အမြို့မြို့အနယ်နယ်သတင်းများ

Feb 05,2026
တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီက မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 05,2026
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့ပူး‌ပေါင်း၍ အခြေခံဓာတ်ပုံပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် (၉)နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
Feb 05,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာအုပ်စု ထန်းရှစ်ပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြသည်။
Feb 05,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျောက်ဆည်မြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူများအား အဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 05,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ဆီဖူလုံရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၂ ရက်က ပူတာအိုမြို့နယ်အတွင်း လယ်ယာမြေဧက ၁၀၀ တိုးချဲ့ဖော်ထုတ်ပေးနေမှု၊ နန့်ပလပ်ချောင်း သဲနှုန်းပို့ချမှုကြောင့် ချောင်းရှင်းလင်းရေးအတွက် သဲနှုန်းတူးဖော်ထားရှိမှုနှင့် ပျက်စီးဆုံးရှုံးခဲ့သော လယ်ယာမြေများ ပြန်လည်ဆောင်ရွက်ပေးနိုင်ရေးနှင့် ပူတာအိုလိဒ်အမျိုးသားအလွတ်တန်း အမှတ်ပေးဘောလုံးပြိုင်ပွဲတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
Feb 05,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
Feb 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှဘာသာရပ်အလိုက် သင်ကြားပို့ချသည့် အခမ်းအနားအား ဇန်နဝါရီလ ၃ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ပြုလုပ်ခဲ့သည်။
Feb 05,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံပြည်သူများနှင့် ခရီးသွားလာပြည်သူများ ယာဥ်အန္တရာယ်ကင်းဝေးစွာ သွားလာနိုင်ရေး ယာဥ်မောင်းနှင်သူများကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့အစည်းများဖြင့် ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီက အမှတ်(၂) ရပ်ကွက် ပြည်ထောင်စုကားလမ်းမကြီး၌ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။