သုံးခွမြို့နယ် စီကြီးကုန်းကျေးရွာ၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံမှုအသိပညာပေးဟောပြောပွဲကျင်းပ

သုံးခွ ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်၊ ရေပေါ်ကန်ကျေးရွာအုပ်စု၊ စီကြီးကုန်းကျေးရွာဓမ္မာရုံတွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံမှုအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် သုံးခွမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ကိုကိုခိုင်က တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများ၊ ဇီဝလုံခြုံမှုနှင့် လုပ်ဆောင်ရမည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးဟောပြောသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်မှုများကို ပြန်လည်ရှင်လင်းဆွေးနွေးပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

စည်သူလင်း (ပြန်/ဆက်)