တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့အား အလုံးစုံပြန်လည် ထိန်းချုပ်ရရှိပြီးချိန်တွင် အစိုးရ၏အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရေး စသည်တို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။


Oct 22, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် မဲ့ထော်သလေး(KK Park) နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံခြားသားများအား စစ်ဆေးဖော်ထုတ်ထိန်းသိမ်းကာ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။

Oct 22, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ်)ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Oct 22, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၄/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။

Oct 22, 2025
ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ်ထုတ်လွှင့်မည်

Oct 22, 2025
အရာထမ်းငယ်သင်တန်း အမှတ် စဉ်(၁၃၅) သင်တန်းဖွင့်ပွဲကိုယနေ့ နံနက် ၇ နာရီခွဲတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)ရှိ ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

Oct 22, 2025
မွန်ပြည်နယ်အတွင်းတည်ဆောက်လျက်ရှိသည့် တံတားလုပ်ငန်းများကို ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Oct 22, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

Oct 22, 2025
နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဒီပလိုမာသင်တန်းအမှတ်စဉ်(၂) အပိုင်း(၂)(Diploma in International Public Sector Accounting Standards - Dip IPSAS) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
နောက်ဆုံးရသတင်းများ

Oct 22, 2025Latest News
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့အား အလုံးစုံပြန်လည် ထိန်းချုပ်ရရှိပြီးချိန်တွင် အစိ

Oct 22, 2025Latest News
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် မဲ့ထော်သလေး(KK Park) နယ်မြေများတွင်

Oct 22, 2025Latest News
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ်)ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင်

Oct 22, 2025Latest News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၄/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော တက်ရောက်အမှာစက

Oct 22, 2025Latest News
ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ်ထုတ်လွှင့်မည်
ဆောင်းပါးကဏ္ဍ
- Oct 22, 2025“နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရေးဟာ ပြည်ထောင်စုသား အားလုံးရဲ့မွေးရာပါတာဝန်ဖြစ်တာကြောင့် နိုင်ငံသူနိုင်ငံသားအားလုံးက စည်းလုံးညီညွတ်စွာနဲ့ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကိုဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားကြဖို့လိုတယ်။ တို့နိုင်ငံအတွက် အသက်တမျှအရေးကြီးတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို မောင်တို့မယ်တို့က အမိဖွံ့ဖြိုးရေးတက္ကသိုလ်မှာအတူတကွ ပညာသင်ကြားရင်းနဲ့ ရင်ထဲမှာစွဲမြဲခံယူကြပြီးဖြစ်တယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့်မောင်တို့၊ မယ်တို့အနေနဲ့ ဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်းများပီသစွာနဲ့ မိမိတို့တာဝန်ကျရာဒေသတွေမှာ တိုင်းရင်းသားပြည်သူများအကြား ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထွန်းကားလာပြီး တိုင်းရင်းသားအချင်းချင်းစည်းလုံးချစ်ခင်ညီညွတ်လာအောင် စည်းရုံးဆောင်ရွက်သွားကြပါလို့ မှာကြားလိုတယ်။”
- Oct 20, 2025၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ယူနက်စကို (UNESCO) ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အထွေထွေအစည်းအဝေး၌ “ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရေးအပေါ် သဘောတူညီချက်” သဘောတူစာချုပ်ကို အတည်ပြုခဲ့ရာ ယခုနှစ်တွင် ၂၂ နှစ်ပြည့်ပြီဖြစ်ပါသည်။ ၂၀၀၃ သဘောတူစာချုပ်သည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကို အသိအမှတ်ပြုသည့်အရေးပါသော မှတ်တိုင်ဖြစ်ပြီး ယူနက်စကိုက ၁၉၇၂ ခုနှစ်တွင် အတည်ပြုခဲ့သော
- Oct 20, 2025ဖွံ့ဖြိုးတိုးတက်မှုဟာ ဖြစ်ထွန်းမှုတွေ၊ အသစ်ဖန်တီးမှုတွေနဲ့ စည်စည်ကားကားရှိနေပေမယ့် စစ်ပွဲတွေကတော့ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ကိုပဲ ဦးတည်နေပြီး တွေ့သမျှမြင်ကွင်းကို အနိဋ္ဌာရုံတွေနဲ့ ပြည့်နေစေတော့တာပါပဲ။ စစ်နဲ့ကြုံလိုက်ရင် ရုပ်ဝတ္ထုမှန်သမျှဟာ ပျက်စီးသွားနိုင်တယ်။ လူအပါအဝင်သက်ရှိအရာမှန်သမျှကို အပြင်ဒဏ်ရာတွေများစွာဖြစ်သွား စေနိုင်သလို ကုသရခက်တဲ့ နက်နက်ရှိုင်းရှိုင်း ကြေကွဲစရာဝေဒနာတွေကိုပါ ဖြစ်သွားစေပါတယ်။
- Oct 19, 2025ဖွံ့ဖြိုးတိုးတက်မှုဟာ ဖြစ်ထွန်းမှုတွေ၊ အသစ်ဖန်တီးမှုတွေနဲ့ စည်စည်ကားကားရှိနေပေမယ့် စစ်ပွဲတွေကတော့ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ကိုပဲ ဦးတည်နေပြီး တွေ့သမျှမြင်ကွင်းကို အနိဋ္ဌာရုံတွေနဲ့ ပြည့်နေစေတော့တာပါပဲ။ စစ်နဲ့ကြုံလိုက်ရင် ရုပ်ဝတ္ထုမှန်သမျှဟာ ပျက်စီးသွားနိုင်တယ်။ လူအပါအဝင် သက်ရှိအရာမှန်သမျှကို အပြင်ဒဏ်ရာတွေများစွာဖြစ်သွားစေနိုင်သလို ကုသရခက်တဲ့ နက်နက်ရှိုင်းရှိုင်း ကြေကွဲစရာဝေဒနာတွေကိုပါ ဖြစ်သွားစေပါတယ်။
- Oct 19, 2025စာရင်းအင်းအချက်အလက်များသည် နိုင်ငံနှင့် ပြည်သူအားလုံး၏ အကျိုးအတွက် အဓိကအခန်း ကဏ္ဍမှ အထောက်အပံ့ပေးနေခြင်းကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့က ပထမဆုံး ကမ္ဘာ့စာရင်းအင်းနေ့ကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် စတင်ကျင်းပခဲ့ပါသည်။ ကမ္ဘာ့စာရင်းအင်းနေ့ကို ငါးနှစ်လျှင် တစ်ကြိမ် ကျင်းပရန် သတ်မှတ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ အခမ်းအနားများ ကျင်းပခဲ့ကြပါသည်။
- Oct 18, 2025ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)ကို စတင်တည်ထောင်ခဲ့သည့် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်အောက်တိုဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) အဖြစ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ဝင် နိုင်ငံအသီးသီး၌ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလေ့ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်အလေးထား ကျင်းပဆောင်ရွက် ပေးလျက်ရှိပါသည်။