Skip to main content

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတု

ကျွန်တော်တို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဟာ အခုအခါ (၇၅)နှစ်မြောက် စိန်ရတုကာလကို ရောက်ရှိလို့ လာပါပြီ။ ဖြတ်သန်းလာခဲ့တဲ့အတိတ်ကို ပြန်ပြောင်း ကြည့်မယ်ဆိုရင် ၁၉၄၆ ခုနှစ်မှာ “ဗမာ့အသံ” အဖြစ် စတင်ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာတော့ မြန်မာ့အသံလို့ ကင်ပွန်းတပ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှာတော့ “မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား” ဖြစ်လာခဲ့ပါတယ်။ ရုပ်မြင် သံကြားအနုပညာကို ပြည်သူအများ ကြည့်ရှုခံစားနိုင်ခဲ့ ကြတာကတော့ နှစ်ပေါင်း ၄၁ နှစ်ခန့် ရှိလာခဲ့ပါပြီ။

ရေဒီယိုကိုတော့ နှစ်ပေါင်း ၇၅ နှစ်မျှ သောတရှင် တွေ နားဆင်နိုင်ခဲ့ကြပြီးဖြစ်တာမို့ စိန်ရတု ကာလသို့ ရောက်ရှိလာပြီလို့ ပြောရတော့မှာ ဖြစ်ပါတယ်။ ။

ကာလကြာမြင့်လာတာနဲ့အမျှ ကျွန်တော်တို့ မီဒီယာရဲ့တန်ဖိုးဟာလည်း မြင့်တက်လို့လာခဲ့ပါပြီ။ အတွေ့ အကြုံတွေလည်း ပိုလာပါတယ်။ ခေတ်အဆက် ဆက်က ဖြစ်ရပ်တွေကို ပြည်သူတွေထံ တင်ဆက် နိုင်ခဲ့ပါတယ်။ ဗမာ့အသံဟာ လွတ်လပ်ရေးမရခင်ကတည်းက ပေါ်ထွက်ခဲ့တဲ့ဌာနကြီး ဖြစ်ပါတယ်။ ခေတ်စနစ် အမျိုး မျိုးပြောင်းလဲလာမှုနဲ့အမျှ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားဟာ လည်း အပြောင်းအလဲ အများကြီးကြုံတွေ့ ခဲ့ရပါတယ်။

စက်မှုနှင့် တင်ဆက်မှုနည်းသစ်တိုးတက်လာ

အစိုးရတိုင်းဟာလည်း ပြည်သူနဲ့ဆက်သွယ်တဲ့ ဆက်သွယ်ရေးယန္တရား လိုအပ်နေမှာဖြစ်သလို ပြန်ကြား ပေးဖို့၊ ပညာပေးဖို့၊ ဖျော်ဖြေပေး ဖို့ဟာလည်း ပြည်သူ့ အတွက် အရေးကြီးစွာ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။ စက်မှုဆိုင်ရာ နည်းပညာသစ်တွေ တိုးတက်လာ သလို အသံလွှင့်တင်ဆက်မှုတို့ဟာလည်း အခုအခါ ပိုမို

ကောင်းမွန်လို့ လာနေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုပ်သံထုတ်လုပ်မှုနဲ့ ထုတ်လွှင့်မှုဆိုင်ရာ ထူးချွန်ဆု၊ အသံလွှင့်နဲ့ ရုပ်မြင်သံကြားတင်ဆက်မှုဆိုင်ရာ ထူးချွန် ဆု၊ စက်မှုဆိုင်ရာထူးချွန် ဆု၊ရိုက်ကူးရေး ဆိုင်ရာထူးချွန်ဆု၊ စံပြဆုတွေကို တာဝန်ရှိသူတွေကိုယ်တိုင် ချီးမြှင့်လေ့ရှိပါ တယ်။ ဒါ့အပြင် ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ တွေကိုလည်း ဂုဏ်ပြုချီးမြှင့်လေ့ ရှိပါတယ်။ ဝတ်စုံစရိတ် တွေကိုလည်း ပေးအပ်ပြီး နှစ်ပတ်လည်အခမ်းအနား အတွက် ပံ့ပိုးပေးတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေကို ဂုဏ်ပြု မှတ်တမ်းတွေ ပေးအပ်လေ့ရှိပါတယ်။ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မှာ ဗလာမပါ ကံစမ်းမဲ တွေလည်း ဖောက်ပေးလေ့ ရှိပါတယ်။

အွန်လိုင်းခေတ်မှာ သတင်းအချက်အလက်ပေးတာ၊ အသိပညာပေးတာနဲ့ ဖျော်ဖြေတာတို့ဟာ လိုအပ်နေ ပါတယ်။ ခေတ်စနစ်နဲ့ အညီနည်းပညာတွေကိုအသုံးပြုပြီး တင်ပြပုံ၊ ပြောင်းလဲ ဆန်းသစ် တာတွေကို ဖော်ထုတ်လျက် ရှိတာ တွေ့ရပါတယ်။ အသွင်သဏ္ဌာန်တွေ ကွာခြား သွားနိုင်ပေမယ့်လို့ အတွင်း အနှစ်သာရကတော့ပြောင်းလဲမှုမရှိဘဲ အတတ်ပညာတွေ ပိုမို ဖြည့်ဆည်း ပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်နေကြပါတယ်။

စိန်ရတုသို့ရောက်လို့လာ

နိုင်ငံအတွက်၊ ပြည်သူ့အတွက် တတ်စွမ်းတဲ့ လုပ်ငန်းတာဝန်တွေကို ပိုမို ဖြည့်ဆည်းပြီး လေ့လာသင်ယူကြပြီး တန်ဖိုးကို မြှင့်တင်နေကြတာကိုလည်း တွေ့ရပါတယ်။ လုပ်ငန်းခွင်အတွင်း အာရုံစူးစိုက်လုပ်ကိုင်ခြင်းနဲ့ ကဏ္ဍအလိုက်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရင်း တိုးတက်မှုကိုရှာဖွေရင်း  အခုမြန်မာ့အသံ နှင့်ရုပ်မြင်သံကြား  ရဲ့ (၇၅) နှစ်ပြည့် စိန်ရတုကာလကို ရောက်ရှိလို့ လာပါပြီ။ ။

ဒီစိန်ရတုပွဲကိုလည်း ရုပ်ရှင်ရာပြည့်ပွဲတော်နဲ့ တက္ကသိုလ်ရာပြည့်ပွဲတော်တွေနည်းတူ ခမ်းနားစွာ ပြသနေ ပါတယ်။ (၇၅) နှစ်တာကာလအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ ဆောင်ရွက် ခဲ့တဲ့ ဖြတ်သန်းမှု ပုံရိပ်တွေ၊ ပစ္စည်းတွေနဲ့ အမှတ်တရတွေကို ပြသလျက်ရှိပါတယ်။ ကြိုတင် ပြီးတော့လည်း စိန်ရတု အတွက် အစီအစဉ်တွေ ထည့်သွင်းတင်ဆက်နေပါတယ်။ ဂုဏ်ယူဝင့်ကြွားစွာနဲ့ တင်ဆက်ပြသနိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးစားခဲ့ကြပါတယ်။

သွက်လက်ထက်မြက်တဲ့မီဒီယာလက်နက်

မြန်မာ့အသံဟာ မိမိရဲ့မီဒီယာစွမ်းအားနဲ့ ပြည်သူတွေကို မှန်ကန်တဲ့ အသိအမြင်၊ အတွေး အခေါ်တွေ၊ ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်တဲ့မျိုးချစ်စိတ်ဓာတ်တွေ ရှင်သန်ထက်မြက်နေစေဖို့ အမျိုးသားရေး အမြင်နဲ့ အစဉ်ကြိုးပမ်း ထုတ်လွှင့်လျက်ရှိပါတယ်။

ဒီကနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူတစ်ရပ် လုံးကို ပညာပြန့်ပွားစည်းရုံးလှုံ့ဆော် ထုတ်လွှင့်လျက်ရှိတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဟာ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ပဓာနကျပြီး သွက်လက်ထက်မြက်တဲ့ မီဒီယာပဲ ဖြစ်ပါတယ်။ ။

မြန်မာ့အသံဟာ မှန်ကန်တဲ့သတင်းတွေ၊ အစိုးရမူဝါဒ တွေ၊ သဘောထားတွေ၊ ကြေညာချက် တွေ၊ အမိန့်တွေ၊ ဥပဒေတွေ စတဲ့ထုတ်ပြန်ချက်တွေနဲ့ ပြည်သူကို ပြန်ကြား ပေးလျက်ရှိပါတယ်။ ဒါ့အပြင် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ၊ ဗဟုသုတဖြစ်ဖွယ်ရာတွေ၊ ဆင်ခြင်တုံတရားတွေ၊ အသိ တရားတွေနဲ့ ပြည့်ဝကြစေဖို့ ပြည်သူတွေကို ပညာပေးလျက်လည်းရှိပါတယ်။ ပြည်သူတွေ အပန်းဖြေနားနေကြတဲ့ အချိန်တွေမှာ စိတ်ကြည်နူးချမ်းသာမှု၊ စိတ်သက်သာမှု၊ စိတ်နှစ်သိမ့်မှု ရရှိစေဖို့ ဖျော်ဖြေမှုပေးဖို့ဆိုတဲ့ ဦးတည်ချက် သုံးရပ်နဲ့အညီ စီစဉ်ထုတ်လွှင့်လျက်ရှိပါတယ်။

နေရာဌာနပြောင်းတဲ့ မြန်မာ့အသံနှင့် ရုပ်သံ

မြန်မာ့အသံဟာ ၁၉၃၇ ခုနှစ် အင်္ဂလိပ်ခေတ်က ရန်ကုန် မင်္ဂလာဒုံကအထွက် ကျိုက္ကလို့စေတီမှ ကိုက် ၂၀၀ကျော်အကွာမှာရှိတဲ့ ဝိုင်ယာလက်နေရာမှာ စတင်အသံ လွှင့်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ရန်ကုန်မြို့ (၃၆) လမ်းရှိ ကြေးနန်းရုံးအောက်ထပ်မှာ စတူဒီယိုအခန်းဖွဲ့ပြီး အသံလွှင့် ခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ မြန်မာနိုင်ငံတော်အစိုးရ အသံလွှင့်ဌာန ဖြစ်လာခဲ့ပါတယ်။ ။

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ အင်္ဂလိပ်အစိုးရဟာ အသံလွှင့်ရုံကို သတင်းဝါဒဖြန့်ချိရေး အတွက် အသုံးချခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဗြိတိသျှတပ်တွေဟာ ဂျပန်တို့ ရဲ့ ထိုးစစ်ဆင်မှု၊ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ တိုက်ခိုက် မှုတို့ကိုမခံနိုင်တော့ဘဲတနင်္သာရီတိုင်းကစတင်ပြီး ဆုတ်ခွာ နေကြရပါတယ်။ ဒါ့ကြောင့် အသံလွှင့်ရုံကို ရန်ကုန်မြို့မှ မေမြို့ (အခုပြင်ဦးလွင်) ကို ပြောင်းရွှေ့ အသံလွှင့်ခဲ့ပါတယ်။

သတင်းထောက်တစ်ဦးဖြစ်တဲ့ ဂျပန်ပြည် တိုကျိုမြို့ က ဒေါ်သီရဲ့ အသံလွှင့်ချက်တွေနဲ့ ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်တို့က “မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်တွေကို မောင်းထုတ်ကြ” စတဲ့ ရဲရဲ တောက်တောက်  လှုံ့ဆော်ပေးတဲ့ဟောပြောချက်တွေကို ပုန်းလျှိုး ကွယ်လျှိုး အသံဖမ်းယူနား ထောင်ကြ တာက များပါတယ်။ ။

၁၉၄၂ ခုနှစ် ပြီလမှာ ဂျပန်လေတပ်က မန္တလေးနဲ့ မေမြို့ကို ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အသံလွှင့်တာကို  ရပ်လိုက်ရပါတယ်။

ဂျပန်တို့ ယူလာတဲ့ တစ်ကီလိုဝပ် အသံလွှင့်စက်ကို  ၁၉၄၂ ခုနှစ် ဩဂုတ်လမှာ ကမ္ဘာအေးစေတီအနီး ရေကူးရွာမှာထားပြီး ၂၆၃ မီတာနဲ့စတင်အသံ လွှင့်ခဲ့ပါတယ်။ အဲဒီလမှာပဲ ပိုကျယ်တဲ့ကမ္ဘာအေးစေတီလမ်းက ချင်းချောင်းနန်းတော်ကို ပြောင်း ရွှေ့ ပြီး အသံလွှင့်ခဲ့ပါတယ်။ ။

၁၉၄၅ ခုနှစ် မတ်လဆန်းမှစပြီး ဖက်ဆစ်တော်လှန် ရေး အတိအလင်းစခဲ့ပါတယ်။ ဧပြီလ ၂ ရက်နေ့ နံနက် ပိုင်းမှာ ဂျပန်စစ်တပ်က အင်ဂျင်နီယာတွေဟာ ရန်ကုန်ရှိ တံတားလေးနဲ့ ရေကူးရွာရှိ အသံလွှင့် စက်တွေ အားလုံးကို ဖျက်ဆီးလိုက်ကြပါတယ်။

ဖက်ဆစ်တော်လှန်ရေးမဆင်နွှဲမီက အသံလွှင့် လုပ်ငန်းတစ်ရပ်ကို ရန်ကုန်မြို့ နတ်မောက် လမ်းက ထုတ်လွှင့်ပေးခဲ့ပါသေးတယ်။ ဂျပန်တွေ ဆုတ်ခွာသွားတဲ့ အခါမှာ အဲဒီနေရာကနေပြီး “မြန်မာ့ တော်လှန်ရေး တပ်မတော်အသံလွှင့်ဌာန”လို့ နာမည်ပေးပြီး အသံလွှင့်ခဲ့ ပါတယ်။ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူလူထု အကြား အဆက်အသွယ်မပြတ်ဖို့အတွက် သတင်းတွေနဲ့ ဓာတ်ပြား သီချင်းတွေ ထုတ်လွှင့်ပေးခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် မေလဆန်းမှာ ဗြိတိသျှတပ်တွေ ပြန်ဝင်ရောက် လာချိန်မှာ ရပ်လိုက်ပါတယ်။

ထိုသို့ရပ်နားလိုက်ပြီး ရန်ကုန်မြို့ ရွှေတောင်ကြား ရပ်လောင်းဝစ္စလမ်း (ယခု အင်းလျား မြိုင်လမ်း) ကနေပြီး ရန်ကုန်ရေဒီယို(Rangoon Radio) လို့ အမည်ပေးပြီး အသံလွှင့်ပါတယ်။

တီထွင်ဆန်းသစ်လိုက်တဲ့ဦးခင်ဇော်

မကြာမီ ဗြိတိသျှတို့ရဲ့ စစ်အုပ်ချုပ်ရေးခေတ်ကနေ  ကတ်စ်ဘီခေါ်တဲ့ မြို့ပြဆိုင်ရာ အစိုးရ အုပ်ချုပ်ရေးခေတ် ကို ရောက်လာတဲ့အခါမှာ အသံလွှင့်လုပ်ငန်းဟာလည်း မြို့ပြအုပ်ချုပ်ရေး အောက်ကို ရောက်ရှိလာခဲ့တယ်။ အဲဒီ အခါမှာ မြို့ပြဆိုင်ရာအစိုးရဟာ အသံလွှင့်လုပ်ငန်းကို ကြီးမှူးဖွဲ့စည်း စီမံအုပ်ချုပ်ဖို့ အောအင်ဒီယား (All India)ရေဒီယိုမြန်မာပိုင်းအစီအစဉ်မှာ ၁၉၄၂ ခုနှစ်မှ ၁၉၄၄  ခုနှစ်အထိ၊ လန်ဒန်မြို့ရှိ BBC အသံလွှင့်ဌာန မြန်မာ ပိုင်းအစီအစဉ်မှာ ၁၉၄၄ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိတာဝန် ထမ်းဆောင်ခဲ့တဲ့ စာရေးဆရာ K အမည်ခံ ဦးခင်ဇော်ကို ပြန်ခေါ်ပြီး မြန်မာနိုင်ငံ အသံလွှင့်လုပ်ငန်း ညွှန်ကြားရေး ဝန်အဖြစ် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စတင် ခန့်အပ်ခဲ့ပါတယ်။

အသံလွှင့်လုပ်ငန်းဟာ သတင်း၊ ပညာပေးနဲ့ ဖျော်ဖြေရေး၊ တေးဂီတတွေနဲ့ ပေါင်းစပ် ဆောင်ရွက်ရတဲ့ လူထုဆက်သွယ်ရေးလုပ်ငန်းအဖြစ် ဦးခင်ဇော်က ခံယူပါ တယ်။ ဒါ့ကြောင့် စာပေစိတ်ဓာတ်ရှိတဲ့အနုပညာဝါသနာ ပါတဲ့ ပုဂ္ဂိုလ်တွေနဲ့လက်တွဲပြီး အသံလွှင့်လုပ်ငန်းကို တီထွင်ဆန်းသစ်ခဲ့ပါတယ်။ အနုပညာရှင်တွေနဲ့တိုင်ပင်ပြီး ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဗမာ့အသံ (Burma Broadcasting Service - BBS) 320 နာမကို ကင်ပွန်းတပ်ပြီး အသံလွှင့် လုပ်ငန်းကဏ္ဍသစ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဆရာဦးခင်ဇော်ဟာ မြန်မာ့အနုပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး မြန်မာ့အသံမှာ မြန်မာ့အသွင်၊ မြန်မာ့သဏ္ဌာန်၊ မြန်မာ့ဟန်တွေပါတဲ့  အစီအစဉ်ကဏ္ဍတွေကို တီထွင်ထုတ်လွှင့်ခဲ့ပါတယ်။

ဆရာဦးခင်ဇော်လက်ထက်မှာ ဗမာ့အသံဆိုတဲ့ နာမည် စတင်ပေါ်ပေါက်ခဲ့ချိန်ကစပြီး မြန်မာတိုင်းရင်းသား သောတရှင်တွေရဲ့ အကျိုးကိုရှေးရှုထုတ်လွှင့်နိုင်ခဲ့ပါတယ်။

အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်လွှင့်

 ဗမာ့အသံ စတင်ပေါ်ပေါက်လာတဲ့ ၁၉၄၆ ခုနှစ်က စပြီး အစီအစဉ်သစ်တွေတီထွင်ထုတ်လွှင့်ပြီး ဝန်ထမ်းတွေကိုလည်း လိုအပ်သလိုခန့်ထားခဲ့ပါတယ်။ လွတ်လပ် ရေးကြိုးပမ်းမှုအတွက် ပင်လုံသတင်းဦး၊ သတင်းထူး ကိုလည်း ထူးခြားစွာကြိုတင် စောစီးစွာ ပြန်ကြားနိုင်ခဲ့ ပါတယ်။ ဗမာ့အသံ စာစောင်တွေကိုလည်း အခမဲ့ဖြန့်ဝေ နိုင်ခဲ့ပါတယ်။ အသံလွှင့်စက်မှု လုပ်ငန်းလည်းတိုးတက် လာတယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီး တွေ ကျဆုံးတဲ့သတင်းကို အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်ခဲ့ တယ်။

ဒီလိုထုတ်လွှင့်တဲ့အခါ နောက်ဆုံးထုတ်ပြန်တဲ့ သတင်းကို ပြည်သူတို့ ရင်တထိတ်ထိတ်နဲ့ နားစွင့်နေ ကြရပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ ည ၇ နာရီ ၁၅ မိနစ်မှာ မြန်မာနိုင်ငံ ဘုရင်ခံ ဆာဟူးဘတ် ရန့်(စ်)က လောင်းဝစ္စလမ်းရှိ ဗမာ့အသံက အင်္ဂလိပ် ဘာသာနဲ့ အသံလွှင့်ပြောကြားခဲ့တဲ့ အသံလွှင့်ချက်ကို မြန်မာဘာသာပြန်ဆိုပြီး ဦးကျော်သိန်းက ဖတ်ကြား အသံလွှင့်ခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပပုံကို တိုက်ရိုက် ထုတ်လွှင့် ပေးနိုင်ခဲ့ပါတယ်။

ဝင်ဒါမီယာအသံလွှင့်ရုံ

လွတ်လပ်ရေးရပြီးနောက် ပြန်လည်ထူထောင်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ သောင်းကျန်းမှု နှိမ်နင်းရေးလုပ်ငန်းတွေမှာ ထိရောက်တဲ့သတင်းပေးဖို့တာဝန်ရှိလာပါတယ်။ ဒါ့ကြောင့် လက်ရှိအသံလွှင့်ရုံထက် ပိုကျယ်ပြီး လုံခြုံတဲ့ဝင်ဒါမီယာ အသံလွှင့်ရုံကို ၁၉၄၈ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှာ ပြောင်းရွှေ့ အသံလွှင့်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ရေကူးအသံလွှင့်စက်ရုံနဲ့ ပြည်လမ်း အသံလွှင့်ရုံသစ်တည်ဆောက်ရေးစီမံချက် စတင်ပါ တယ်။ အဲဒီအချိန်မှာ တပ်မတော်အသံနဲ့ အခြားအစီအစဉ်အသစ်တွေ တိုးချဲ့ ထုတ်လွှင့် ခဲ့ပါတယ်။ သတင်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်ပြန်ကြားပေး နိုင်ခဲ့ပါတယ်။

ဘောလုံးပွဲတိုက်ရိုက်အသံလွှင့်တာ၊ ပြည်လမ်း အသံလွှင့်ရုံသစ် စတင်တည်ဆောက်တာ၊ ဆဋ္ဌသင်္ဂါယနာပွဲကြီးမှ အမေး၊ အဖြေတွေအသံလွှင့်ပေးတာ၊ ရေကူးအသံလွှင့်စက်ရုံ သစ်ကြီး စတင်တည်ဆောက်တာ၊ ရေကူးအသံလွှင့်စက်ရုံကို ပြန်ကြားရေးဝန်ကြီး ဖွင့်လှစ်ပေးတာ၊ ပါလီမန်လွှတ်တော်က တိုက်ရိုက်အသံလွှင့်တာတွေကိုဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အတွင်း အိမ်စောင့် အစိုးရလက်ထက်မှာ ဗမာ့အသံကို မြန်မာ့အသံ အမည်သို့ စတင်ပြောင်းလဲအသံလွှင့်ခဲ့ပါတယ်။ ရေကူးအသံလွှင့်စက်ရုံ မှ တွဲဖက်အစီအစဉ်ကို စတင်ထုတ်လွှင့်ခဲ့ပါတယ်။ တွဲဖက် အစဉ်ကနေ ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓဝင်ဇာတ်ထုပ် သုံးထုပ်ကို ရေကူးအသံလွှင့်စက်ရုံမှာ အသံသွင်းပြီး ပြန်လည် ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် ဦးနုရေးတဲ့ လူထုအောင်သံဇာတ်လမ်းကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။သောတရှင်မဂ္ဂဇင်းကိုလည်း စတင်ထုတ်ဝေနိုင်ခဲ့တယ်။ နိုင်ငံရေးအဖွဲ့ အစည်းတွေကိုလည်း အသံလွှင့် ခွင့်ပြုခဲ့တယ်။

ပြည်လမ်းအသံလွှင့်ရုံသစ်ကြီး

၁၉၆၀ ပြည့်နှစ် အောက်တိုဘာလမှာ ပြည်လမ်း အသံလွှင့်ရုံ သစ်ကြီး တည်ဆောက်ပြီးစီးသွားပြီ ဖြစ်တယ်။ကောဇာသက္ကရာဇ် ၁၃၂ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် သောကြာနေ့၊ ခရစ်နှစ်အားဖြင့် ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့၊ ခဝဲပွင့်တုန်း၊ တန်ဆောင်မုန်း”လို့ ခေါ်ဆိုရမယ့် ခဝဲပန်းတို့ပွင့်ချိန်၊ ချမ်းတုံအေးစဆောင်းကာလ ဖြစ်ပါတယ်။ မင်္ဂလာရှိတဲ့ ဤနေ့ရက် ညနေ ၅ နာရီခွဲမှာ ပြည်လမ်းအသံလွှင့်ရုံသစ်ကြီး ဖွင့်ပွဲအခမ်းအနား ကျင်းပ ခဲ့တယ်။ အသံလွှင့်ရုံသစ်ကြီးကို နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက မိန့်ခွန်းပြောကြားပြီး ဖွင့်လှစ်ပေးခဲ့တယ်။

မြန်မာ့အသံ မူလအစီအစဉ်၊ ဒုတိယအစီအစဉ်၊ တိုင်းရင်းသားနဲ့ အင်္ဂလိပ်ပိုင်း အစီအစဉ် ကဏ္ဍအားလုံးကို အဲဒီနေ့ညက စတင်ပြီး ပြည်လမ်းအသံလွှင့်ရုံသစ်ကြီးက အသံလွှင့်ခဲ့တယ်။

၁၉၆၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ကစပြီး ဘင်ခရာ တီးဝိုင်းနဲ့ အတီးသက်သက်သာ တီးမှုတ်ထားတဲ့ နိုင်ငံတော် သီချင်းဓာတ်ပြားအသစ်ကို စတင်အသုံးပြုထုတ်လွှင့်ခဲ့တယ်။

တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်အစီအစဉ်များ

၁၉၆၂ ခုနှစ်မှာ တော်လှန်ရေး ကောင်စီရဲ့ မူဝါဒအရ မြန်မာ့အသံဟာလည်း တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ် ကော်မတီဖွဲ့ပြီး အစီအစဉ်တွေကို ဦးစားပေး ရှေ့တမ်းတင်ကာ အသံလွှင့်လာခဲ့တယ်။ “ပြည်သူ့အတွက် မြန်မာ့အသံ' ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုလည်း မြန်မာ့အသံမှာချိတ်ဆွဲခဲ့ပါတယ်။

မြန်မာ့ရုပ်မြင်သံကြား

၁၉၄၆ ခုနှစ်က စတင်ခဲ့တဲ့ ဗမာ့အသနဟု အသံထုတ်လွှင့်ရေးနဲ့ လိုက်ပါလာတဲ့ လူထုဆက်သွယ် ရေးလုပ်ငန်းတစ်ရပ်ကတော့ဖြင့် မြန်မာ့ရုပ်မြင်သံကြားပဲ ဖြစ်ပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကို ၁၉၈၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့မှာ စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ပါတယ်။  ၁၉၈၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး ပုံမှန် စတင် ထုတ်လွှင့်ခဲ့ပါတယ်။ ။

၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဗမာ့ အသံဆိုတဲ့အမည်နဲ့ ပေါ်ပေါက်လာခဲ့တဲ့ အခု မြန်မာ့ အသံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ (၇၅) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့အသံရဲ့ သက်တမ်း (၇၅) နှစ်အတွင်း ပြန်ကြားပေးရန်၊ ပညာပေး ရန်နဲ့ ဖျော်ဖြေပေးရန်ဆိုတဲ့ ဦးတည်ချက်သုံးရပ်နဲ့ရေဒီယိုနဲ့ ရုပ်မြင်သံကြားကတစ်ဆင့် နေ့စဉ်ရက်ဆက်  ပျက်ကွက်မှုမရှိ ပြည်သူကို အလုပ် အကျွေး ပြုခဲ့ပါတယ်။

အခုအခါ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဟာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ အစဉ်အလာ ကောင်း တွေကို ထိန်းသိမ်းကာ ဆန်းသစ်တီထွင်ပြီး ပြည်သူ့ အကျိုးပြုဝန်ဆောင်မှုလုပ်ငန်း တွေကို ပိုမိုဆောင်ရွက်  နေတာတွေ့ရပါတယ်။

သက်တမ်း (၇၅) နှစ်ကာလအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဟာ ပြည်သူကို အကျိုးပြုနိုင်ခဲ့ တာဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကြောင့် ဖြစ်ပါတယ်  ခင်ဗျာ။ ။

ကိုဖိုးအေး ( မြန်မာ့အသံ)