ငါန်းဇွန် ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ်ရဲတပ်ဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကျင်းပခဲ့သည်။
ဆက်လက်၍ နံနက် ၇ နာရီအချိန်တွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းအတွင်းရှိ လောကနတ်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြိးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများက မြို့နယ်ရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား အလေးပြုခြင်း ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္က ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့ သော၂၀၂၆.ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်းကဖတ်ကြားခဲ့ပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းနှင့် မူလတန်းဆင့် ကဗျာ၊၊ စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသူကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး (ငါန်းဇွန်)