တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံရေးယဉ်ကျေးမှု
တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကို စနစ်တကျစီစီကြိုးစားလုပ်ကိုင်တာက နိုင်ငံရေးစနစ်ကောင်းတစ်ရပ် အမှန်တကယ် အခိုင်အမြစ်လွယ်ပြီး ကောင်းခွာရှင်သန် ဖွဲ့ လာရေးအတွက် အင်မတန်မှ အခြေခံကျတယ်ဆိုတဲ့သဘောတရားကို မေ့မထားကြဖို့ သတိပေးနှိုးဆော်တာ ဖြစ်ပါတယ်။ တိုင်းပြည် တည်ဆောက်ရေး (Nation Building) နိုင်ငံတော် တည်ဆောက်ခြင်း(state Building)ကို တစ်ပြိုင် နက်တည်း လုပ်ကိုင်ဖို့ လိုအပ်တယ်ဆိုတာ ကိုတော့ အထူးတလည်ပြောမနေလိုတော့ပါဘူး။ ဒီနှစ်ခုကြား ကွဲပြားခြားနားချက်တွေကိုလည်း နိုင်ငံရေးကို အမှန်တကယ်စိတ်ဝင်စားသူတိုင်း သိနိုင်တာကြောင့်ရယ်၊ ဆောင်းပင်ရဲ့ ဦးတည်ချက် နဲ့လည်း မသက်ဆိုင်တာကြောင့်ရယ် အများကြီးပြောမနေတော့ပါဘူး။ တိုင်းပြည်တည်ဆောက်ရေး ဆိုတာက နိုင်ငံတစ်ခုရဲ့ အမျိုးသားရေးလက္ခဏာ ရပ်တွေကို ခိုင်မာပီပြင်အောင် ခေတ်ရေစီးကြောင်း နဲ့လည်း ကိုက်ညီပြီး ကိုယ့်တိုင်းပြည်ရဲ့ နဂိုမူလ တန်ဖိုးတွေလည်း မပျောက်ပျက်ရအောင် ထိန်းသိမ်းတည်ဆောက်တာဖြစ်ပြီး နိုင်ငံတော် တည်ဆောက်ခြင်းဆိုတာက နိုင်ငံရေးဆိုင်ရာ စတီကျူးရှင်းတွေကို တောင့်တင်းသည်။
တောင့်တင်းအောင် တည်ဆောက်တာလို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။
နိုင်ငံတစ်ခုရဲ့ တန်ဖိုး တိုင်းပြည်တည်ဆောက်ရေးဆိုတာက နိုင်ငံ တစ်ခုရဲ့တန်ဖိုး (value) တွေကို အရည်အသွေး
ကောင်းသည်ထက်ကောင်းအောင် တည်ဆောက် တာ ဖြစ်ပါတယ်။ တန်ဖိုးတွေဆိုတဲ့အထဲမှာ နိုင်ငံသားတွေရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အဆင့် အတန်းတွေ၊ အမျိုးသားရေးစရိုက်လက္ခဏာ (National identityjonegorodene အမျိုးသားရေး စရိုက်လက္ခဏာတို့၊ အမျိုးသား အကျိုးစီးပွား (National Interest) တို့အကြောင်း
ပြောလိုက်ရင် ဒီမိုကရေစီယဉ်ကျေးမှုကောင်းကောင်း အမြစ်မတွယ်သေတဲ့ တိုင်းပြည်တွေမှာ ဒါဟာ အမျိုးသားရေးဝါဒ လွန်ကဲလိုမှုလိုပဲ ခပ်တိမ်တိမ် ယူဆလေ့ရှိတတ်ပါတယ်။ ဒီလိုယူဆတာကပဲ ဒီမိုကရေစီအမှန်တကယ်ဖြစ်ထွန်းဖို့ ကြီးစွာသော အဟန် အတောကြီးတစ်ခု ဖြစ်နေတတ်ပြန်တာ ကိုလည်း သတိပြုသင့်ပါတယ်။ အမျိုးသားရေး စရိုက်လက္ခဏာတို့၊ အမျိုးသားအကျိုးစီးတို့ ဆိုတာဟာ နိုင်ငံတိုင်းရဲ့ အခြေခံအကျဆုံး အကြောင်း တရားတွေအဖြစ် ကောင်းစွာ အကျုံးဝင်နေတယ် ဆိုတာကိုလည်း နားလည်ဖို့ လိုအပ်ပြန်းပါ သေးတယ်။ ဗြိတိန်နိုင်ငံသားတွေရဲ့ တိန်အစိုးရ အထွက် နံပါတ်တစ် ဦးစားက ဗြိတိန်နိုင်ငံရဲ့ အမျိုးသားရေးစရိုက်လက္ခဏာတွေနဲ့ ဗြိတိန် နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားသာ ဖြစ်ပါတယ်။ ဖြစ်သလို တခြားဘယ်နိုင်ငံမဆို ဒီသဘောတရား အတိုင်းသာ ဖြစ်ပါတယ်။ ဒီအကြောင်းခြင်းရာ တွေကို အလေးအနက်မထားချင်ဘူး မကာကွယ် မတည်ဆောက်ချင်ဘူးဆိုရင် ဒီနိုင်ငံဟာ သေချာ ပေါက် စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုစတာ တွေမှာ လိုးပါးတာပါပဲ။ နောက်တန်း၊ ခက်တန်းကျလာမှာဖြစ်ပြီးတော့ အခြား နိုင်ငံ တွေက တစ်နည်းမဟုတ်တစ်နည်း အမြတ်ထုတ် တာကို အနည်းနဲ့ အများခံရတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီမိုကရေစီစနစ်တည်ဆောက်ကြ
ရတာကိုက အမျိုးသားရေးလက္ခဏာတွေ | တောင့်တင်းခိုင်မာရေးနဲ့ အမျိုးသားအကျိုးစီးပွားကို
ကောင်းမွန် ဖြစ်ထွန်းနိုင်စေရေးအတွက် အကောင်းဆုံးသော နိုင်ငံရေးစနစ် ဖြစ်နေတာ ကြောင်းလို့ ယူဆနိုင်ပါတယ်။
တိုင်းပြည်တည်ဆောက်ရေးကို ဆောင်ရွက်ကြ ရာမှာ ဒီမိုကရေစီစနစ်နဲ့ လည်း ကိုက်ညီပြီး စောစောကပြောတဲ့ တန်ဖိုးတွေကိုလည်း လိုက်လျော ညီဥရှိအောင် ထိန်းသိမ်းမြှင့်တင်ပေးနိုင်မှသာ ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့လည်း သဟဇာတဖြစ်ပြီး အမျိုးသားရေးလက္ခဏာတွေလည်း မပျောက်မပျက် ဘဲနဲ့ ရေရှည်အာမခံချက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်တည်ဆောက်ရေးကို အကောင် အထည်ဖော်တဲ့အခါမှာ ဒီမိုကရေစီစနစ်ရှင်သဖွံ့ဖြိုးစေဖို့ကော တိုင်းပြည်ရဲ့ နဂိုမူလတန်ဖိုးတွေကို မြှင့်တင်နိုင်ရေး နှစ်ခုစလုံးကို အာရုံစိုက်ပြီးတော့ ထွန်းကားလာရေးကို ရည်မှန်းနိုင် ဖြစ် “နိုင်ငံတိုင်းမှာ မတူညီတဲ့တန်ဖိုးတွေရှိနေတယ် ဆိုတာကို လက်ခံကြရပါလိမ့်မယ်။ နဂိုရှိရင်းခဲ့တန်ဖိုး တွေကို ပုံပျက်ပန်းပျက်အဖြစ်ခံမယ်ဆိုရင် တစ်နည်း အားဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ဖို့ မေ့လျော့နေကြမယ်ဆိုရင် ဒီတန်ဖိုးတွေနဲ့ လိုက်လျော ညီလေ့ရှိတဲ့ နိုင်ငံရေးစနစ်ပုံစံ၊ စီးပွားရေးစနစ်ပုံစံကို အတင်းဖတ်သလို အခြားတစ်နေရာမှာ အောင်မြင် တည်ဆောက်ဖို့ ကြိုးစားဘဲ မတော်တဲ့ဝတ်စုံ သွတ်သွင်းမယ်ဆိုရင် ကိုယ့်နဂိုတန်ဖိုးတွေလည်း ထိခိုက်ပျက်စီး မှာဖြစ်သလို နိုင်ငံရေး၊ စီးပွားရေးစနစ်အသစ်ကိုလည်း အောင်မြင်အောင်တည်ဆောက်လို့ ဘယ်လိုမှ မရနိုင်ပါဘူး။
ဒီမိုကရေစီစနစ်အတွက် လိုအပ်တဲ့နိုင်ငံရေး ယဉ်ကျေးမှု ရေခံမြေခံကိုရရှိဖို့ ကိုယ့်တိုင်းပြည် တည်ဆောက်ရေးကို နည်းစနစ်တကျ လုပ်ကိုင် ရမယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် တိုင်းပြည်တစ်ခုရဲ့ ရှိရင်းစွဲတန်ဖိုးတွေကို ကောင်းမွန်သည်ထက် ကောင်းမွန်အောင်တည်ဆောက်တာက ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ နိုင်ငံရေးယဉ်ကျေးမှု ရေခံမြေခံကို တည်ဆောက်ရာ လည်း ကျတယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဥပမာ အားဖြင့် လူ့ အဖွဲ့အစည်း ငြိမ်းချမ်းသာယာ စည်ပင် ပြောစေရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗြဟ္မစိုရ်လေ (မေတ္တ၊ ကရုဏာ၊ မုဒိတာ၊ ဥပေကွာ) ကိုပါးစပ်ပြောမဟုတ်ဘဲ၊ ဟန်ပြသက်သက်မဟုတ်ဘဲ လူအများရဲ့ စိတ်နေသဘောထားတွေအတွင်း အမှန်တကယ် နက်နက်ရှိုင်းရှိုင်း ကိန်းဝပ်စေ ရေးကိုဆောင်ရွက်နိုင်ရင် ဒါဟာ တိုင်းပြည်ကိုကောင်းအောင် တစ်ဖက်ကတည်ဆောက် တာဖြစ် သလို တစ်ဖက် မှာလည်း ဒီမိုကရေစီစနစ်နဲ့ အဝင်ခွင်ကျဖြစ်တဲ့ နိုင်ငံသားတို့ ထားရှိ အပ်သော စိတ်နေသဘောထား (Democratic Attitude) ကို ခိုင်မာအောင် တည်ဆောက်တာလည်း ဖြစ်တယ်။ ဒါကို ဒီမိုကရေစီနဲ့ အဝင်ခွင်ကျဖြစ်စေမယ့် နိုင်ငံရေး တဲ့လုပ်ဆောင်ချက် ဖြစ်တယ်လို့လည်း မှတ်ယူ သည်ကျေးမှုတစ်ရပ် အမြစ်လှယ်နိုင်စေရေး ဦးတည် ရနိုင်ပါတယ်။
စပါးပင်စိုက်ဖို့အတွက် စပါးလင်ရှင်သန်ဖွံ့ဖြိုးနိုင် မယ့် ရေခံမြေခံမျိုးရှိဖို့လိုသလို စပျစ်သီစိုက် ဖို့အတွက်
ပျစ်ပင်ရှင်သန်ဖွံ့ဖြိုးနိုင်တဲ့ရေခံမြေခံကို ရွေးချယ် ရပါတယ်။ စပျစ်ပင်စိုက်မယ့် ရေခံမြေခံမှာ စပါးပင်စိုက်ဖို့ကြိုးစားရင် ဘအကျိုးဖြစ်ထွန်းစရာ အကြောင်းမရှိပါဘူး။ ဒီမိုကရေစီစနစ်အတွက် အကောင်းဆုံး ရေခံမြေခံဖြစ်တဲ့ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှုကို မဖြစ်မနေပြုပြင်ဖန်တီးကြဖို့ ဖြစ်ပါ တယ်။ နိုင်ငံအများအပြားမှာ ဒီမိုကရေစီစနစ် တည်ထောင်တဲ့အခါ အောင်မြင်ခြင်း၊ ကျရှုံးခြင်း ဆိုတာဟာနိုင်ငံရေးယဉ်ကျေးမှုကို ဒီမိုကရေစီစနစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြုပြင်နိုင်တာ မပြုပြင်တည်ဆောက်ရေးကို အလေး ထားတာ၊ မထတအပေါ်မှာပဲ စဉ်စသတည်မှီတယ် လို့ ပြောရမှာ ဖြစ်ပါတယ်။
“ နိုင်ငံရေယဉ်ကျေးမှုဖြစ်
တိုင်းပြည်တည်ဆောက်ရေးဖြစ်စဉ် (The Process of Nation Building com နိုင်ငံသားတွေအားလုံးမှာ တူညီတဲ့ ဝိသေသ Common Identity) Gåccececom တိုင်းပြည်ချစ်မှု (Patriotism)နဲ့ သွေးစည်းညီညွတ်မှု (Solidarity) ကို ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစား တည်ဆောက်တာကို ဆိုလိုပါတယ်။ အဓိက ဦးတည်ချက်ကတော့ အမျိုးသားညီညွတ်ရေး (National unity)နဲ့ အဲဒီညီညွတ်ရေးကို ကောင်းစွာ အခြေခံတဲ့ ပေါင်းစည်းညီညွတ် သဟဇာတမျှတစွာ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ အဖွဲ့အစည်း (Integrated Developed Society) ဖြစ်ပေါ်လာနိုင်ရေးပဲ ဖြစ်ပါ တယ်။ တိုင်းပြည်တည်ဆောက်ရေးဆိုတဲ့ စကားရပ် ဟာ အနောက်တိုင်းမှာ လူ့ အဖွဲ့အစည်းတွေမှာ စတင်ခေတ်စားလူကြိုက်များခဲ့တဲ့ Nation Building ဆိုတဲ့ စိတ်ကူးစိတ်သန်း (Concept) ကို အခြေခံ ခဲ့တာဖြစ်ပြီး အချို့သော သဘောတရား မကြေညက်သူ၊ နိုင်ငံရေးပြောဆိုသူတွေ စွပ်စွဲသလို ဒီမိုကရေစီနဲ့ အ လုံမှားယွင်းတဲ့ ယူဆချက် ဖြစ်ပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးနဲ့ တိုင်းပြည် ခွန်စိုက်မလုပ်ကြဘဲနဲ့ ဒီမိုကရေစီဖြစ်ထွန်း ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရှိနေတိုင်း၊ ရွေးကောက်ပွဲတွေ ပုံမှန်ကျင်းပနေတိုင်း နိုင်ငံသားတွေ လွတ်လပ်စွာ မဲပေးခွင့်ရတိုင်း ဖြစ်နိုင်တဲ့ကိစ္စ လုံးဝမဟုတ်ပါဘူး။ နိုင်ငံတော် အမှာ၊ နိုင်ငံရေးစနစ်အပေါ်မှာ လွတ်လပ်ခွင့် အပေါ်မှာ၊ နိုင်ငံသားရဲ့ တာဝန်တွေနဲ့ အခွင့်အရေး တွေအပေါ်မှာ နိုင်ငံသားတွေ အားလုံးက တော်တည်မှန်ကန်တဲ့ သဘောထားတွေ ထားရှိ နိုင်ရေးတစ်နည်းအာဖြင့် အဆင့်မီတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ဖြစ်တည်လာနိုင်ရေးအထွက်တိုင်းပြည် တည်ဆောက်ရေးကို စနစ်တကျ ကြိုးစား လုပ်ဆောင်နိုင်ကြမှသာ ဒီမိုကရေစီစနစ်ဆိုတာ မှန်မှန်ကန်ကန် ဖြစ်ထွန်းလာနိုင်မှာ ဖြစ်ပါတယ်။ ရေရှည်တည်တပြီး နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံး ရဲ့ ကောင်းကျိုးချမ်းသာကို အပြည့်အဝလွှမ်းခြုံတဲ့ ငြိမ်းချမ်းသာယာဝပြောရေးကို အပြည့်အဝ အာမခံ ချက်နိုင်တဲ့ နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ထွန်း နိုင်မှာဖြစ်ပါတယ်။
ဒီတော့ တိုင်းပြည်တည်ဆောက်ရေးကို နိုင်ငံရေးဦးတည်ချက်တစ်ရပ် (Folitical Crimrtation) မှန်မှန်ကန်ကန် ထိထိရောက်ရောက် လုပ်ဆောင်ကြမှသာ နိုင်ငံသားတွေစလုံး သွေးစည်းညီညွတ်လာနိုင်ပါလိမ့်မယ်။ နိုင်ငံသား တွေ အချင်းချင်း ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်မှာ ဖြစ်ပါတယ်။ သွေးစည်းညီညွတ်ရေးကို နိုင်ငံသား အားလုံးဆီမှာ အတူတကွ ဖြစ်တည်မယ့် ဝိသေသ (Commc identity)ကို နည်းလမ်းတကျ ဖြစ်ထွန်းစေခြင်းအားဖြင့်သာ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီ ညီညွတ်မှုကသာ တိုင်းပြည်အပေါ် သစ္စာစောင့်သိမှုတန်ဖိုးထားမှုတို့ကို ဖြစ်ထွန်းစေတေ ဒီသွေးစည်းညီညွတ်မှု အခြေခံအားဖြင့်သာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းသာယာဝပြောရေး ကို အာမခံချက်ပေးနိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုမှာ မတူကွဲပြားတဲ့နိုင်ငံရေးဆိုင်ရာ
ယုံကြည်ချက်တွေ၊ ဘာသာရေးဆိုင်ရာကိုးကွယ် ယုံကြည်မှုတွေ၊ လိုအင်ဆန္ဒတွေရှိနေတဲ့ အသိုင်းအဝိုင်းတွေ ပေါင်းစည်းပြီး လူ့အဖွဲ့ အစည်းတစ်ရပ် ရယ်လို့ ဖြစ်တည်နေလေ့ ရှိတာကြောင့် တိုင်းပြည် တည်ဆောက်ရေးကို စနစ်တကျ ထိရောက်အောင်ဆောင်ရွက် တဲ့နေရာမှာ စိန်ခေါ်မှုတွေ ဒုနဲ့ဒေး ရှိနေတတ်တာလည်း သဘာဝပဲဆိုတာ နအလည် သဘောပေါက်ထားဖို့ လိုအပ်ပြန်ပါသေးတယ်။ အဲဒီလို မတူကွဲပြားမှုတွေရှိလင့်ကစား တူညီတဲ့ဘုံ အကျိုးစီးပွား၊ ဘုံကကြ အံ့အနာဂတ်ဆိုတာ အသေအချာရှိနေကြောင်း အပြည့်အဝ ယုံကြည်မှု ရှိကြပြီး တူညီတဲ့အမျိုးသားတန်ဖိုး (National value) ကို နှစ်နှစ်ကာကာ ယုံကြည်ကြပြီဆိုတာနဲ့ မတူကွဲပြားမှုတွေကြားမှာ ညီညွတ်မှု (Unity in Diversity)ဆိုတာ ဖြစ်တည်လာတယ်လို့ ဆိုပါ တယ်။
အဲဒီအခြေအနေကို ရောက်တာနဲ့ တိုင်းပြည် တည်ဆောက်ရေးဆိုတာ ခရီးတစ်ခုပေါက် လို့ပြောနိုင်သလို သင့်တင့်ကောင်းမွန်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကလည်း ဖြစ်တည် လာပြီလို့ ဆိုရပါလိမ့်မယ်။ အဲဒီအခါကောင်းမွန်တဲ့နိုင်ငံရေး စနစ်တစ်ရပ် တည်ဆောက်ရေး ကောင်းသည်ထက် ကောင်းအောင်မင်းအထောင်ရေးဆိုတဲ့ ကိစ္စတွေ ဟာလည်း လွယ်ကူချောမွေ့လာနိုင်ပြီလို့ ဆိုပါတယ်။
ဒီတော့ ကိုယ့်ရေမြေသဘာဝ၊ ယဉ်ကျေးမှု တန်ဖိုးတွေ အစဉ်အလာကောင်းတွေကို အကောင်းဆုံးဖြစ်အောင် မျက်ခြည်မပြတ် အာရုံစိုက် ထားကြပြီး အင်မတနှံမှ စိန်ခေါ်မှုတွေ များပြားလှတဲ့ ရာစုနှစ်သစ်ထဲမှာ ကိုယ့်နိုင်ငံဟာ ကောင်းစွာ ရှင်သန်နိုင်ဖို့အတွက် အခွန်းမထွက်တဲ့ အတွေးအခေါ်တွေကို အခြေခံပြီး သင့်တော်
ကောင်းမွန်တဲ့ နိုင်ငံအရေးယဉ်ကျေးမှု၊ ရေခံမြေခံကောင်း တစ်ရပ်ပေါက်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို သေချာပေါက် အာမခံချက်ပေမယ့် နိုင်ငံရေးစနစ်
ကောင်းတစ်ရပ် အားကောင်းမောင်းသန် ဖြစ်ထွန်း လာစေရေးကို ဦးတည်ပြီး တိုင်းပြည်တည်ဆောက်ရေး အလုပ်ကို လက်တွေ့ ကျကျ နိုင်ငံသားအားလုံး စည်းလုံး ညီမတ်စွာနဲ့ တည်ဆောက်နိုင်ဖို့ တင်ပြ နှိုးဆော်လိုရင်း ဖြစ်ပါတယ်။
(၁-၃-၂၀၂၁ ရက်နေ့ထုတ် ရတနာပုံ သတင်းစာတွင် ဖော်ပြခဲ့သည့် ဝင်းပါးရှင် ပိုက်တင်၏ “တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံရေးယဉ်ကျေးမှု” ဆောင်ပါးကို ရတနာပုံ သတင်းစာအယ်ဒီတာအဖွဲ့နှင့် ဆောင်ပါ။ ရှင်တို့၏ ခွင့်ပြုချက်ဖြင့် ကူယူဖော်ပြခြင်း ဖြစ်ပါသည်။ တည်။)
ပိုက်တင်