အမြို့မြို့အနယ်နယ်သတင်းများ

Feb 18,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် သရက်ချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အဖွဲ့ဝင်များက ယနေ့နံနက် ၇ နာရီခွဲမှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာဈေးအတွင်းအပြင်နှင့် မြိတ်-ထားဝယ်ကားလမ်းမပေါ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်သည်။
Feb 18,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ကရသူရိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် 191 စတေကာများကပ်ခြင်းဖြင့် အသိပညာပေးဆောင်ရွက်မှုကို ဖေဖော်ဝါရီ ၁၈ရက် နံနက် ၈နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်သည်။
Feb 18,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ၌ တောင်သူ ဦးမွှေး စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Feb 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာကောင်းစံသာ(ရေကြည်)ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Feb 18,2026
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀)နာရီက  ပြသသည်။
Feb 18,2026
ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံသည် သမိုင်းရာဇဝင်များအရ  ခရစ်သက္ကရာဇ် ၁၀၈ ခုနှစ်မှစ၍ ပုဂံမြို့ပြတည်ထောင်ပြီး မင်း(၅၅)ဆက်တိုင် အုပ်စိုးခဲ့သောမြို့ပြနိုင်ငံ ဖြစ်ခဲ့သည်။ မြို့ပြနိုင်ငံဖြစ်ခဲ့ကြောင်း ယနေ့ထိတွေ့မြင်နိုင်သည့် ဘုရားစေတီပုထိုးများ၊ ဘာသာရေး ဆိုင်ရာသာသနိက အဆောက်အအုံများက သက်သေတည်လျက်ရှိသည်။ အဆိုပါ ဘုရား၊ စေတီ၊ ပုထိုးများနှင့်အတူ ကျောက်စာ၊မင်စာ၊အုတ်ခွက်စာ၊ အုတ်ခဲစာ၊ ခေါင်းလောင်းစာ စသည့် စာပေအထောက်အထားများပါ လေ့လာနိုင်သည်။ ၎င်းစာပေအထောက်အထား များသည် ယင်းတို့နှင့်ခေတ်ပြိုင် လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စာပေနှင့်ဓလေ့ထုံးစံများကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊စေတီ၊ပုထိုးများ နှင့်ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင်လေ့လာနိုင်ကြောင်းသိရသည်။
Feb 18,2026
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများ အားအခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယနေ့နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံအောက်ထပ်၌ ဆောင်ရွက်ပေးခဲ့သည်။
Feb 18,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးလက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။