Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အောင်လံမြို့၌ Grade-12 ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားရေး Online သင်တန်းဖွင့်ပွဲ ကျင်းပ
Feb 18,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် Grade (စနစ်သစ်) ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားစေရန် ရည်ရွယ်၍ Online အောင်ချက်မြင့်မားရေးဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Feb 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး Online စနစ်ဖြင့် ဆွေးနွေးပို့ချပွဲသို့ ကံမမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၄၁၈)ဦး တက်ရောက်
Feb 18,2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် Online စနစ်ဖြင့် ဆွေးနွေးပို့ချပွဲကို ယနေ့နံနက်(၉)နာရီက စတင်ကျင်းပရာ ကံမမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ(၄၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ် စီကြီးကုန်းကျေးရွာ၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံမှုအသိပညာပေးဟောပြောပွဲကျင်းပ
Feb 18,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်၊ ရေပေါ်ကန်ကျေးရွာအုပ်စု၊ စီကြီးကုန်းကျေးရွာဓမ္မာရုံတွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံမှုအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 18,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ အသိပညာဗဟုသုတတိုးပွားရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီက သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်တုန်းမြို့ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ်၏ သာဓုကီဠနပူဇာသဘင် စီစဉ်ကျင်းပနိုင်ရန် အလှူငွေများလှူဒါန်း
Feb 18,2026
၁၃၈၇-ခုနှစ်၊ တပေါင်းလဆန်း (၁) ရက်၊ ယခုလ (၁၆) ရက်၊ တနင်္လာနေ့၊ နံနက်(၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမ ဈေးကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သက်တော် (၁၀၄) နှစ်၊ သိက္ခာတော်(၈၄)ဝါရှိ၊ သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ်၏ ဥတုဇရုပ်ကလာပ်တော်အား ယခုလ (၂၂) ရက်နေ့တွင် အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာသဘင် စီစဉ်ကျင်းပနိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိ…
Feb 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းမြို့၌ တည်ထားကိုးကွယ်လျှက်ရှိသော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ (တပေါင်းလဆန်း (၁) ရက်နေ့) တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပွဲတော်ကာလ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြားလျှက်ရှိပြီး အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးအများအပြား ပိုမိုလာရောက်ကြ၍ တည်းခိုဆောင်များပြည့်သည်အထိ လာရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးများ ဖြန့်ဝေပေးလျက်ရှိ
Feb 18,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား နွေစပါးများ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18
Page
19
Page
20
Page
21
Current page
22
Page
23
Page
24
Page
25
Page
26
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department