အမြို့မြို့အနယ်နယ်သတင်းများ

Feb 13,2026
၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်‌အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ယမန်နေ့နံနက် ၅ နာရီ မိနစ် ၃၀ တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များက နိုင်ငံတော်အလံအား   တိုင်ထိပ်သို့လွှင့်ထူကာ တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်‌မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးမင်းသက်နှင့် အဖွဲ့၀င်များ၊ တက္ကသိုလ်/ ကောလိပ်များမှ ဆရာ၊‌ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေး‌ရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တက်ရောက်သောပြည်သူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
Feb 13,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Feb 13,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့နိုင်ငံတော်အလံတင်အခမ်းအနားနှင့် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ အလံတိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 13,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်စုပေါင်းရုံးခန်မ၌ ကျင်းပသည်။
Feb 13,2026
၂၀၂၆-ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို တံတားဦးမြို့ အမှတ်(၃) ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမရှေ့၌ ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ရာသို့ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ တက်ရောက်ပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။
Feb 13,2026
ပဲခူးတိုင်း၊ သာယာဝတီမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသေးစား၊ အလတ်စားနှင့်အငယ်စား MSMEs ဒေသထုတ်ကုန်စည်ပြပွဲအား ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက ခရိုင်အားကစားကွင်း၌ ဖွင့်လှစ်ခဲ့သည်။
Feb 13,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံလွှင့်တင်အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။