ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာ ၌ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ ၁၄၄၂ ပိဿာ ရောင်းချပေး

ကျောက်ဆည် ဖေဖော်ဝါရီ ၁၁

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာ၌ ယမန်နေ့က ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် စားသုံးဆီအရောင်းဆိုင် ၆ ဆိုင်မှ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ ၁၄၄၂ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါစားအုန်းဆီများကို Resources Group Trading Co,Ltd မှ  စားအုန်းဆီ တစ်ပိဿာ ငွေ ၆၁၅၀ ကျပ် ဖြင့်ဝယ်ယူခဲ့ပြီး ပြည်သူများအား ရည်ညွှန်းဈေးတစ်ပိဿာ ငွေ ၇၂၅၀ ကျပ်ဖြင့် ဦးတင်လင်းအောင် (အမေထွား) ဆီအရောင်းဆိုင်မှ သင်္ဂတုံကျေးရွာပြည်သူများအား စားအုန်းဆီ ၂၂၀ ပိဿာ၊ ဒေါ်ကေဇာခိုင် (ဗိုလ်တစ်ထောင်) ဆီအရောင်းဆိုင်မှ အောင်ချမ်းသာကျေးရွာ ပြည်သူများအား စားအုန်းဆီ ၁၁၀ ပိဿာ၊ ဒေါ်သဇင်အောင် (နေလသုခ) ဆီအရောင်းဆိုင်မှ ရဲဘော်လေး၊ အနောက်သံရွာ ပြည်သူများအား စားအုန်းဆီ ၃၄၂ ပိဿာ၊ ဒေါ်သီတာ (စစ်ငြိမ်း) ဆီအရောင်းဆိုင်မှ ကြောင်းကျေးရွာ ပြည်သူများအား စားအုန်းဆီ ၂၂၀ ပိဿာ၊ ဒေါ်စန်းစန်းဌေး (နေလသုခ ၂ )ဆီအရောင်းဆိုင်မှ ကျောက်မဆစ်၊ မြေစိုကျေးရွာပြည်သူများအား စားအုန်းဆီ ၃၃၀ ပိဿာ၊ ဒေါ်သက်သက်မွန် (အနန္ဒဂုဏ်) ဆီအရောင်းဆိုင်မှ ငှက္ကတောင်၊ ကျောက်ဖျာကျေးရွာ ပြည်သူများအား စားအုန်းဆီ ၂၂၀ ပိဿာ အသီးသီးရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 သက်မောင် (ကျောက်ဆည်)