အမြို့မြို့အနယ်နယ်သတင်းများ

Feb 18,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေး Online သင်တန်းကို ယနေ့နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်၌ ကျင်းပပြုလုပ်သည်။
Feb 18,2026
ရခိုင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ပိုင် သားဖွားခန်းအဆောက်အဦးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ အဆောက်အဦးရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများတွင် မီးလောင်မှု/ မီးလန့်မှုများမဖြစ်ပေါ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအားကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်ကစတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 18,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မကျည်းတန်းရပ်ကွက် ရွှေကျင်မူလတန်းကြို‌ကျောင်းတွင် “ကျောင်းမီးဘေးလုံခြုံရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြသခြင်း”ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
Feb 18,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ဝေဠုဝန် ပရိယတ္တိစာသင်တိုက်၌ (၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဝင်္ကဘာဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Feb 18,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြှင့်မာရေးအတွက် Face to face နှင့် Zoom Link ဖြင့် သင်ကြားခြင်းကို ဖေဖော်ဝါရီ (၁၈)ရက် နံနက်(၉)နာရီတွင် ပြုလုပ်သည်။