Skip to main content

Jan 27, 2024

​​​​​​​၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

မြန်မာနိုင်ငံပြန်တမ်း

ဆက်လက်ဖတ်ရှုရန်

Jan 26, 2024

ပြဋ္ဌာန်းထားသောဥပဒေများ၏ မြန်မာဘာသာပြန်ဆိုချက် ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Jan 25, 2024

၁။      ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

၁။ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူအား ဖြိုချဖျက်ဆီးပြီး ဌာပနာများ ထည့်သွင်းပူဇော် ထားသည့် ရတနာများ ယူဆောင်သွားသည်ဟု စိတ်နှလုံး မချမ်းမြေ့ ဖွယ် ကြားသိရပါကြောင်းနှင့် ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်များအား ပြောင်ပြောင်တင်းတင်း စော်ကားနေမှုများအပေါ် လွတ်မြောက်ခြင်း အသင်းတော် (ရန်ကုန်) က လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

အကြမ်းဖက်သောင်းကျန်းသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးများပစ်ချတိုက်ခိုက်ခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုရားစေတီများအား အကာအကွယ်ယူ၍ ခံစစ်စခန်းများပြုလုပ် ကာ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခြင်း စသည်တို့ကို ကျုးလွန်လျက်ရှိရာ ယခုအခါ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်အား ဖြိုချဖျက်ဆီး ခဲ့ပြီး စေတီတော်အတွင်း ဌာပနာပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ရာ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓ ဆင်းတုတော်များအား ရိုင်းစိုင်းစွာ ဖြိုချဖျက်ဆီးလျက်ရှိပြီး ယခု အခါ၌လည်း TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား ဘက်ဟိုးဖြင့် ဖြိုချ ဖျက်ဆီးကာ စေတီအတွင်း၌ ဌာပနာထားသည့် ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ပစ်ခတ် ဖျက်ဆီးခြင်းများ ပြုလုပ်ခြင်းနှင့် ဘုရားစေတီများကို အကာ အကွယ်ယူပြီး ခံစစ်စခန်းများ ပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 23, 2024

၁။ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဗုဒ္ဓဘာသာဝင် တို့၏ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးများပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုရားစေတီများကို အကာအကွယ် ယူပြီး ခံစစ်စခန်းများပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည်တို့ကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်