သံတောင်ကြီးမြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသ

သံတောင်ကြီး   ဖေဖော်ဝါရီ ၁၈

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀)နာရီက  ပြသသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေများ၊ ကလေးသူငယ်များ ၏အကျိုးစီးပွားဆောင်ရွက်ချက်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးကိုဥပဒေနှင့် အညီကာကွယ်စောင့်ရှောက်ရေး၊ကလေးအလုပ်သမားပပျောက်ရေးအတွက်ဆောင်ရွက်နေမှုများ၊ ကလေးအလုပ်သမားဆိုင်ရာ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ စသည့်အကြောင်းအရာများအားပြသပေးခဲ့ရာ ကျောင်းသူ/ကျောင်းသားများ၊ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုကြ ကြောင်းသိရသည်။

သံတောင်ကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများကျောင်းသူ/ကျောင်းသားများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါအားလျော်စွာအသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ