အမြို့မြို့အနယ်နယ်သတင်းများ

Feb 13,2026
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ကျင်းပသောရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပထမနေ့တွင် ပြည်သူများသည် မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်းအဖွဲ့လိုက် လာရောက်လည်ပတ်ကြပြီး ဈေးရောင်းပွဲတော်နှင့်ဂီတပွဲ‌တော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
Feb 13,2026
၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Feb 13,2026
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ်ရဲတပ်ဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကျင်းပခဲ့သည်။
Feb 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ အနော်ရထာရပ်ကွက် ဥက္ကံဈေး၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
Feb 13,2026
၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွှေတောင်စုရပ်ကွက်၊ ကျောက်တိုင်ကွင်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၂၂၅ ဦးခန့် တက်ရောက်ကြသည်။
Feb 13,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်‌မြောက်ပြည်ထောင်စုနေ့ အထိမ်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 13,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။