ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့်နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။


May 07, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

May 07, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

May 07, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင် လီလောက်စေးမောင်းနှင်ပြီး လောက်စန်လိုက်ပါလာသည့် TOYOTA REVO ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၉၈ ကီလို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

May 07, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက မေ ၆ ရက် နံနက်ပိုင်းတွင် Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
May 07, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

May 07, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကိုနေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး မေ ၆ ရက်တွင် ၃၇ ရက် မြောက်အဖြစ် ဈေးကားကိုးစီးဖြင့် လှည့်လည်ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
May 07, 2025
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၅)

May 07, 2025
မန္တလေးငလျင်ဘေးသင့် ဝန်ထမ်းများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ကုန်ခါနန်တရုတ်နှစ်ခြင်းအသင်းတော်က ငွေကျပ် သိန်း ၅၀၊ ဆန်နှစ်ပြည်အိတ် ၅၀ နှင့် မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက် အကူပြုဗဟိုကော်မတီက ငွေကျပ် ၁၀ သိန်းတို့ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန DMC ရုံး၌ ပေးအပ်လှူဒါန်းသည်။
နောက်ဆုံးရသတင်းများ

May 07, 2025Latest News
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့်နိုင်ငံတော်အတွ

May 07, 2025Latest News
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိ

May 07, 2025Latest News
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတ

May 07, 2025Latest News
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင် လီလောက်စေးမောင်းနှင်ပြီး လောက်စန်လိုက်ပါလ

May 07, 2025Latest News
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက မေ ၆ ရက် နံနက်ပိုင်းတွင် Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရ
ဆောင်းပါးကဏ္ဍ
- May 07, 2025ဒီနှစ်က လက်ရှိရုရှားနိုင်ငံရဲ့ ယခင်ပြည်ထောင်စုကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အနှစ်(၈၀)ပြည့် အောင်ပွဲအထိမ်းအမှတ်နှစ်ဖြစ်ပါတယ်။ နှစ်စဉ် မေလ ၉ ရက်မှာ ကျင်းပလေ့ရှိတဲ့ အောင်ပွဲနေ့အခမ်းအနားက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ပြည်သူများအတွက် အလွန်နက်ရှိုင်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ဒီစစ်ပွဲကြီးရဲ့အမှတ်တရက နိုင်ငံရဲ့သမိုင်းကြောင်းမှာ ရဲစွမ်းသတ္တိရှိမှုနဲ့ ဝမ်းနည်းစရာကောင်းမှုဆိုတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ကျွန်တော်တို့ရဲ့ စိတ်ထဲ၊ နှလုံးသားထဲမှာ တည်ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီနဲ့ သူတို့ရဲ့ဥရောပ အဆွယ်အပွားတွေကို ချေမှုန်းနိုင်ခဲ့တဲ့ ဒီစစ်ပွဲကြီးမှာ လူသားမျိုးနွယ်စုတစ်ခုလုံးကို ခြိမ်းခြောက်လာ တဲ့ရန်သူတွေကို တိုက်ခိုက်ခြင်းဖြင့် အသက်ပေးလှူခဲ့ကြရသူ ဆိုဗီယက်စစ်သည်နဲ့ အရပ်သားစုစုပေါင်း ၂၆ သန်းကျော်ရှိပါတယ်။ နှစ်ကာလတွေ မည်မျှပင်ကြာမြင့်လာသည်ဖြစ်စေ မေလ ၉ ရက်ကတော့ ရုရှားပြည်သူများအတွက် အောင်မြင်မှု၊ အမှန်တရားအတိုင်း အောင်နိုင်မှုနဲ့ ခံနိုင်ရည်ဇွဲ၊ လုံ့လတို့ကိုဖော်ကျူးနေတဲ့ အရေးအကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံးသော နေ့ရက်တစ်ရက်အဖြစ် ထာဝရတည်ရှိနေမှာပါ။
- May 02, 2025ဒီမိုကရေစီ အမည်ယူထားသော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် မဲမသမာမှုများ ပြည့်နှက်ခဲ့သော ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏တန်ဖိုးများကို အမှန်အကန်ပြသခဲ့သည်ဟု ဆိုနိုင်ပါသလား။ ပြည်ပငွေကြေးအထောက်အပံ့ဖြင့် တန်ဖိုးသင့်ခဲ့သော ဒီမိုကရေစီတစ်နည်းပြည်ပသြဇာခံဒီမိုကရေစီဆိုသည်မှာ စစ်မှန်သောဒီမိုကရေစီ မည်သို့ဖြစ်နိုင်ပါမည်နည်း။
- Apr 30, 2025နိုင်ငံတစ်နိုင်ငံဟာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးစတဲ့သဘာဝဘေးအန္တရာယ်တွေ ကျရောက်ကြုံတွေ့ရတဲ့အခါမျိုးမှာ ကမ္ဘာ့နိုင်ငံ၊ အစိုးရနဲ့ အစုအဖွဲ့တွေအကြား ပုံမှန်အချိန်မှာရှိခဲ့တဲ့ နိုင်ငံရေးအရအဟန့်အတားနဲ့ အေးစက်တင်းမာမှုတွေကို လျစ်လျူရှုဘေးဖယ်ထားပြီး လူသားချင်းစာနာထောက် ထားခြင်းဆိုတဲ့ရှုထောင့်မှ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေနိုင်တဲ့ သံခင်းတမန်ခင်း လုပ်ငန်းစဉ်တွေကို သဘာဝဘေးအန္တရာယ် သံခင်းတမန်ခင်းလို့ သီအိုရီတွေက ညွှန်းဆိုထားရှိကြပါတယ်။
- Apr 29, 2025နိုင်ငံတစ်နိုင်ငံဟာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးစတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ကြုံတွေ့ရတဲ့အခါမျိုးမှာ ကမ္ဘာ့နိုင်ငံ၊ အစိုးရနဲ့ အစုအဖွဲ့တွေအကြား ပုံမှန်အချိန်မှာ ရှိခဲ့တဲ့ နိုင်ငံရေးအရ အဟန့်အတားနဲ့ အေးစက်တင်းမာမှုတွေကို လျစ်လျူရှုဘေးဖယ်ထားပြီး လူသားချင်းစာနာထောက်ထားခြင်းဆိုတဲ့ရှုထောင့်မှ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေနိုင်တဲ့ သံခင်းတမန်ခင်းလုပ်ငန်းစဉ်တွေကို သဘာဝဘေးအန္တရာယ် သံခင်းတမန်ခင်းလို့ သီအိုရီတွေက ညွှန်းဆိုထားရှိကြပါတယ်။
- Apr 29, 2025မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ဒါမှမဟုတ် နောက်နှစ်အစောပိုင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိတယ်။ မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲတွေကို ကိုယ့်ရဲ့စံတန်ဖိုးတွေနဲ့အညီသာ ကျင်းပသင့်ပါတယ်။ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲတွေရဲ့အဓိပ္ပာယ်ကို သူတို့ရဲ့အမြင်နဲ့ပဲ တင်းကျပ်စွာ သတ်မှတ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံတွေအပေါ် သူတို့ရဲ့ စံတန်ဖိုးတွေနဲ့လာပြီး ဆရာလုပ်နေကျ ကမ္ဘာ့နိုင်ငံအချို့ရဲ့ စွက်ဖက်မှုကို လက်ခံစရာ မလိုပါဘူး။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အလေးအနက်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် အဲဒီနိုင်ငံတွေက မြန်မာ့စံတန်ဖိုးနဲ့ ဓလေ့ထုံးတမ်းတွေကို နားလည်နိုင်မှာမဟုတ်ဘူး။ (Global South ဆိုတာ အာဖရိက၊ လက်တင်အမေရိက၊ အာရှတိုက်နဲ့ အရှေ့အလယ်ပိုင်း ဒေသတချို့မှာရှိတဲ့ နိုင်ငံတွေကို အဓိကအားဖြင့် ပြောတာပါ။)
- Apr 28, 2025ယနေ့ဧပြီလ ၂၈ ရက်နေ့ဟာ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ တစ်လတင်းတင်း ပြည့်မြောက်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီတစ်လတာအချိန်ကာလဟာ အစိုးရနဲ့ပြည်သူအားလုံးအတွက် သာမန်အချိန်ကာလတွေထက် စိတ်ရောကိုယ်ပါ ပိုပြီးပင်ပန်းရုန်းကန်ခဲ့ကြရတာကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ဒီလို ရုန်းကန်နေကြရပေမယ့်လည်း ငလျင်ဘေးဒဏ်သင့်ပြည်သူတွေဟာ ရှောင်လွှဲမရတဲ့ ဘေးအန္တရာယ်တွေပေါ်မှာ ဗုဒ္ဓတရားရဲ့ အဆုံးအမတွေနဲ့အညီ စိတ်ဓာတ်ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်း ကျော်လွှားနေမှုနဲ့အတူ အစိုးရနဲ့ပြည်သူတို့အကြား နားလည်ယုံကြည်မှုများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြားသိနေရပါတယ်။