မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ်၊မဟာမြိုင်ရပ်ကွက်(၂)၌ ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များအတွက် ထောက်ပံ့

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊မဟာမြိုင်ရပ်ကွက်(၂)၌ ယနေ့ နံနက် ၁၀ နာရီက နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက်(၁၈)ရပ်ကွက်အတွင်းရှိ ကျန်ရှိနေသေးသော ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ မဟာမြိုင်ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်သည်။

(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်တွင် ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် လူသစ်တန်း(အမျိုးသား/အမျိုးသမီး)စစ်တုရင်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပသည်။

ကျောက်ဆည်မြို့၌ ငလျင်ဘေးသင့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ကျောက်ဆည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သော ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများပေးအပ်ခြင်းကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်သည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာ ၌ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ ၁၄၄၂ ပိဿာ ရောင်းချပေး

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာ၌ ယမန်နေ့က ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် စားသုံးဆီအရောင်းဆိုင် ၆ ဆိုင်မှ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ ၁၄၄၂ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ သတ်မှတ်ကာလကျော်လွန်၍ စနစ်တကျမီးရှို့ဖျက်ဆီး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ သတ်မှတ်ကာလကျော်လွန်၍ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မွန်းလွဲ ၁၁ နာရီခွဲက နှမ်းကြီးကျေးရွာအုပ်စု၊ မြို့နယ်စည်ပင်သာယာ အမှိုက်စွန့်ပစ် သည့်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များအား သတ်မှတ်ကာလကျော်၍ စနစ်တကျ မီးရှို့ဖျက်ဆီး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များနှင့် မလိုအပ်သောစာရွက်စာတမ်းများ၊ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းကို ယနေ့နံနက် ၇ နာရီက တံတားဦးမြို့ အမှတ်(၃) ရပ်ကွက်၊ မကျည်းတောရပ် မီးသတ်ရုံးရှေ့၌ ဆောင်ရွက်ကြသည်။

ကျောက်ဆည်မြို့၌ ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ် မသုံးစွဲစေရေး ပြည်သူများအား Recycle Bag အိတ်များနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ‌မြေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်းများ လျှော့ချနိုင်ရေး ကျောက်ဆည်မြို့အတွင်းရှိ မီးပွိုင့်လမ်းဆုံများ၌ ယမန်နေ့နံနက်ပိုင်းက လမ်းသွား၊ လမ်းလာပြည်သူများအား Recycle Bag အိတ်များနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောပြီး ကဗျာရွတ်ဆိုပြင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေုဗဟိုဌာနတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကိုယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရုံးတွင်ကျင်းပကြောင်း သိရသည်။

မလှိုင်မြို့ မြို့မဈေးကြီး၌ မီးငြှိမ်းသတ်ခြင်းလက်တွေ့ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့၊ အမှတ်၄ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်မှုလေ့ကျင့်ပေးခြင်း၊ မီးငြှိမ်းသတ်ရေးယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့်မှတ်တမ်းများ ကာလစည်းကမ်းသက်တမ်းကျော်လွန်ပြီဖြစ်၍ မီးရှို့ဖျက်ဆီး

ငါန်းဇွန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထိန်းသိမ်းထားရှိ‌သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများနှင့် မှတ်တမ်းများသည် သက်ဆိုင်ရာလွှတ်တော်ရွေး‌ကောက်ပွဲနည်းဥပဒေ ၁၁၁(ခ)အရ ကာလစည်းကမ်းသက်တမ်းကျော်လွန်ပြီဖြစ်၍ ဖေဖော်ဝါရီလ (၁၀) ရက်နေ့နံနက် ၈ နာရီက ငါန်းဇွန်မြို့၊ မီးပြန်‌ချောင်း အရှေ့ဘက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး