Nov 09, 2023
ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအားလုံး၂၃-၁၁-၂၀၂၃ ရက်နေ့တွင် ဖွင့်လှစ်မည်
Nov 09, 2023
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်(၂၀၂၃ အောင်) (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို ၁၆-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ (စနေနှင့် တနင်္ဂနွေနေ့များအပါအဝင်) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံပြီး ၂၃-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများကို ၂၃-၁၁-၂၀၂၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
Nov 08, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁၈/၂၀၂၃ အရ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ ကျင့်သုံးရမည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရစစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ၊ မူပိုင်ခွင့်တရားရုံးကချမှတ်သည့်စီရင်ချက်၊ အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကိုစစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများအပ်နှင်းသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၆၁/၂၀၂၃)၊ (၉၆၂/၂၀၂၃)၊ (၉၆၃/၂၀၂၃)၊ (၉၆၄/၂၀၂၃)၊ (၉၆၅/၂၀၂၃) နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများစစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၉၇၃/၂၀၂၃) တို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်လိုက်သည်။
Nov 08, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁၇/၂၀၂၃ အရ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ ကျင့်သုံးရမည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ၊ မူပိုင်ခွင့်တရားရုံးက ချမှတ်သည့်စီရင်ချက်၊ အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၉၅၅/၂၀၂၃)၊ (၉၅၆/၂၀၂၃)၊ (၉၅၇/၂၀၂၃)၊ (၉၅၈/၂၀၂၃)၊ (၉၅၉/၂၀၂၃)နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများစစ်ဆေး စီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၉၆၀/၂၀၂၃) တို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်လိုက်သည်။
Nov 07, 2023
၁။ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ် သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရရှိသူများစာရင်းကို ၇-၁၁-၂၀၂၃ ရက်မှစတင်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ Website (www.moh.gov.mm), Facebook Page (Ministry of Health, Myanmar)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website (www.hrh.gov.mm) နှင့် သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကြေညာထားမည်ဖြစ်ပါသည်။
Nov 06, 2023
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း ( သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၀-၂၀၂၃)