှုန့်ထက် သုံးဆပို၍ အန္တရာယ်ရှိသည်။ အဆိုပါ ဟင်းခတ် မှုန့် များကို နေ့စဉ်စားသုံးပါက ဆီးချိုသွေးချို
ရောဂါ၊ သွေးတိုးရောဂါ၊ အရိုးပွ၊ အရိုးပါး၊ အရိုးကြွပ်ဆတ်ရောဂါ၊ လေးဖက်နာ ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ် လေငန်း ရောဂါနှင့် ကျောက်ကပ်ပျက်စီးသော ရောဂါများ ဖြစ်စေနိုင်ပါသည်။ သို့ပါ၍ အဆိုပါ အမှုန့်များ အားလုံးကို သုံးစွဲခြင်း မှ အထူးရှောင်ရှားကြပါရန် အကြံပြု လိုက်ရပါသည်။ ။
အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံ၏ အသုံးများသော ဟင်းခတ်ပစ္စည်းများထဲ တွင် အချိုမှုန့်က သူမပါလျှင် မပြီးဆို သလို စားဖိုဆောင်အတွင်း နေရာရလျက် ရှိသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် အချိုမှုန့်၏ ဆိုးကျိုးများကို မကြာခဏ အသိပေး
ကြေညာလျက်ရှိသော်လည်း လူအများစုက တွင်ကျယ်စွာ အသုံးပြုနေဆဲ ဖြစ်သည်။ အထူးသဖြင့် အချိုမှုန့်ကို လမ်းဘေး စားသောက်ဆိုင်မျိုးစုံနှင့် မုန့်ဟင်းခါး၊ လက်သုပ်စုံရောင်းသော ဆိုင်များတွင် အသုံးများလျက် ရှိနေကြောင်း တွေ့ရ သည်။ သို့ပါ၍ မိမိနှင့်တကွ မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်ကို သတိနှင့် ဆင်ခြင်ပြီး ရှောင်ရှားနိုင်ကြပါ စေကြောင်း ထပ်လောင်း၍ အကြံပြု လိုက်ရပါသည်။ ။