သာယာဝတီ ဖေဖော်ဝါရီ ၁၃
ပဲခူးတိုင်း၊ သာယာဝတီမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသေးစား၊ အလတ်စားနှင့်အငယ်စား MSMEs ဒေသထုတ်ကုန်စည်ပြပွဲအား ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက ခရိုင်အားကစားကွင်း၌ ဖွင့်လှစ်ခဲ့သည်။
ကုန်စည်ပြပွဲတွင် သာယာဝတီခရိုင်မှ အသေးစား၊အလတ်စားနှင့်အငယ်စား (MSMEs) လုပ်ငန်းရှင်များက ပြခန်းများဖွင့်လှစ်ပြသခဲ့ကြသည်။
ဒေသထွက်ကုန်များဖြစ်သည့် ဆပ်ပြာဆီ၊ ခြး၊ စကာ၊ စကော ခမောက်မျိုးစုံ၊ သစ်သီးယုံမျိုးစုံ၊ ပဲကြော်၊ အအေးဘူးမျိုးစုံ၊ မုန့်မျိုးစုံ၊ ယိုမျိုးစုံ၊ ရိုးရာအစားအစာများ၊ အသုံးအဆောင်ပစ္စည်းများအား ခင်းကျင်းပြသခဲ့ကြသည်။
ထို့ပြင် မင်းလှမြို့နယ်ထွက် ပရိဘောဂပစ္စည်းမျိုးစုံနှင့် အုတ်ဖိုမြို့ရှိ ခမောက်မျိုးစုံစသည့် ဒေသထွက်ကုန်အရောင်းဆိုင်များလည်း ခင်းကျင်းပြသရောင်းချကြောင်း သိရသည်။
ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေး၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မျိုးဇော်၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးခိုင်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်းတို့က ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် သာယာဝတီခရိုင်မှ ထွက်ရှိသော MSMEs ဒေသထုတ်ကုန်စည်ပြပွဲအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)