တံတားဦး ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ အသိပညာဗဟုသုတတိုးပွားရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီက သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် သူငယ်တော်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) တာဝန်ခံကျောင်းအုပ်ဆရာကြီးက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများ လူငယ်များအနေဖြင့် ဗလငါးတန် ပြည့်ဝစေရန်နှင့် အနာဂတ်တွင် ခေါးဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် Social Media ၏ကောင်းကျိုး၊ ဆိုးကျိုးများ၊ အားလပ်ချိန်တွင် စာပေဖတ်ရှုလေ့လာရန်၊ လူငယ်များ သိသင့်သိထိုက်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား မှတ်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)