အမြို့မြို့အနယ်နယ်သတင်းများ

Feb 13,2026
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတို့ကို  အ.ထ.က (ကြို့ပင်ကောက်)ကျောင်း၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် နှင့် နံနက် ၇ နာရီအချိန်တို့က ကျင်းပပြုလုပ်ခဲ့သည်။
Feb 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ (၇၉)နှစ်မြောက်  ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စွမ်းအားခန်းမတွင် ယမန်နေ့ နံနက် (၇) နာရီအချိန်က  ကျင်းပခဲ့သည်။ 
Feb 13,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊  ကွန်ဟိန်းမြို့၌ (၇၉)နှစ်မြောက်  ပြည်ထောင်စုနေ့ အခမ်းအနားအား ယနေ့ နံနက် (၇:၀၀) နာရီက အမှတ်(၃) ရပ်ကွက်၊ နမ့်ပန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။   
Feb 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက အင်းစိန်မြို့နယ်၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။
Feb 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၇) နာရီအချိန်က မြို့သစ်ရပ်ကွက် အ‌ခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)နှင်းဆီခန်းမ၌ ကျင်းပခဲ့သည်။
Feb 13,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့ နံနက်(၇)နာရီအချိန်က ရွှေဘိုမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 13,2026
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၏ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအ‌လေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားတို့ကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ နံနက်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင်ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ အချိန်က တွံတေးမြို့နယ်၊(ခ)အဆင့်အားကစားရုံ၌ကျင်းပခဲ့သည်။