အမြို့မြို့အနယ်နယ်သတင်းများ

Feb 19,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နေ့လယ် ၂ နာရီက မြို့မဈေးနှင့် ရွှေတည်ဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း သရုပ်ပြသပွဲ ပြုလုပ်ခဲ့သည်။
Feb 19,2026
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများအရောက် စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 19,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။ 
Feb 19,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12  တက္ကသိုလ်ဝင်စာမေးပွဲ၊ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက် ဆွေးနွေးပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီက၊ စလင်းမြို့ အမှတ်(၁) အခြခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမနှင့် ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် (Online)ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
Feb 19,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများနှင့် စက်သုံးဆီအရောင်ဆိုင်များအား စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့သည်။
Feb 19,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူငယ်ဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုန၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော ”အမှန်တရားကို မြတ်နိုးသူ” စာအုပ်အား လေ့လာဖတ်ဖတ်ရှုကြပြီး ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၃နာရီက စာဖတ်ဝိုင်း ဆွေးနွေပွဲ ကျင်းပသည်။
Feb 18,2026
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ်တွင် ယနေ့နံနက်၉နာရီက မြို့မဈေးဝင်းအတွင်း သန့်ရှင်းသာယာရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ သန့်ရှင်းရေးဆောင်ရွက်သည်။
Feb 18,2026
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် နာတာရှည်အဆုတ်ရောဂါ စသည့်ရောဂါအခံရှိသူများအား အောင်ဆန်းအမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနမှ (Myanmar Anti-TB Association) (MATA) က အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာ သန်းထူးကို ဦးဆောင်၍ ဒေါက်တာသန်းထူးကိုနှင့် ဗိုလ်တထောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံက် ၉ နာရီမှ ၁ နာရီအချိန်ထိ အမှတ် ၁၀ ရပ်ကွက် 46 လမ်း မြို့နယ်ကျန်းမာရေးဌာနရုံးတွင် သွေးတိုးဆီးချိုလူနာများ၊ သက်ကြီးရွယ်အိုများ၊ တီဘီရောဂါသံသယရှိလူနာများအား ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ တီဘီရောဂါရှိမရှိ ဓာတ်မှန်ရိုက်၍ ရှာဖွေစစ်ဆေးပေးခြင်း၊ ဆီးချိုသွေးချိုလူနာများအား ဆေးပေးခြင်း၊ တီဘီရောဂါ ရှိမရှိ အခမဲ့ဓာတ်မှန်ရိုက်ပေးခြင်း၊ အခမဲ့စစ်ဆေးပေးခြင်းနှင့် လိုအပ်သော ဆေးဝါးကုသမှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။