၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး Online စနစ်ဖြင့် ဆွေးနွေးပို့ချပွဲသို့ ကံမမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၄၁၈)ဦး တက်ရောက်

ကံမ ဖေဖော်ဝါရီ ၁၈

၂၀၂၆ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် Online စနစ်ဖြင့် ဆွေးနွေးပို့ချပွဲကို ယနေ့နံနက်(၉)နာရီက စတင်ကျင်းပရာ ကံမမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ(၄၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  Online စနစ်ဖြင့် ဆွေးနွေးပို့ချရာတွင်  မကွေးတက္ကသိုလ်မှ ဆရာ ဆရာများက Zoom Application ဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်ပြီး ဖေဖော်ဝါရီ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၃)ရက်တိုင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း(ကံမ) မြဝတီခန်းမတို့၌ နှစ်နေရာခွဲ၍ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း  မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ကျော်ဇေယျဝင်း(ကံမ)