ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက်(၅)နာရီ မိနစ်(၃၀)က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါအလံတင်အခမ်းအနားတွင် နိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့မှ အလံတိုင်ထိပ်သို့လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ ရဲဘော်အပေါင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများက ဦးညွှတ်အလေးပြုခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)