ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ သတ်မှတ်ကာလကျော်လွန်၍ စနစ်တကျမီးရှို့ဖျက်ဆီး

ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ သတ်မှတ်ကာလကျော်လွန်၍ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မွန်းလွဲ ၁၁ နာရီခွဲက နှမ်းကြီးကျေးရွာအုပ်စု၊ မြို့နယ်စည်ပင်သာယာ အမှိုက်စွန့်ပစ်သည့်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်‌အဖွဲ့ခွဲရုံးတွင် ထိန်းသိမ်းထားရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်၊ မဲစာရင်းနှင့် စာရွက်စာတမ်းများအား မီးရှို့ဖျက်ဆီးရေးဘုတ်အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်ခင်စောယုသင်း၊ အဖွဲ့ဝင် ဦးခင်မောင်ဌေး၊ ဦးကျော်သီဟ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မီးရှို့ဖျက်ဆီးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)