(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပထမနေ့ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ လာရောက်လည်ပတ်သူများပြား

ရန်ကုန် ဖေဖော်ဝါရီ ၁၃

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ကျင်းပသောရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပထမနေ့တွင် ပြည်သူများသည် မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်းအဖွဲ့လိုက် လာရောက်လည်ပတ်ကြပြီး ဈေးရောင်းပွဲတော်နှင့်ဂီတပွဲ‌တော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းရှိ စျေးတန်းများတွင် မီးအလှရောင်စုံများ၊ ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ MSME ဈေးဆိုင်ခန်းများတွင်မြန်မာ့အစားအစာမျိုးစုံနှင့် လက်ဆောင်ပစ္စည်းများ‌ ရောင်းချသည့်ဆိုင်ခန်းပေါင်း (၃၅၀) ခန်းကျော် ခင်းကျင်းပြသထားပြီး ဈေးသွားသူများအတွက် အနံ့အရသာနှင့် ပျော်ရွှင်ဖွယ်အတွေ့အကြုံများကို တစ်ပြိုင်နက်တည်း ခံစား‌စေရသည်။ ညပိုင်းတွင် မီးအလှတန်းများတောက်ပနေပြီး ဂီတဖျော်ဖြေမှုများကြောင့် ပြည်သူ့ရင်ပြင်အတွင်း ပြည်သူများ၏ အားပေးသံများဖြင့်အထူးစည်ကားနေသည်။

ထို့အပြင် နာမည်ကျော်အနုပညာရှင်များမှ တေးသီချင်းများဖြင့်ဖျော်ဖြေခဲ့ကြပြီး လူငယ်များနှင့် မိသားစုများအတွက် အလှပန်းခင်းများ၊ အလှမီးများနှင့်အလှဆင်ပြသထားပြီး ပြည်သူများ၏ပျော်ရွှင်သံများနှင့်အတူ MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတော်သည် အထူးစည်ကားလျှက်ရှိပြီး ပွဲတော်ကိုလည်း(၁၂-၂-၂၀၂၆ရက်မှ၁၅-၂-၂၀၂၆) ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)