အိမ်မဲ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေး ပန်းခြံတွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင် အခမ်းအနားကို ယနေ့နံနက် (၅) နာရီ (၃၀)မိနစ်အတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ခေါင်းဆောင်မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံတော်အား စုပေါင်းအလေးပြုခဲ့ကြသည်။
ချစ်သက်လယ် (ပြန်/ဆက်)