Mar 05, 2026
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 05, 2026
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း (၂၀၂၅) ဖြင့် ပူးပေါင်းဆောင်ရွက်သည့် “Establishing Myanmar’s Solar PV Industry Technical Standards and Solar PV Testing Center” စီမံကိန်းစတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ Hybrid စနစ်ဖြင့်ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျီဟုန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ အီလက်ထရောနစ် နည်းပညာသုတေသနဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာပညာရှင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 05, 2026
အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခအခြေအနေများကြောင့် စက်သုံးဆီတင်သွင်းမှုလမ်းကြောင်းတွင် အကျပ်အတည်းဖြစ်ပေါ်မှုများသည် ကမ္ဘာ့နိုင်ငံအသီးသီးကို ရိုက်ခတ်လျက်ရှိပြီး အထူးသဖြင့် ယင်းဒေသမှ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများကို အားပြုတင်သွင်းနေရသည့် အရှေ့တောင်အာရှနိုင်ငံများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ယင်းအခက်အခဲ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနေဖြင့် နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 05, 2026
Naypyitaw State Academy ၊ အင်္ဂလိပ်စာအထူးပြုဘာသာရပ် ပထမနှစ်မှ မဟာတန်းအထိ တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူ ၁၅၇ ဦး သည်အုပ်ချုပ်သူ ဆရာ ဆရာမ ၂၃ ဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်-တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ လာရောက်လေ့လာကြသည်။
Mar 05, 2026
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းနှင့် မတက်ရောက်နိုင်သည့် ကျောင်းနေ အရွယ်လွန်ကလေးများ၊ ကျောင်းပြင်ပရောက်ကလေးများနှင့် ဦးတည်အုပ်စုနှင့်ကိုက်ညီသည့် ကလေးများကို ဒုတိယအကြိမ်သင်ယူမှုအခွင့်အလမ်းဖန်တီးပေးသည့် တန်းညှိပညာရေး အစီအစဉ်၏ ကျောင်းပြင်ပ မူလတန်းပညာရေးသင်ကြားမည့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ခန်းမ၌ ကျင်းပသည်။
Mar 05, 2026
၂၀၂၆ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တိုင်းစစ်ဌာနချုပ်အဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုနေသည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှု အားပေးကြသည်။
Mar 05, 2026
(၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော် (ရေ) ဗဟိုအဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ် တပ်နယ်ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကွပ်ကဲမှုအောက် ဌာနချုပ်များ၊ ကျောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြသည်။
Mar 05, 2026
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ် ၃ ရက် ညနေ ၄ နာရီခွဲက လားရှိုးမြို့ အာရုံတော်ရပ်ကွက်ရှိ ဘရန်ဆိုင်း (ခ) အားရင် (၃၀) နှစ် ငှားရမ်းနေထိုင်သည့်နေအိမ်အား ဝင်ရောက်ရှာဖွေရာ
Mar 05, 2026
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ် ၃ ရက်က သီးပွင့်ဆဲဘိန်းစိုက်ခင်း ၆၈ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
Mar 05, 2026
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဖေဖော်ဝါရီ ၂၈ ရက်နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် ယောဘ (၂၁) နှစ်၊ ဘူတာရပ်ကွက် နောင်ချိုမြို့နယ်နေသူ မောင်းနှင်လာသော ISUZU D-MAX မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်
Mar 05, 2026
(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တပ်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ ကျွမ်းကျင်သူ (အရာရှိ)များ၊ သူနာပြု/ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊ အငြိမ်းစားအရာရှိကြီးများ၊ ရုရှားနိုင်ငံမှ ဆေးပညာရှင်များ၊ ထိုင်းဘုရင့်တပ်မတော်ဆေးတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံဆေးတပ်ဖွဲ့၊ လာအိုနိုင်ငံဆေးတပ်ဖွဲ့၊ ဘူတန်နိုင်ငံဆေးတပ်ဖွဲ့နှင့် အိန္ဒိယနိုင်ငံတို့မှ အရပ်ဘက်ဆေးပညာရှင်များ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
Mar 05, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပါမောက္ခများ၊ သုတေသနပညာရှင်များ၊ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Mar 05, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ နိုင်ငံခြားဘာသာတက္ကသိုလ်၌ မြန်မာ - ကိုရီးယား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အဖြစ် မြန်မာ-ကိုရီးယားပူးပေါင်း၍ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုအားပေးသည်။
Mar 05, 2026
(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၊ တပ်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် တာဝန်ရှိသူများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာတပ်မတော်နှင့် အရပ်ဘက်မှဆေးပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 05, 2026
အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ (၆) ဦးမြောက် ဒုတိယသမ္မတအဖြစ် ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် H.E. Mr. Try Sutrisno သည် ၂၀၂၆ ခုနှစ် မတ် ၂ ရက်တွင် ကွယ်လွန်ခဲ့ သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားနိုင်ငံသံရုံး၌ ဖွင့်လှစ် ထားသည့် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်၌ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်လက်မှတ် ရေးထိုးခဲ့သည်။
Mar 05, 2026
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက် ရွှေကျောင်းတော်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိကဗဟု ဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Mar 05, 2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။
