မဟာအောင်မြေ ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ 191 Report application ထည့်သွင်းပေးခြင်း၊ မီးသတ်စခန်း စစ်ဆေးခြင်းနှင့် မီးသတ်ရေလှောင်ကန်အသစ် တည်ဆောက်နေမှုများအား ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့ တစ်အိမ်တက်ဆင်း စစ်ဆေးရာတွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်းပန်းကုန်းရပ်ကွက်၌ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် 191 Report application ကို ပြည်သူများ အသုံးပြုရေး ကွင်းဆင်းထည့်သွင်းပေးခြင်းများကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ (စ)ရပ်ကွက် အရန်မီးသတ်စခန်းရှိ မီးသတ်ယာဉ်/ စက်ပစ္စည်းကိရိယာများ အသင့်ရှိမှု၊ ကြံ့ခိုင်ကောင်းမွန်မှုများ စစ်ဆေးခြင်းနှင့် လောကပါလအရန်မီးသတ်စခန်းတွင် မီးသတ်ရေလှောင် ကန်အသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ၎င်းနောက် မဟာအောင်မြေမြို့နယ်၊ အမရပူရမြို့နယ်၊ ချမ်းသာစံမြို့နယ်တို့တွင်လည်း တစ်အိမ်တက်ဆင်း စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီး ဦးစီးမှူးမှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း