ကရသူရိ ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ကရသူရိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် 191 စတေကာများကပ်ခြင်းဖြင့် အသိပညာပေးဆောင်ရွက်မှုကို ဖေဖော်ဝါရီ ၁၈ရက် နံနက် ၈နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်သည်။
ပူပြင်းသောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် လူစည်ကားရာနေရာများ၊ ခရီးသွားလာပြည်သူများ၊ ရပ်ကွက်နေပြည်သူများနှင့် ပြည်ထောင်စုလမ်းမကြီးတို့၌ မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် 191 စတေကာများကပ်ခြင်းဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကရသူရိပြန်/ဆက်