Oct 13, 2022
၁။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
Oct 12, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် အမျိုးသားစာကြည့်တိုက်ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄ ဖြင့် လည်းကောင်း၊ အမျိုးသားစာကြည့်တိုက် နည်းဥပဒေများကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၂)၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း ပြဋ္ဌာန်းခဲ့ပါသည်။
Oct 08, 2022
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေသတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၉-၂၀၂၂)
Oct 07, 2022
၁။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ဧရိယာတွင် Environmental Impact Assessment (EIA) Survey လုပ်ငန်းများအား MV.PACIFIC PANDA ဖြင့်ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၆ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၁၉ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊
Oct 07, 2022
ဥပဒေဘာသာပြန်ကော်မရှင် အမိန့်အမှတ် ၅ /၂၀၂၂ ထုတ်ပြန်
Oct 03, 2022
၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက် (၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်) တနင်္လာနေ့သည် “ဒီပါဝလီနေ့”ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့်
Oct 03, 2022
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ(၁၉)ရက်မှ (၂၅)ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ပါသည်။
Oct 01, 2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ စနေနေ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နံနက် ၀၈၄၅ နာရီခန့်၌ ရန်ကုန်-နေပြည်တော်လွိုင်ကော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY-AMLI လေယာဉ်အမျိုးအစား ATR-72 (600) သည် ခရီးသည် ၆၃ ဦး တင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရန် လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းနေစဉ် အကြမ်းဖက်သမားများက လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အားထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး ညာဘက်ပါးတွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါသည်။