အမြို့မြို့အနယ်နယ်သတင်းများ

Feb 05,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနှမ်း (၂၂၈၃)ဧက စိုက်ပျိုးနိုင်ခဲ့​ပြီး စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
Feb 05,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို  ဖေဖော်ဝါရီလ(၄)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဒုတိယနေ့(အင်္ဂလိပ်)ဘာသာရပ်အားအေးချမ်းစွာ ဖြေဆိုလျက်ရှိ ကြေင်း သိရသည်။ 
Feb 05,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက ထိရောက်မြန်ဆန်စွာ မီးငြှိမ်းသတ်နိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိရာ ယနေ့နေ့လယ် ၁ နာရီအချိန်က မြို့မစည်ပင်သာယာဈေး၌ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။
Feb 05,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Feb 05,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Feb 05,2026
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Feb 05,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံအဖြစ်ဂျုံ၊ ကုလားပဲ၊ နေကြာ၊ မြေပဲ၊ နှမ်း၊ ထောပတ်ပဲ၊ ငရုတ်၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ကျွဲ/နွားစာနှင့် အခြားဟင်းသီးဟင်းရွက်အစရှိသည်တို့ စိုက်ပျိုးခဲ့ရာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။