Skip to main content

တေမိယဇာတ်တော်

 

မြတ်မင်းလှိုင်

 

ဗာရာဏသီပြည်တွင် ကာသိကရာဇ်မင်းကြီးသည်စန္ဒာဒေဝီမိဖုရားကြီး နှင့်အတူ စိုးစံတော်မူ၏။ မိဖုရားကြီးစန္ဒာဒေဝီသည် သီလစောင့်၍ သစ္စာအဓိဋ္ဌာန်ပြုရာ ဘုရားလောင်း နတ်သားသည် မိဖုရားကြီး၏ဝမ်း၌ သန္ဓေယူလေသည်။

 

စန္ဒာဒေဝီမိဖုရားကြီးသည် သားတော်ကို ဖွားမြင်ခဲ့ရာ မင်းကြီးနှင့် အတူပြည်သူအပေါင်းတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်ကြောင့် မင်းသားလေးအား “တေမိယဟု အမည်ပေးလေသည်။

 

တေမိယမင်းသားလေး တစ်လအရွယ်တွင် မင်းကြီးသည် သားတော်ရှေ့မှောက်တွင် ခိုးသားလေးဦးတို့အား အပြစ်ဒဏ်စီရင်လေ သည်။ မင်းသားလေးသည် မင်းဖြစ်ရခြင်းကြောင့် မလွှဲမရှောင်သာဘဲ အကုသိုလ်များ ပြုလုပ်ရကြောင်း စဉ်းစားမိ၍ သံဝေဂရရှိတော်မူလေ သည်။ မင်းသားသည် ရှေးဘဝများက မင်းပြုခဲ့ရသည်ကြောင့် ငရဲ ကျခံခဲ့ရပုံများကိုလည်း ဉာဏ်ဖြင့်တွေးတောမိသည်ဖြစ်၍ နောင် အခါ မင်းအဖြစ် ဆက်ခံရမည်ကို စိုးရိမ်လျက်ရှိနေလေသည်။

 

မင်းသား၏ စိတ်သောကရောက်ရှိနေမှုကို ရှေးဘဝက မိခင်ဖြစ်ခဲ့ ဖူးသော ထီးဖြူတော်စောင့် နတ်သမီးသိရှိလျှင် မိခင်သဖွယ် ဖန်ဆင်း၍ မင်းသားထံသို့ ရောက်ရှိလာသည်။ ထီးဖြူစောင့် နတ်သမီးက မင်း အဖြစ်မခံယူလိုလျှင် ဆွံ့အနားမကြားဟန်ဆောင်နေရန် မှာကြားလေ သည်။ တေမိယမင်းသားလေးသည် ဆွံ့အနားမကြားဖြစ်နေ သည်ကို ကာသိကရာဇ်မင်းကြီးသိလျှင် ပရောဟိတ်ပုဏ္ဏားတို့ကို မေးမြန်းလေ သည်။ ပရောဟိတ်တို့ကလည်း မင်းသားလေး၏ ဆွံ့အ နားမကြား အကြောင်းအရာကို မသိနိုင်ကြ၍ နည်းအမျိုးစုံဖြင့် မင်းသား၏ အလိုကိုစမ်းရန် အကြံပြုကြလေသည်။

 

ထိုအခါ မင်းကြီးသည် အထိန်းတော်များအား မင်းသားလေး တစ်နှစ်အရွယ်ရောက်သည်အထိ တစ်နေ့လုံး နို့တိုက်ကျွေးခြင်းမပြု ရန် မှာကြားလေသည်။ သို့သော် မင်းသားလေးသည် မငိုဘဲ သည်းခံ နေလေ၏။ တစ်နှစ်ပတ်လုံး ထိုသို့ ပြုသော်လည်း မင်းသားငယ်သည် သည်းခံတော်မူနိုင်သဖြင့် နှစ်နှစ်သား အရွယ်တွင် မင်းအမတ်တို့သည် စားချင်စဖွယ် မုန့်ခဲဖွယ်တို့ကို ခင်းကျင်းပေးခဲ့သည်။ အခြားဖွားဖက် တော်တို့က ဆောင်ယူကြသော်လည်း မင်းသားငယ်ဘုရားလောင်းမှာ စားသုံးခြင်းမပြုချေ။ သက်တော်နှစ်နှစ်ကျော် သုံးနှစ်သို့ ရောက်ရှိလာ သည့်အချိန်တွင် မင်းကြီးနှင့် မှူးမတ်တို့သည် ရာသီသီးနှံများဖြင့် စမ်းသပ်ကြပြန်သည်။ ဘုရားအလောင်း မင်းသားငယ်သည် မတုန်မလှုပ် နေမြဲနေလေသည်။ သုံးနှစ်အရွယ်လွန်ချိန်တွင် မှူးမတ်အပေါင်းတို့က ဆင်ရုပ်၊ မြင်းရုပ်၊ နွားရုပ် စသည့်ကစားစရာ အရုပ်များဖြင့် ချော့မြူကြ သည်။ မင်းသားသည်တစ်နှစ်ပတ်လုံးနေမြဲအတိုင်းချုပ်တည်း၍နေလေ သည်။ လေးနှစ်အရွယ်လွန်၍ ငါးနှစ်သားအရွယ် ရောက်လာချိန်တွင် စားချင်စဖွယ် အစားအစာများကို ချက်ပြုတ်ပေးဆက်ပြန်လျှင် အခြား ဖွားဖက်တော်များက အလုအယက် စားသောက်ကြသော်လည်း မင်းသားငယ်ကမူရယူကိုင်တွယ်ခြင်းပင် မပြုချေ။ ခြောက်နှစ်အရွယ် ရောက်ချိန်တွင် ကစားရန်တဲ၏ထန်းရွက်ခြောက်များကို မီးရှို့ စေခဲ့ရာ အခြားဖွားဖက်တော်များ အလန့်တကြား ထွက်ပြေးကြသော်လည်း မင်းသားငယ်သည် ထွက်ပြေးခြင်းမပြုဘဲ ငြိမ်သက်စွာနေ၏။ အထိန်း တော်တို့မြင်လျှင် သိမ်းပိုက်ချီယူကြရလေသည်။

 

ထိုသို့မီးဖြင့် စမ်းသပ်မှုကို တစ်နှစ်ပတ်လုံးအကြိမ်ကြိမ် ပြုသော် လည်း ထူးခြားမှု မရှိခဲ့သည်ကြောင့် ခြောက်နှစ်ကျော် ခုနစ်နှစ်တွင် မင်းသားငယ်နှင့် အဖော်များ ကစားနေသည့်နေရာသို့ ဆင်လိမ္မာ တစ်ကောင်ကို စေလွှတ်လိုက်သည်။ ဆင်ကြီးသည် အော်ဟစ်ပြေးဝင် လာပြီးမြေကို နှာမောင်းနှင့် ရိုက်ခတ်သည်ကို တွေ့ရှိလျှင် ကစားဖော် များ ကြောက်လန့်ငိုယိုပြေးကြသည်။ ဘုရားလောင်းမင်းသားငယ်ကား မလှုပ်မယှက် ရပ်နေ၏။ ထိုနည်းကိုလည်း တစ်နှစ်ပတ်လုံး မကြာခဏ စမ်းသပ်သော်လည်း အောင်မြင်မှုမရှိချေ။ ရှစ်နှစ်အရွယ် ရောက်လာချိန် တွင် မြွေများကို မင်းသားငယ်တို့ ကစားရာကွင်းပြင်သို့ လွှတ်၍ စမ်းသပ်သော်လည်း ထူးခြားမှု မရှိခဲ့ပြန်ပေ။ ကိုးနှစ်အရွယ်သို့ ရောက် သည့်အခါ ပျော်ရွှင်စရာ ကခုန်မှုတို့ဖြင့် စမ်းသပ်သည့်အခါတွင်လည်း မင်းသားငယ်သည် ပွဲသဘင်ကို မကြည့်ဘဲ ငြိမ်သက်စွာနေလေသည်။ ဆယ်နှစ်အရွယ်သို့ ရောက်သည့်အခါ အရုပ်ဆိုးလှသော လူကြမ်းကြီး တစ်ဦးကို သန်လျက်ကိုင်စေလျက် ကြောက်လန့်အောင် လှန့်သော် လာပြီးမြေကို နှာမောင်းနှင့် ရိုက်ခတ်သည်ကို တွေ့ရှိလျှင် ကစားဖော်များ ကြောက်လန့်ငိုယိုပြေးကြသည်။ ဘုရားလောင်းမင်းသားငယ်ကား မလှုပ်မယှက် ရပ်နေ၏။ ထိုနည်းကိုလည်း တစ်နှစ်ပတ်လုံး မကြာခဏ စမ်းသပ်သော်လည်း အောင်မြင်မှုမရှိချေ။ ရှစ်နှစ်အရွယ် ရောက်လာချိန် တွင် မြွေများကို မင်းသားငယ်တို့ ကစားရာကွင်းပြင်သို့ လွှတ်၍ စမ်းသပ်သော်လည်း ထူးခြားမှု မရှိခဲ့ပြန်ပေ။ ကိုးနှစ်အရွယ်သို့ ရောက် သည့်အခါ ပျော်ရွှင်စရာ ကခုန်မှုတို့ဖြင့် စမ်းသပ်သည့်အခါတွင်လည်း မင်းသားငယ်သည် ပွဲသဘင်ကို မကြည့်ဘဲ ငြိမ်သက်စွာနေလေသည်။ ဆယ်နှစ်အရွယ်သို့ ရောက်သည့်အခါ အရုပ်ဆိုးလှသော လူကြမ်းကြီး တစ်ဦးကို သန်လျက်ကိုင်စေလျက် ကြောက်လန့်အောင် လှန့်သော် လည်း မင်းသားငယ် ကြောက်လန့်မှု လုံးဝမရှိ၍ လက်လျှော့ရပြန်သည်။

 

ဘုရားလောင်းမင်းသားငယ်တေမိယ တစ်ဆယ့်တစ်နှစ် အရွယ် ရောက်လာချိန်တွင် မင်းသားငယ်၏ အိပ်ခန်းကို အလုံပိတ်ပြီး ခရုသင်း မှုတ်စေသည်။ မင်းသားငယ်သည် မလှုပ်မယှက်ပင်ဖြစ်သည်။ တစ်ဆယ့်နှစ်နှစ်အရွယ်တွင် စည်ကြီးဖြင့် ခရုသင်းနည်းတူစမ်းသော် လည်း မည်သို့မျှ လှုပ်ရှားခြင်းမရှိပေ။ တစ်ဆယ့်သုံးနှစ် အရွယ်တွင် ဘုရားလောင်းမင်းသားငယ်၏ အိပ်ခန်းတွင် မီးမထွန်းဘဲ ထားလေ သည်။ အလင်းရောင်မရှိ၍ အခြားသူများ အိပ်နေစဉ် ကိုယ်လက်လှုပ် ရှားလိမ့်မည်ဟု ထင်မှတ်စမ်းသပ်ခဲ့သော်လည်း မင်းသားငယ်က မလှုပ်မရှားပင်။ တစ်ဆယ့်လေးနှစ်အရွယ် ရောက်သည့်အခါ မှူးမတ် တို့က မင်းသားငယ်၏ တစ်ကိုယ်လုံးကို တင်လဲဖြင့် သုတ်လိမ်းကာ ခြင်ယင်ပေါများရာနေရာ၌ နေစေသည်။