စဉ့်ကိုင်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ ၁၃

၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်‌အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ယမန်နေ့နံနက် ၅ နာရီ မိနစ် ၃၀ တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များက နိုင်ငံတော်အလံအား   တိုင်ထိပ်သို့လွှင့်ထူကာ တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်‌မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးမင်းသက်နှင့် အဖွဲ့၀င်များ၊ တက္ကသိုလ်/ ကောလိပ်များမှ ဆရာ၊‌ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေး‌ရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တက်ရောက်သောပြည်သူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားအစီအစဉ်ကို  နံနက်(၇)နာရီအချိန်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်‌မောင်က ဖတ်ကြားခဲ့သည်။ ၎င်းနောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများနှင့် အခြေခံပညာအလယ်တန်း၊ အထက်တန်း၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများ၊ (ဗဟိုအဆင့်နှင့်မြို့နယ်အဆင့်) လူရည်ချွန်ဆုရရှိသူတစ်ဦးတို့အား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်‌မောင်၊ အဖွဲ့၀င် ဗိုလ်မှူး မျိုးမင်းသက်နှင့် အဖွဲ့၀င်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော် အကအလှပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား (အခမဲ့) ဖြန်ဝေပေးခဲ့ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းများအား ပြသထားရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)