မချမ်းဘော ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီ၃၀မိနစ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို မချမ်းဘောမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံစောင့်တပ်ဖွဲ့မှလွှင့်တင်ကာ တက်ရောက်လာကြသော မြို့နယ်အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမြို့နယ်ဌာနဆိုင်ရာများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ရဲဘော်အပေါင်းအား အလေးပြုကြသည်။
ဆက်လက်၍ နံနက်၇နာရီ ၃၀ မိနစ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်အခမ်းအနားကို ဂူဘားခန်းမ၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ဖတ်ကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာယဥ်ကျေးမှုအဖွဲ့များ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)