နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
May 13, 2026
ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်းများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
May 13, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
May 13, 2026
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးသည့် အခြေခံတစ်ရပ်ဖြစ်သည်။ ပညာရေးကပင် လူ့စွမ်းအားအရင်းအမြစ်များကို တိုးတက်စေပြီး စီးပွားရေး၊ လူမှုရေး၊ နည်းပညာနှင့် နိုင်ငံရေးကဏ္ဍများအားလုံးကို တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ကာ နိုင်ငံ၏အနာဂတ်ကို တည်ဆောက်ပေးနိုင်သော အင်အားတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန်နှင့် လာမည့်ကျောင်းဖွင့်ရာသီတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး တပ်မတော်သားများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
May 13, 2026
၂၀၂၆−၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
May 13, 2026
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြုံတွေ့ပါက မှန်ကန်သော နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်စေရေး အသိပညာပေးခြင်းကို ယနေ့နံနက်က ကျေးရွာများသို့ ဆက်သွယ်သွားလာနေကြသည့် စျေးရပ်ကွက် သင်္ဘောဆိပ်နှင့် ကူးတို့ဆိပ်များတွင် ပြုလုပ်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် တပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများ ရေဘေးအန္တရာယ်ကြုံတွေ့ပါက အသက်ဆုံးရှုံးမှု မရှိစေရေးအတွက် အသက်ကယ်အင်္ကျီများ စနစ်တကျ ဝတ်ဆင်ပုံနည်းလမ်းများ၊ စက်လှေ၊ သင်္ဘောများတွင် (life jacket)၊ (life buoy) များ ပါရှိစေရေး စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 13, 2026
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာတို့က ရှင်းလင်းပြောကြားသည်။
May 13, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 13, 2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် တည်ရှိသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ဥရောပနိုင်ငံများမှ ခရီးသွားများ အများဆုံးအပန်းဖြေလည်ပတ်ခဲ့ကြောင်း ဝါးအလယ်ကျွန်းအပန်းဖြေစခန်းမှ သိရသည်။
နောက်ဆုံးရသတင်းများ
May 13, 2026Latest News
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက်
May 13, 2026Latest News
ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက်
May 13, 2026Latest News
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍
May 13, 2026Latest News
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးသည့် အခြေခံတစ်ရပ်ဖြစ်သည်။ ပညာရေးကပင် လူ့စွမ်းအားအရင်းအမြစ်များကို တိုးတက်စေပြီး စီးပွားရေး၊ လူမှုရေး၊ နည်းပညာနှင့် နိုင်ငံရေးကဏ္ဍများအားလုံးကို တိုးတက်
May 13, 2026Latest News
၂၀၂၆−၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ
ဆောင်းပါးကဏ္ဍ
May 13, 2026၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ပါသည်။
May 13, 2026ပဲပုပ်သည် နိုင်ငံအတွင်းထွက်ရှိသော ပဲမျိုးစုံသီးနှံများအနက် ပြည်ပနိုင်ငံ (အထူးသဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံ)များသို့ တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးနေသော သီးနှံတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသော ပဲမျိုးစုံသီးနှံများတွင် ပဲပုပ်သည် မြေပဲကဲ့သို့ စားသုံးဆီထုတ်လုပ်နိုင်သည့် သီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်ကို အထွက်တိုးအောင် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ပါက ပြည်တွင်းစားသုံးဆီဖူလုံမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်ကို လေ့လာချက်များအရ တွေ့ရှိရသည်။ ထို့အပြင် ပဲပုပ်ကြိတ်ဖတ်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် တောင်သူဦးကြီးများ ဝင်ငွေတိုးတက်မြင့်မားရေးအတွက် များစွာအထောက်အကူပြုမည့်သီးနှံလည်း ဖြစ်ပါသည်။
May 12, 2026ဂျုံသည် ကမ္ဘာ့နိုင်ငံအသီးသီးက စားသုံးကြသော သီးနှံတစ်မျိုးဖြစ်သည်။ ထို့ပြင် လူတို့အဓိကစားသုံးသော သီးနှံသုံးမျိုးရှိပြီးဂျုံမှာ လူအများစားသုံးမှု အများဆုံးသီးနှံသုံးမျိုးအနက် တစ်ခုအပါအဝင် ဖြစ်သည်။
May 11, 2026မွန်ပြည်နယ် မုဒုံမြို့ရှိ ဦးမောင်မောင်လွင်၏ ရော်ဘာခြံအတွင်း ပင်စည်လုံးပတ် လက်မ ၂၀ ကျော် ရော်ဘာပင်များက စီစီရီရီ ရှင်သန်ဖြစ်ထွန်းနေသည်။ တစ်ရက်ခြစ် တစ်ရက်နားစနစ်၊ တစ်ရက်ခြစ် နှစ်ရက်နားစနစ်တို့ဖြင့် ရော်ဘာအစေးခြစ်နေပြီဖြစ်၍ ဝင်ငွေရရှိနေပြီလည်းဖြစ်သည်။ အရည်အသွေးမြင့် ရော်ဘာရရှိစေရန်အတွက် အစေးစုစည်းသိမ်းဆည်းမှုကို သန့်စင်စနစ်ကျစေရန် ဦးမောင်မောင်လွင်ဦးစီးသော ခြံလုပ်သားအဖွဲ့က တက်ညီလက်ညီ လုပ်ဆောင်နေကြသည်။
May 11, 2026အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံမောင်းနှင်ပေးသည့် အင်အားတစ်ရပ်ဖြစ်ပြီး လုပ်သားများအတွက် အလုပ်အကိုင်အများဆုံးပေးနိုင်သည့်အပြင် ဒေသတွင်း စီးပွားရေးလည်ပတ်မှုကို အားကောင်းစေသော အဓိကအင်ဂျင်တစ်ခုလည်း ဖြစ်ပါသည်။
May 10, 2026မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ယနေ့အချိန်အထိတိုင်အောင် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေခဲ့သည်။ တွက်ကြည့်လျှင် နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းသေးဘဲ ဆိုးဆိုးရွားရွား ရုန်းကန်နေရသည်မှာ မိမိတို့တစ်နိုင်ငံတည်းသာကျန်ရှိတော့သည်ဟု ဆိုလောက်သည်။
