Skip to main content

Mar 05, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအရ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် စည်းကမ်းချက်များကို မတ်လ ၃ ရက်က အများပြည်သူသို့ အသိပေးထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။ ထိုသို့ထုတ်ပြန်လိုက်သည့်အတွက် အများပြည်သူများကြား၌ ဂယက်ရိုက်ခတ်မှုရှိမည်ဖြစ်သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ယခင်ကလည်းကြုံတွေ့ခဲ့ဖူးသဖြင့် စိုးရိမ်ပူပန်မှုကြီးကြီးမားမားမဖြစ်ဘဲ အခိုက်အတန့်အနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 05, 2026

စက်သုံးဆီကိစ္စ စိုးရိမ်ပူပန်ဖွယ်ရာမရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်သူသို့ အသိပေးထုတ်ပြန်လိုက်ပြီဖြစ်သည်။ သို့ရာတွင် လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေအရလည်းကောင်း၊ ဆက်လက်၍ ဖြစ်လာနိုင်ဖွယ်ရှိသည့် အခြေအနေများကို တွက်ဆ၍ လည်းကောင်း တတ်နိုင်သမျှ ခြိုးခြံချွေတာကြခြင်းဖြင့် လက်ထဲတွင်ရှိနေသည့် စက်သုံးဆီကို ရေရှည်ဆွဲဆန့်၍ အသုံးပြုကြခြင်းက အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

ဒီနေ့မှာတော့ မီဒီယာများမေးမြန်းနေကြတဲ့ စက်သုံးဆီကိစ္စနဲ့ပတ်သက်ပြီး ပြောကြားပါမယ်။ မနေ့ကတော့ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ အသိပေးပန်ကြားချက်ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို အဓိကထုတ်ပြန်ရတဲ့ အကြောင်းအရင်းကတော့ နံပါတ်တစ် ကျွန်တော်တို့နိုင်ငံမှာ အရန်စက်သုံးဆီ မရှိလို့မဟုတ်ပါဘူး။ ထပ်ပြောပါမယ်၊ အရန်စက်သုံးဆီမရှိလို့ ထုတ်ပြန်ခဲ့ခြင်း မဟုတ်ပါဘူး။ ရေရှည်ဖြစ်လာနိုင်တဲ့ကိစ္စတွေကိုတွက်ဆပြီးတော့ ကျွန်တော်တို့ ခြိုးခြံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ စနစ်တကျအသုံးပြုပြီးတော့ ကမ္ဘာမှာကြုံတွေ့နေရတဲ့ လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျဖြတ်သန်းနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ စာဆိုဗိမာန်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းခေါင်လမ်းရှိ အဆိုပါအဆောက်အဦ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

နေပြည်တော်ကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

အိန္ဒိယ-ရခိုင် သမိုင်းကြောင်း ဆက်နွှယ်မှုစာအုပ်မိတ်ဆက်ပွဲနှင့် ဓာတ်ပုံပြပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့် အိန္ဒိယယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

အလုပ်သမားဝန်ကြီးဌာန အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူစံပြစိုက်ခင်းတွင် စိုက်ပျိုးထားသည့် မျိုးမြှင့်တင် ရွေးချယ်ထားသော ၇၄ ရက်သားရှိသည့် ဆင်းရွှေကြာ-၂ နေကြာ စိုက်ခင်းနှင့် စပ်မျိုးပြောင်း ၁၄ မျိုး အချင်းချင်းမျိုးကူးစပ်ခြင်းနည်းဖြင့် ဆောင်ရွက်၍ ပြောင်းဖူး Composite မျိုးများရရှိရန် မွေးမြူခြင်းစိုက်ခင်း၊ ပန်းနှမ်း၊ ပဲယဉ်းနီ၊ ပဲပုပ်ရေဆင်း ၁၅ ပေါင်ဖော်ကြဲပက်စိုက်နည်းစနစ် စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အမှုထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ရုံးအမှတ် (၃၄) ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် အထူးအလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2026

(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ (Pre-Conference Workshop)ကို ယနေ့နံနက်ပိုင်းတွင် မေ့ဆေးပညာဌာနနှင့် ခွဲစိတ်ကုပညာဌာနတို့က ဦးဆောင်၍ အောင်ပန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ (ခုတင်-၇၀၀) မေ့ဆေးပညာဌာန၌ ပြုလုပ်ရာ ကလောတပ်နယ်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများနှင့် အခြားဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ စုစုပေါင်း ၃၄ ဦး တက်ရောက်ပါဝင်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်