Feb 28, 2026
၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
Feb 28, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 28, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွာသာကြီးရှိ Good Brother’s Co.,Ltd. လယ်ယာသုံး စက်ကိရိယာထုတ်လုပ်ရေးစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
Feb 28, 2026
နေပြည်တော် ဇေယျာသီရိ မြို့နယ်ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးသင်တန်းကျောင်း (AERDTC) ခန်းမ၌ (၁၀၃) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများ စုစုပေါင်း ၁၄၆ ဦး တက်ရောက်ကြပြီး တိုင်းဒေသကြီး /ပြည်နယ် အသီးသီးမှ စိုက်ပျိုးရေးပညာရှင် ၁၆၂ ဦးတို့က Zoom point (၁၀၀) မှ ပါဝင်တက်ရောက်ကြသည်။
Feb 28, 2026
မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 28, 2026
အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ အစိုးရအဖွဲ့ရုံး ဇဗ္ဗူသီရိခန်းမ၌ ကျင်းပသည်။
Feb 28, 2026
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ မီးဘေးလုံခြုံရေးအတွက် အထောက်အကူပြုစေမည့် မီးဘေးလုံခြုံရေးဆိုင်ရာ မီးငြှိမ်းသတ်စက်နှင့် မီးသတ်ပစ္စည်းများကိုင်တွယ်အသုံးပြု၍ မီးသတ်ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇)၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင်များဖြစ်သည့် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 28, 2026
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားစတူဒီယို(အေ)၌ ရန်ကုန် မြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက် အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံသည်။
Feb 28, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် လာအို-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ၊ လာအိုအမျိုးသားလွှတ်တော် ပြင်ပ ဆက်ဆံရေးဌာန၊ ဒုတိယဥက္ကဋ္ဌ Mr. Chanthavong SENEAMATMONTRY ဦးဆောင်သော ချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Feb 28, 2026
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 28, 2026
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ (၂၃) ကြိမ်မြောက်ကွန်ပျူတာ အသုံးချမှုဆိုင်ရာ နိုင်ငံတကာသုတေသန စာတမ်းဖတ်ပွဲဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ယမန်နေ့နံနက်ပိုင်းက Hybrid စနစ်ဖြင့်ကျင်းပသည်။
Feb 28, 2026
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ရှိ အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်၏ (၉၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက မြတ်စွယ်တော် ဘုရားတန်ဆောင်း၌ကျင်းပသည်။
Feb 28, 2026
ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေအရ ထိမ်းမြားခြင်းကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ထိမ်းမြားမှုမှတ်ပုံတင် အရာရှိချုပ်နှင့် ထိမ်းမြားမှု လိုင်စင်ရသူများ၏ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ In Person / Virtual စနစ်ဖြင့်ကျင်းပသည်။
Feb 28, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနက “နိုင်ငံခြားရေးမူဝါဒဖြင့် အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်ခြင်း”(Advancing National Interests through Foreign Policy) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
Feb 28, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက် ၃၈၄၊ ၃၈၅၊ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
Feb 28, 2026
နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ နိုင်ငံခေတ်မီရေး၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားတိုးတက်ရေးဟူသော ဝေါဟာရတို့နှင့် အနက်အဓိပ္ပာယ်အတူတူပင်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေးဟူသည် နိုင်ငံရေးသိပ္ပံပညာရှင်တို့၏ စကားရပ်ဖြစ်သည်။ ၎င်းကိုပင် လူမှုဗေဒပညာရှင်တို့က နိုင်ငံခေတ်မီရေးဟုသုံးစွဲကြပြီး စီးပွားရေးပညာရပ် ရှုထောင့်မှဆိုလျှင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးဟု ဆိုခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် အခြေခံအကျဆုံးသော အကြောင်းတရားသည် နိုင်ငံရေးဆိုင်ရာ အကြောင်းတရားများပင်ဖြစ်သည်ဟု ပညာရှင်အများက သဘောညီကြသည်။
Feb 27, 2026
ကချင်ပြည်နယ်၏ အဓိကလေကြောင်းဗဟိုချက်တစ်ခုဖြစ်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်မှုမြန်ဆန်စေရေးအတွက် များစွာအထောက် အကူပြုလျက်ရှိသည့် မြစ်ကြီးနားလေဆိပ်အား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် FPV Suicide Drone များအသုံးပြု၍ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိစေရန် ယုတ်မာပက်စက်သော ရည်ရွယ်ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် ဒေသခံပြည်သူများအပြင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးကပါ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ အဖွဲ့အစည်းအသီးသီးမှလည်း ကန့်ကွက်ရှုတ်ချလျက်ရှိကြရာ ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၆ ရက်တို့တွင်လည်း ကချင်ပြည်နယ်၊ ရခိုင်စာပေ နှင့်ယဉ်ကျေးမှုအသင်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ဇိုင်ဝါးစာပေနှင့်ရိုးရာ ယဉ်ကျေးမှုအသင်းတို့ကလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း အောက်ပါအတိုင်း သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။
Feb 27, 2026
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း (ROSCOSMOS)မှ အထွေထွေညွှန်ကြားရေးမှူးချုပ် H.E. BAKANOV Dmitry Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရှိတက္ကသိုလ်များ၌ ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး၊ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Feb 27, 2026
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။
Feb 27, 2026
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်စောက်၊ ကလော၊ ဟဲဟိုးနှင့် အောင်ပန်းမြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရပ်စောက်မြို့နှင့် ကလောမြို့တို့၌ ဖေဖော်ဝါရီ ၂၆ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။
